မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၁၁-၆-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)

ဆန်

ရန်ကုန်ပေါ်ဆန်းမှာ အရာင်းအဝယ်အေးသော်လည်း မြို့တွင်းသုံးဝယ်ယူမှုရှိခြင်း၊ အဝင်နည်းသွားခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၂၀၀၀၀ကျပ်မှ ၁၃၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ မနောသုခဆန်မှာ အရောင်းအဝယ်အေးခြင်း၊ မိုးစပါးစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငစိန်နှင့် ဇီယာဆန်တို့အနက်  ငစိန်ဆန်မှာ လုပ်ငန်းသမား၊ မုန့်လုပ်ငန်းသမားများ အဝယ်နည်းခြင်း၊ မိုးများ သဖြင့် အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၇၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဇီယာဆန်မှာ အဟောင်းလက်ကျန်နည်းခြင်းကြောင့် ပင်ရင်းဈေးမြင့်ပြီး တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။ ဧရာမင်းဆန်မှာ လက်ကျန်နည်းသွားခြင်း မြို့တွင်းစားသုံးရန် ဝယ်ယူမှုရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်မှ ၁၃၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ဆီထွက်သီးနှံ

မြေပဲ(လုံးဆန်) ဈေးနှုန်းမှာ လက်ကျန်နည်းသော်လည်း ရာသီဥတုကြောင့် အရာင်းအဝယ်အေးပြီး အရည်အသွေးအကောင်း ဆုံး ၁၀၀ပိဿာ ၁၀၃၀၀၀၀ကျပ်မှ ၁၀၀၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မြေပဲဆီဆန်မှာလည်း ဆီစက်သမားများ အဝယ်နည်းခြင်း၊ မိုးမြေပဲစိုက်ချိန်ဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့်၊ အရည်အသွေး အကောင်းဆုံး ၁၀၀ပိဿာ ၉၉၀၀၀၀ကျပ်မှ ၉၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ နွေနှမ်းဝင်ချိန်နီးခြင်း၊ မိုးများ၍ အရောင်းအဝယ်အေးခြင်း၊ အက်ဆစ် ပါဝင်မှုနည်းသော အရည်အသွေးကောင်းများ ရွေးချယ်ဝယ်ယူမှုရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၄၅၀၀၀ကျပ်၊ နှမ်းညိုမှာ ဆီစက်သမားအဝယ်ပုံမှန်၊ အဝင်ပုံမှန် ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၄၀၀၀၀ကျပ်၊ နှမ်းနက်(စမုံ)မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ အက်ဆစ်ပါဝင်မှုနည်းခြင်း၊ အဝေးတင်ပို့ရန် ဝယ် ယူမှုရှိခြင်းကြောင့် တစ်အိတ် ၇၀၀၀၀၀ကျပ်မှ ၇၅၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပန်းနှမ်းဈေးနှုန်းအနေဖြင့် စိုက်ဧကနည်း အထွက်နည်း အဝင်နည်း ပစ္စည်းရှားခြင်း ရောဆီအတွက် ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၈၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းမှာ ဆောင်းနေကြာလက်ကျန်နည်းခြင်း၊ မိုးနေကြာစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်း ပစ္စည်းရှားခြင်းကြောင့် ၂၇ ပိဿာ ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)မှာ ဧရာဝတီတိုင်းမှ ထွက်ရှိ ပြီး ရန်ကုန်မှတစ်ဆင့် ဝင်ရောက်ပြီး တစ်ပိဿာ ၉၀၀၀ကျပ်၊ ငရုတ်ခြောက်(လတ်) တစ်ပိဿာ ၁၄၀၀၀ကျပ်၊ ဧရာဝတီတိုင်းမှ အပွတစ်ပိဿာ ၁၈၅၀၀ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုသာရှိသည်။ ကြက်သွန်နီဈေးနှုန်းမှာ မြစ်သားနှင့် နယ်စုံမှ ဝင်ရောက်မှု ဝင်ရောက်မှုများပြီး မြို့တွင်းသုံးသာများခြင်း၊ လမ်းပန်း ဆက်သွယ်ရေးအခြေ အနေအရ အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ကြီးတစ်ပိဿာ ၁၆၀၀ကျပ် မှ ၁၅၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ လတ်တစ်ပိဿာမှာ မြို့တွင်းစားသုံးမှုအတွက် အဝယ်များခြင်းကြောင့် တစ်ပိဿာ ၁၄၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး သေးတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၂၀၀ကျပ်သို့ ဈေးနိမ့်သွား သည်။ ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်များခြင်း၊ မြို့တွင်းစားသုံးမှုသာရှိခြင်း၊ အရည်အသွေးညံ့သွားခြင်း ကြောင့် တစ်ပိဿာ ၉၀၀၀ကျပ်မှ ၈၅၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်နည်းသွား ခြင်းကြောင့် အရည်အသွေးအညံ့ဆုံးတစ်ပိဿာ ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်၊ အကောင်းဆုံး ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ကြက်သွန်ဖြူ (မြန်မာ)မှာ ရွှေဘိုဘက်မှ အဝင်များခြင်း၊ သုံးမျိုးလုံးယှဉ်ပြိုင်ဝင်ရောက်ပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် အရည်အသွေးအညံ့ဆုံး တစ်ပိဿာ ၉၀၀၀မှ ၆၀၀၀ကျပ်၊ အကောင်းဆုံး ၁၂၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ အဝင်နည်း၊ အရောင်းအဝယ်ဖြစ်မှုနည်းပြီး အောင်ပန်း ဘက်မှ မြေနီအာလူးတစ်ပိဿာ ၃၅၀၀ကျပ်၊ သဲသီးဖြူ ၃၂၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ချင်းဈေးနှုန်းမှာ ဆောင်းပန်းချင်းမှာအဝင်နည်းသွားခြင်းကြောင့် တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၂၀၀ကျပ် သို့ ဈေးမြင့်သွားသည်။

ပဲမျိုးစုံ

မတ်ပဲဈေးနှုန်းမှာ ရန်ကုန် ဝယ်လက် ရံဖန်ရံခါရှိခြင်းကြောင့် ကျောက်ရစ်ပဲ ၃တင်းတစ်အိတ် ၂၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ အညာပဲများလည်း ဝင်ရောက်ပြီး တစ်အိတ် ၂၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။    ပဲတီစိမ်း(အညာ)မှာ မိုးပဲစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ပြီး ဆောင်းလက်ကျန်နည်းခြင်း ရန်ကုန်ဝယ်လက်မှ အရည်အသွေးကောင်းဝယ်ယူမှုရှိခြင်း၊ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးကွားခြားမှုရှိခြင်းကြောင့် အရည် အသွေးအနိမ့်ဆုံး တစ်အိတ် ၃၀၀၀၀၀ကျပ်မှ အကောင်းဆုံး ၃၈၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲစဉ်ငုံ(ဖြူ/နီ)တို့မှာ ရန်ကုန်ဝယ်လက် ရံဖန်ရံခါရှိခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ပဲစဉ်ငုံ(နီ) ၃တင်းတစ်အိတ် ၂၅၅၀၀၀ ကျပ်မှ ၂၅၈၀၀၀ကျပ်သို့လည်းကောင်း၊ ပဲစဉ်းငုံ(ဖြူ) ၂၅၃၀၀၀ကျပ်မှ ၂၅၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲပုပ်(မြန်မာ)မှာ ပဲငါးပိ၊ မုန့်လုပ်ငန်းသမားအဝယ်ရှိခြင်း၊ အထွက်နည်းအဝင်နည်းခြင်းကြောင့် ပဲပုပ်(မြန်မာ) ၃ တင်းတစ်အိတ် ၄၀၈၀၀၀ကျပ်မှ ၄၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ပဲပုပ်(ရှမ်း)မှာ ရာသီဥတုကြောင့် အရောင်းအဝယ်အေးပြီး ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၃တင်းတစ် အိတ် ၂၉၀၀၀၀ကျပ်မှ ၂၇၈၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကုလားပဲ(ကူဖြူကြီး/လုံးဝါကြီး)တို့မှာ အဝင်ပုံမှန်ရှိခြင်း၊ လုပ်ငန်းသမား၊ ပဲခွဲစက်များအဝယ်ပုံမှန် ရှိခြင်းကြောင့်၊ ကူဖြူကြီး ၃တင်းတစ်အိတ် ၂၆၅၀၀၀ကျပ်၊ လုံးဝါကြီး ၂၄၇၀၀၀ကျပ် ခွဲခြမ်းတစ်ပိဿာ ၆၄၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲယင်းကြီးမှာ အရောင်းအဝယ်အေးခြင်းကြောင့် ၂၄၀၀၀၀ကျပ်မှ ၂၃၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး မြေ တောက်ပဲမှာ အဝင်ပုံမှန်၊ အကြော်အလှော်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော်ပဲ(ကျွန်း)မှာ စားတော်ပဲ(ကနေဒါ)အဝင်နည်းခြင်းကြောင့် လက်လီသမား အဝယ်များခြင်း၊ အဝင်နည်းသဖြင့် ပစ္စည်းရှားခြင်းကြောင့် ၃တင်းတစ်အိတ် ၄၈၀၀၀၀ကျပ်မှ ၅၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲကြီး(ကြီး/သေး)တို့မှာ လုပ်ငန်းသမား၊ ပဲကြော်/လှော်သမားအဝယ်ပုံမှန်ရှိခြင်း၊ မိုးပဲစိုက်ချိန်ဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ ရံဖန်ရံခါ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ပဲကြီး (ကြီး) ၂၉၀၀၀၀ကျပ်မှ ၃၃၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၂၄၀၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ထောပတ်ပဲ (ကြီး/သေး) တို့မှာ ရာသီဥတုကြောင့် အရောင်းအဝယ်အေးပြီး ထောပတ်ပဲ(ကြီး) ၃၂၀၀၀၀ကျပ်မှ ၃၁၅၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၂၈၅၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

တပ်ကုန်းမှ မိုးထောင် ငရုတ်ရှည် တစ်ပိဿာ ၄၀၀၀ကျပ်၊ မုံရွာ ချောင်းဦး၊ တစ်ပိဿာ ၃၅၀၀ကျပ်၊ ငရုတ်စို(လတ်) တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ငပိထောင်း၊ လက်ဖက်သမား များပုံမှန် ဝယ်ယူမှုရှိသည်။ ပြင်ဦးလွင်မှ ပြောင်းဖူး ၁၀၀ဖူးပါတစ်အိတ် ၄၀၀၀၀ကျပ်၊ ဘိုစားပဲ တစ်ပိဿာ ၅၀၀၀ကျပ်၊ ပန်းမုံလာတစ်ပွင့် ၄၀၀ကျပ်မှ ၆၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၈၀၀ကျပ် ဖြင့် စားသောက်ဆိုင်များ ပုံမှန်ဝယ်ယူမှုရှိသည်။ ဝမ်းတွင်း၊ ဆားတောင်၊ မုံရွာတို့မှ ၄ပိဿာရှိ ဖရဲသီးတစ်လုံး ၃၅၀၀ ကျပ်၊ သဲတောဝမ်းတွင်းမှ ဖရဲသခွားတစ်လုံး ၈၀၀၀ကျပ်၊ ပိုက်သခွား ၂၀၀၀မှ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ် နေသည်။ ရမည်းသင်းမှ စပျစ်သီးအမျိုးအစားပေါ်မူတည်၍ တစ်ပိဿာ ၇၀၀၀ကျပ်မှ ရေခဲစိမ် ၁၆၀၀၀ကျပ်၊ သင်္ဘောသီးတစ်လုံးထုပ်တစ်ထုပ် ၃၀၀၀ကျပ်၊ နှစ်လုံးထုပ် ၄၀၀၀ကျပ်ဖြင့် ရွှေကူ အထက်ပိုင်း၊ မြစ်ကြီးနား၊ လုံးခင်း၊ မူဆယ်၊ လားရှိုးနှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။

ဂျုံနှင့်အစေ့ထုတ်ပြောင်း

ဂျုံစက်များ ပုံမှန်ဝယ် ယူမှုရှိခြင်း၊ အထွက်နည်းအဝင်နည်းခြင်းကြောင့် ငါန်ဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာဂျုံများ ၃တင်းတစ်အိတ် ယခင်အပတ် ၂၁၅၀၀၀ ကျပ်မှ ၂၂၅၀၀၀ ကျပ်၊ ပန်ဆိုင်း၊ ကြူကုတ်ဂျုံ ၂၀၀၀၀၀ ကျပ်၊ ရှမ်းဂျုံ ၂၀၅၀၀၀ ကျပ်သို့ အသီးသီးဈေးမြင့်သွားပြီး ဩစတေးလျဂျုံမှုန့်မှာ တစ်ပိဿာ ၃၇၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးပြောင်းစိုက်ချိန်ဖြစ်ခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ လှောင် သမားထုတ်ရောင်းမှုရှိခြင်း၊ ရန်ကုန်ဝယ်လက်နှင့် အစာစပ်သမားအဝယ်ရှိခြင်းတို့ကြောင့် ၃တင်းတစ်အိတ် ၈၅၀၀၀ ကျပ် မှ ၈၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ခင်မေကြည်