မော်ရိုကို လိမ္မော်သီးများ ဂျပန်ဈေးကွက်သို့ ရောက်ရှိ

ဂျပန်နိုင်ငံသို့ ပထမဆုံး တင်ပို့ခဲ့သည့် မော်ရိုကို လိမ္မော်သီး ကွန်တိန်နာ တရားဝင် ဖယ်ရှားခံခဲ့ရပြီး နောက်ပိုင်းမှ မော်ရိုကိုနိုင်ငံသည် အရည်အသွေးနှင့် ခြေရာခံနိုင်မှုအရ ကမ္ဘာ့ဈေးကွက် ဝယ်လိုအားအများဆုံးထဲမှ တစ်ခုအဖြစ် ယူဆောင်လာနိုင်ခဲ့ကြောင်း Morocco Foodex မှ ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဤအောင်မြင်မှုသည် "မော်ရိုကိုလယ်ယာထွက်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု အသိပညာအတတ်ပညာတစ်ရပ်ကို ဖော်ထုတ်ပြသလျက်ရှိသည်" ဟု မော်ရိုကို၏ စိုက်ပျိုးရေးနှင့် ပင်လယ်ရေကြောင်းတင်ပို့မှု မြှင့်တင်ရေးနှင့် ထိန်းချုပ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် မော်ရိုကို၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် ၁၃ ခုမြောက်အကြီးဆုံး စျေးကွက်ဖြစ်ပြီး ၎င်း၏ တင်းကျပ်သော လိုအပ်ချက်များကြောင့် လူသိများကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ မော်ရိုကို လိမ္မော်သီးများ အထူးသဖြင့် တန်ဖိုးမြင့်မားသည့် Nadorcott မျိုးကို လက်ခံလိုက်ခြင်းကြောင့် ဤထုတ်ကုန်များသည် ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာစံနှုန်းများနှင့် စံချိန်ကိုက်ညီကြောင်း၊ စျေးကွက် နှစ်သက်မှုအရ ပြည်ပသို့ တင်ပို့သည့် မျိုးကွဲများ ကွဲပြားစေရန် လမ်းဖွင့်ပေးကြောင်း သက်သေ ပြနေပါသည် ဟု ၎င်းက ပြောကြားခဲ့သည်။
"ဂျပန်စားသုံးသူများ၏ ကြိုက်နှစ်သက်မှုကြောင့် မော်ရိုကို လိမ္မော်သီးကို လိုချင်တာပါ" ဟု ဂျပန် တင်သွင်းသူ Yoichi Fukuda က မော်ရိုကို အရည်အသွေးတွင် ဂျပန်စားသုံးသူများ စိတ်ဝင်စားမှု တိုးပွားလာကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။
လတ်ဆတ်မှုနှင့် ရာသီအလိုက် စားသုံးမှုအပေါ် အာရုံစိုက်သည့် အစားအသောက် ယဉ်ကျေးမှုဓလေ့တစ်ခုကြောင့် ဂျပန်လူမျိုးများသည် သစ်သီးများစားသုံးမှု မြင့်မားလျက်ရှိကြောင်း၊ ၎င်းသည် မော်ရိုကိုလိမ္မော်သီးအတွက် အရေးကြီးသော ထွက်ပေါက်တစ်ခု ဖြစ်လာစေကြောင်း ပြောကြားသည်။
ဂျပန်လူမျိုးများသည် မော်ရိုကိုလိမ္မော်သီး၏ ကောင်းမွန်သည့် ပုံရိပ်ကို လက်ခံထားပါကြောင်း၊ မော်ရိုကို လိမ္မော်သီးဈေးကွက် ဂျပန်နိုင်ငံမှာ အောင်မြင်ပြီး ဖွံ့ဖြိုးတိုးတက်ပါစေဟု ဆုတောင်းပါကြောင်း၊ ဂျပန်သွင်းကုန် ကုမ္ပဏီတစ်ခုမှ ဝယ်ယူသည့် မန်နေဂျာ Kento Takegami က ပြောကြားသည်။
ဤတိုးတက်မှုကို အားဖြည့်ရန်အတွက် Morocco Foodex သည် ဧပြီလတွင် ဂျပန်နိုင်ငံသို့ မော်ရိုကို တင်ပို့သူ ၁၀ ဦး၏ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လိုက်ပါသွားမည်ဖြစ် သည်။
ရည်ရွယ်ချက်မှာ အဓိက တင်သွင်းသူများနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများ ထူထောင်ရန်နှင့် BtoB အစည်းအဝေးများ၊ တိုကျိုဈေးကွက်သို့ သွားရောက်ခြင်းနှင့် ဆက်သွယ်ရေး လှုပ်ရှားမှုများမှတစ်ဆင့် မော်ရိုကို ကမ်းလှမ်းချက်ကို လူသိရှင်ကြား ထုတ်ပြန်ရန် ဖြစ်ကြောင်း သိရှိရသည်။
အေးအေးခိုင်
https://www.freshplaza.com/north-america/article/9725569/ moroccan-citrus-fruits-land-on-the-japanese-market/