တရုတ် စိုက်ပျိုးရေးပို့ကုန်များမှတစ်ဆင့် ကျေးလက်အငွေ့အသက်ကို ကမ္ဘာအနှံ့သယ်ဆောင်

တရုတ် စိုက်ပျိုးရေးပို့ကုန်များမှတစ်ဆင့် ကျေးလက်အငွေ့အသက်ကို ကမ္ဘာအနှံ့သယ်ဆောင်

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကုန်းတွင်းပိတ်ပြည်နယ် Guizhou ၏ ဝေးလံခေါင်သီသော တောင်တန်းများတွင် နေထိုင်သော ဒေသခံများသည် စိုက်ပျိုးရေးထွက်ကုန်များကို ကမ္ဘာ့လူသုံးကုန်ပစ္စည်းအဖြစ် ပြောင်းလဲကာ ကျေးလက်စီးပွားရေးနယ်ပယ်အသစ်ကို တည်ထောင်ကြသည်။

Sinan County တွင်ရှိသော ကျေးလက်အစားအစာ စက်ရုံတစ်ခုသည် ငယ်ရွယ်သူများကြား ရေပန်း စားလျက်ရှိသော အသင့်စား အစားအစာဖြစ်သည့် ကန်စွန်းဥခေါက်ဆွဲ (အစပ်)ကို နေ့စဉ် ဗူးပေါင်း ၁၀၀,၀၀၀ ကျော် ထုတ်လုပ်လျက်ရှိသည်။

ယမန်နှစ်က Alibaba နှင့် JD.com တို့ကဲ့သို့ နယ်စပ်ဖြတ်ကျော် e-commerce platforms များ၏ ကျေးဇူးဖြင့် ထုတ်ကုန်အများအပြားကို ဆော်ဒီအာရေဗျအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်။

Zhang မှ ကုမ္ပဏီသည် ၎င်း၏ ပြည်ပရောင်းအားကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ သန်းအထိ နှစ်ဆတိုးရန် ရည်မှန်းထားပြီး၊ အစာပြေစာသုံးရန် သင့်တော်သည့် တရုတ် အသင့်စားခေါက်ဆွဲခြောက်များသည် ကိုရီးယားသမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ စျေးကွက်များအတွက် ရည်မှန်းထုတ်လုပ်ထားသည်။

၂၀၂၃ ခုနှစ်တွင် Sinan သည် ကျေးလက်နိုင်ငံခြားကုန်သွယ်မှုကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည့် Guizhou ၏ ပထမဆုံးရှေ့ပြေးခရိုင်တစ်ခုဖြစ်လာခဲ့သည်။ လက်ဖက်ခြောက်နှင့် ကန်စွန်းဥခေါက်ဆွဲ ကဲ့သို့သော ထုတ်ကုန်များကို ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဥရောပ နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ပြီး ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ၂၈သန်းခန့်) အထိ မြင့်တက် လာခဲ့ကြောင်း အစိုးရပိုင်းဆိုင်ရာမှ ဖော်ပြထားသော ကိန်းဂဏန်းများအရ သိရှိရသည်။

Guizhou သည် ၂၀၂၅ ခုနှစ် တွင် ကျေးလက်ပို့ကုန်လုပ်ငန်းများတွင် လုပ်ငန်းပေါင်း  ၅၀၀ ရှိရန် ရည်မှန်းထားပြီးအဆိုပါကဏ္ဍအတွင်း နှစ်စဉ် ပို့ကုန်ဝင်ငွေသို့ ယွမ်ငွေ ၅ ဘီလီယံထည့်ဝင်ရန် ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဌာနနှင့် အခြားဌာနများမှ ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစိုးရ အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ယမန်နှစ်က Guizhou ပြည်နယ်မှ မက်မန်းချိုသီးနှင့် gastrodia အဖျော်ယမကာ အပါအဝင် စိုက်ပျိုးရေးထွက်ကုန်အများအပြားကို ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

ဥမ္မာထွန်း

https://english.news.cn/20250219/b9de81d813964 3fe9a7cb28088c6dbbf/c.html