လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်သိမ်းမှု(အခြေခံ)သင်တန်း မြစ်သားတွင်ဖွင့်လှစ်

မြစ်သား ၊ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၆၄ စက်မှုလယ်ယာစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဥ် ၁/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နေ့၊ နံနက်၉နာရီခွဲက အဆိုပါ စက်မှုလယ်ယာစခန်းသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းအောင် က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမိုးကျော်က စက်မှုလယ်ယာဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာများနှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ မြစ်သားမြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းက တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင်အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်ခန်းစာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၅ ရက်နေ့ထိ သင်တန်းကာလ ၁၂ ရက်ကြာ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုဘာသာရပ် ၆ မျိုးဖြစ်သော အင်ဂျင်ဘာသာရပ်၊ လက်တွန်းထွန်စက်ဘာသာရပ်၊ထွန်စက်ကြီးဘာသာရပ်၊ရိတ်သိမ်းခြွေလှေ့စက်ဘာသာရပ်၊ ကောက်စိုက်စက် ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများဘာသာရပ်များကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ ခုမှ သင်တန်းသား ၃၀ ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။
AMD