ဝါးတန်းစင်တာတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆန်များရရှိ

ဝါးတန်းစင်တာတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆန်များရရှိ

အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် လမ်းမတော်မြို့နယ် ဝါးတန်း ဆန်လက်ကားစင်တာတွင် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်နှင့်စပါးကုန်သည်များအသင်း (MRPTA) မှ စားသုံးသူများအားအသိပေးထားသည်။

အစောပိုင်းက ဝါးတန်းဒိုင်သည် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တိုင်းတွင်သာ သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့်ရောင်းချခြင်းအစီအစဉ်များကို စီစဉ်ရန်ကမ်းလှမ်းခဲ့သည်။ လက်ရှိတွင် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်းအစီအစဉ်ကို တစ်ရက်ထက်ပို၍ ထပ်မံထည့် သွင်းထားခဲ့သည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လမ်းညွှန်မှုဖြင့် ဆန်စပါးကုန်စည်ဒိုင်များသည် ဇွန်လ ဒုတိယ အပတ်မှ စတင်ကာ ဝါးတန်းဆန်လက်ကားအရောင်းစင်တာတွင် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ သင့်တင့်မျှတသောဈေး နှုန်းဖြင့်ဆန်များ ရောင်းချပေးလျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်အတွက် သင့်လျော်သော ဆန်ဈေးကွက်ပေါက်ဈေးများ ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ဈေးနှုန်းများနှင့် မကိုက်ညီပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရှိရ သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည်ဆန်အမျိုး အစားအားလုံးအတွက် သင့်လျော်သောစျေးနှုန်းများ ထုတ်ပြန်ခဲ့သည်။ ပရီမီယံမဟုတ်သော ဆန်မျိုးကွဲများ (ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ ငစိန်ရာကျော်၊ ကရင်မ၊ ရတနာတိုး၊ ထွန်းပု၊ GW-11၊ 747၊ သီးပု၊ ရွှေမန်း၊ နှံကောက်၊ အခြားမျိုးများ) ၁၀၈ ပေါင် ၁ အိတ်လျှင် ငွေကျပ် ၆၀,၀၀၀ မှ ၇၂,၀၀၀ ကျပ်ရှိပြီး ပြည်တွင်းစားသုံးပြီး ပြည်ပတင်ပို့သည့် စပါးမျိုးများ (ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်း) တို့သည် တစ်အိတ်လျှင် ငွေကျပ် ၆၈,၀၀၀ မှ ကျပ် ၇၈,၀၀၀ကျပ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ရင့်မှည့်မှုသက်တမ်းတိုသော ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ-၂၊ ၃၊ ရက် ၉၀ ဆန်များ၊ မနောသုခ၊ ဆင်းသုခ၊ ဗျော့ထွန်း၊ ဧရာပဒေသာ၊ ဧရာမင်းတို့သည် တစ်အိတ်လျင် ၇၅၀၀၀ ကျပ်မှ ၉၉၀၀၀ ကျပ်ရှိပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့်မြန်မာနိုင်ငံ အထက် ပိုင်းဒေသများမှ ထွက်ရှိသော မဂျမ်းတော၊ ဧရာမင်း၊ ဧရာပဒေသာ အပါ အဝင် အရည်အသွေး အလယ်အလတ် ရှိသည့်ဆန်မျိုးများနှင့် ပရီမီယံ ပေါ်ဆန်း (ဧရာဝတီ ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း) ဆန်တို့မှာ တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်မှ ၁၅၅,၀၀၀ ကျပ်အထိ ဈေးရှိသည်။ 

လက်လီရောင်းချသူများသည် သတ်မှတ်ထားသော သင့်လျော်သည့်ဈေးကွက်ပေါက်ဈေး၏ ၈ ရာခိုင် နှုန်းထက် ပို၍အမြတ်တင်ခွင့် မရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆန်ဝယ်ယူရာတွင် အခက်အခဲရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ဆက်သွယ် မေးမြန်းရန် တိုက်တွန်းထားသည်။ ဝယ်ယူသူများသည် စျေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီး ဌာနနှင့် MRF သို့ တိုင်ကြားနိုင်သည်။

သတ်မှတ်ထားသော စံအတိုင်းအတာ များနှင့် အရည်အသွေးမပြည့်မီသော ရောင်းချမှုများနှင့် ညွှန်ကြားချက် များကို မလိုက်နာပါက အရေးကြီးကုန်စည်များ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ ဒဏ်ငွေနှင့် အခွန် ကောက်ခံခြင်းနှင့် တရားစွဲဆိုခြင်းတို့ကိုခံရမည်ဖြစ်ကြောင်း MRF မှ သတိပေး ထားခဲ့ပါသည်။ ထို့ကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ဆန်ကုန်သည်များအား သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာကြပါရန် တိုက်တွန်းထားကြောင်း သိရှိရသည်။  

အေးအေးခိုင်

https://www.gnlm.com.mm/fair-price-rice-available-at-wahdan-centre-tue-thu/