၂၀၂၅-၂၀၂၆ တွင် နှမ်းနှင့်ပြောင်း အမေရိကန်ဒေါ်လာ ၅၁၇ သန်းဖိုး တင်ပို့ရန် ရည်မှန်း

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များ အသင်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှမ်းနှင့် ပြောင်း တင်ပို့မှု ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၅၁၇ သန်း ရရှိရန် ရည်မှန်းထားသည်။
အသင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြောင်းအိတ်ပေါင်း ၁ ဒသမ ၃၆ သန်းတင်ပို့ရန် ရည်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၃၅၄ သန်းအထိ တင်ပို့ရန် ရည်မှန်းထား သည်။ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် နှမ်းတန်ချိန် ၉၀,၀၀၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၆၃ သန်းအထိ မျှော်မှန်းထားကြောင်း သိရှိရသည်။
အဆိုပါအသင်းသည် (corn silage and corn syrup )ပြောင်းချဉ်ဖတ်နှင့် ပြောင်းဖူးဆီ ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် နှမ်းတင်ပို့မှု ဈေးကွက်မှာ နှေးကွေးလျက်ရှိသည်။ ထို့ကြောင့် အသင်း အဖွဲ့သည် စျေးကွက်အလား အလာအသစ်များကို ရှာဖွေနေပြီး ကုန်သွယ်မှု လုပ်ဖော်ကိုင်ဖက်များနှင့်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြောင်းတန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၇၄ သန်း၀င်ငွေ ရရှိခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းတင်သွင်းမှုတွင် ထိပ်တန်းနိုင်ငံဖြစ်သည်။ မြန်မာ့ပြောင်းများသည်ထိုင်းနိုင်ငံ အတွင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လျက်ရှိသည်။ ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ အတွင်း အခွန်ကင်းလွတ်ခွင့် (Form-D) ဖြင့် ပြောင်းတင်သွင်းခွင့်ကို ခွင့်ပြုထားသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း ပြောင်းများတင်ပို့လျက်ရှိသည်။
မြန်မာ့နှမ်းမျိုးစုံ တင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၄ သန်းရှိပြီး ပမာဏ အားဖြင့် တန်ချိန် ၇၄၀၀၀ ရှိသည်။ မြန်မာ နိုင်ငံမှ နှမ်းများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ပြီး ထိုင်း၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နှင့် စင်ကာပူနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
အေးအေးခိုင်
https://www.gnlm.com.mm/myanmar-sets-us517m-target-for-sesame-maize-exports-in-2025-26/