ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း(အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(အသစ်) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း (အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ပေါ်ကျွဲဆန် (အဟောင်း) တစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဇီယာဆန်(အသစ်) အလတ်စ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်၊ ဧည့်မထ (၂၅ မှတ်) ဆန်ကြမ်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၅၇၅၀၀ ကျပ်၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ယခင်အပတ်ဈေးနှုန်းများဖြင့် နှိုင်း ယှဉ်ပါက ဧည့်မထ(၂၅ မှတ်) ဆန်ကြမ်းမှာ ဆန်တစ်အိတ်လျှင် ၄၀၀၀ ကျပ် ဝန်းကျင် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာ နိုင်ငံတွင်လည်း ပြည်ပပို့ဆန်ဈေးနှုန်းများ ကျဆင်းကာ အရောင်းအဝယ်ဖြစ်မှု လျော့နည်းလျက်ရှိကြောင်း သိရသည်။ ဆန်ဈေးနှုန်းအများစုမှာ ယခင်ရက်သတ္တပတ်နည်းတူ ဈေးနှုန်းအမြင့်တွင်ပင် တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း သယ်ယူပို့ဆောင်စရိတ်များမြင့်တက်လျက်ရှိခြင်းကြောင့် ဒေသတွင်းရောင်းချမှုများသာရှိခြင်း၊ ရောင်းလိုအားများခြင်း၊ အရောင်းအဝယ်ဖြစ်မှု နည်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြင်ပရှိ လက်လီဈေးကွက်များတွင်လည်း အရည်အသွေး ပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသောဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိပြီး စားသုံးသူများက လိုအပ်သလောက်သာ   ပုံမှန်ဝယ်ယူမှု ရှိခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

အမေရိကန်-တရုတ် ကုန်သွယ်မှုစစ်ပွဲအခြေအနေများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးနှင့် အခြားငွေတန်ဖိုးများ လှုတ်ခတ်မှုများနေခြင်း၊ ထိုင်းနိုင်ငံမှပေးသော ပြောင်းဆန်ဈေးနှုန်းမှာ ယခင်နှစ်ထက် လျော့နည်းနေခြင်း၊ သင်္ကြန်နှင့်မြန်မာနှစ်သစ်ကူး ပိတ်ရက်များရှိခြင်းတို့ကြောင့် ကုန်သည်အချို့က ပြောင်းတင်ပို့မှု ရပ်နားထားခြင်း ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတကာပြောင်းဈေးကွက်တွင် တက်ဈေးစောင့်ကာ ရောင်းဝယ်လိုသူများ ရှိနေခြင်းကြောင့် အကောက်အခွန်လွတ် တင်ပို့နိုင်သော ကာလဖြစ်သော်လည်း အရောင်းအဝယ်အေးကာ အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်သည်။

ပဲမျိုးစုံ

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မတ်ပဲသစ်အချို့ ဈေးကွက်သို့ ဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ ကုန်သွယ်မှုစစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်ခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယကုန်သည်များက အဝယ်ထိန်းနေခြင်းကြောင့်လည်းကောင်း အခွန်သက်သာခွင့်ဖြင့် လွတ်လပ်စွာ တင်သွင်းခွင့် တစ်နှစ်သက်တမ်း ရရှိထားသော မတ်ပဲ၊ ပဲစင်းငုံများဈေးနှုန်းများမှာ သင်္ကြန်ပွဲတော်ရက်မတိုင်မီ ရရှိထားသည့် ဈေးနှုန်းများ တရွေ့ရွေ့ ကျဆင်းလာခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေး ၃၀၅၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၀၃၅၀၀၀ ကျပ်သို့ ရောက်ရှိ ဈေးနိမ့်ခဲ့သည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေး ၂၉၅၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ၂၉၃၆၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့သော်လည်း မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၅၅ လုံးခန့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၁၀ လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယ၊ တရုတ်၊ ဉရောပနိုင်ငံများအပြင် အခြားသောနိုင်ငံများကပါ ဝယ်လိုအားရှိသည့် ပဲတီရွှေဝါ အပါအဝင် ကျန်ပဲအမျိုးအစားများမှာလည်း ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ် အေးခဲ့ကြောင်း သိရသည်။ ပဲတီရွှေဝါ ၃ တင်း/၆၀ ပိဿာလျှင် ပျမ်;မျှဈေးနှုန်း ၃၆၀၄၅၀ ကျပ်၊ ထောပတ်ပဲ ၃ တင်း/၆၀ ပိဿာလျှင် ပျမ်းမျှဈေး ၂၇၈၇၀၀ ကျပ်၊ ကုလားပဲ(လုံးဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၄၃၀၀ ကျပ်၊ ပဲလွမ်းဖြူ ၃ တင်း/၆၀ ပိဿာလျှင် ပျမ်;မျှဈေးနှုန်း ၂၄၇၅၀၀ ကျပ်၊ ပဲပုပ် ၃ တင်း/၆၀ ပိဿာလျှင် ပျမ်;မျှဈေးနှုန်း ၃၈၀၁၀၀ ကျပ်၊ ဘိုကိတ်ပဲ ၃ တင်း/၆၀ ပိဿာလျှင် ပျမ်;မျှဈေးနှုန်း ၂၃၂၀၅၀ ကျပ်ဖြစ်သည်။

စားသုံးဆီ

စားအုန်;ဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီ၏ ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်မှမေ ၄ ရက်နေ့အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၇၃၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၅ ကျပ် ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးထက် များစွာမကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိပြီး အချို့သော မြို့နယ်များတွင် စား
အုန်းဆီ တစ်ပိဿာ ပြင်ပပေါက်ဈေးမှာ ၁၀၀၀၀ ကျပ် ဝန်းကျင်ဖြစ်သည်။

အေးသန္တာဝင်း