၂၀၂၅ ခုနှစ် ပထမငါးလတွင် မြေသြဇာဈေးနှုန်း တည်ငြိမ်နေ

မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) မှ ဓာတ်မြေသြဇာရည်ညွှန်းဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် ပထမ ငါးလ (ဇန်နဝါရီမှ မေလ) အတွင်း တည်ငြိမ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေ အတွက် ရည်ညွှန်းစျေးနှုန်းများသည် ဇန်နဝါရီနှင့် ဧပြီတွင် သတ်မှတ်ထားသော နှုန်းထားများအတိုင်း ဆက်လက်တည်ရှိနေပါသည်။
ယူရီးယားဓာတ်မြေဩဇာ (အလုံးကြီး) ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ဖော့စဖိတ် ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၂၄၀၀၀ ကျပ်နှင့် ဒိုင်အမိုနိယမ်ဖော့စဖိတ် ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ် သတ်မှတ်ထားသည်။
အထက်ဖော်ပြပါဈေးနှုန်းများမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် သတ်မှတ်ထားသည့် ဈေးနှုန်းများ ဖြစ်သောကြောင့် အခြားသောတိုင်းဒေသကြီးနှင့် ပြည် နယ်များတွင် သယ်ယူပို့ဆောင်ခပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားနိုင်သည်ဟု MFSPEA မှ ဖော်ပြထားပါသည်။
ထို့အပြင် ရည်ညွှန်းစျေးနှုန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထပ်မံကြေငြာပေးမည် ဖြစ်ပါ သည်။
သတ်မှတ်နှုန်းထားထက်ပိုမိုပါက ကော်မတီထံသို့ ၀၆၇-၄၁၀၀၃၂ နှင့် ၀၉၉၈၈၅၃၉၃၆၀ ဖုန်းမှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
MFSPEA သည် အသင်းဝင်ကုမ္ပဏီများအား ရည်ညွှန်းစျေးနှုန်းများကို လိုက်နာရန် တောင်းဆိုထားပြီး ဖြစ်ပါသည်။
လက်ရှိတွင် မြေသြဇာကော်မတီသည် စိုက်ပျိုးသူများ အရည်အသွေးမီ မြေသြဇာ ပြတ်လပ်မှု မရှိစေရေးအတွက် သုံးလတစ်ကြိမ် အစည်းအဝေး ကျင်းပလျက် ရှိပါသည်။
မြေသြဇာနည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြေသြဇာမှတ်ပုံတင်ခြင်း ၁၂၂၉၇ ခုကို မြေသြဇာကော်မတီ၏ (၄၃)ကြိမ်မြောက် အစည်းအဝေးအပြီးတွင် ခွင့်ပြုပေးခဲ့သည်။
ခွင့်ပြုသက်တမ်းကုန်ဆုံးသည့် မှတ်ပုံတင်ထားမှု ၂၈၆၇ ခုကို ရုတ်သိမ်းခဲ့ပြီး၊ မှတ်ပုံတင်ထားသည့် ၇၃၄၂ ကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်းသိရှိရ
သည်။
လင်းလဲ့ရည်အောင်
https://www.gnlm.com.mm/fertilizer-prices-hold-steady-in-first-five-months/