ကောက်ရိုးမှိုစိုက်ပျိုးသူများပြားလာသဖြင့် ထုတ်လုပ်မှုပမာဏ တိုးမြင့်လာ

ယခုဆောင်းရာသီတွင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်သူအရေအတွက် များပြားလာသဖြင့် ကောက်ရိုးမှိုထုတ်လုပ်မှုပမာဏ တိုးမြင့်လာခဲ့သည်။ စားသုံးမှိုများထဲတွင် ကောက်ရိုးမှို ရောင်းဝယ်ရေးမှာ အကြီးမားဆုံးလုပ်ငန်းဖြစ်ပြီး အများအားဖြင့် ဆောင်းရာသီတွင် ကောက်ရိုးမှို ထုတ်လုပ်မှု ပမာဏမှာ များပြားသည်။
“လက်ရှိတွင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်သူအရေအတွက်မှာ တိုးလာလျက်ရှိပါသည်။ မှိုများထဲတွင် ကောက်ရိုးမှိုအား စားသုံးမှုပမာဏမှာ အများဆုံးဖြစ်ပြီး ယခုလက်ရှိတွင် ဈေးနှုန်းများ ပြန်လည် ကျဆင်းလျက်ရှိပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးသူများသည့်အတွက် ကောက်ရိုးမှို ထုတ်လုပ်မှုပမာဏမှာ အလွန်မြင့်မားလျက်ရှိပါသည်။ ဆောင်းရာသီတွင် ကောက်ရိုးမှို ထုတ်လုပ်မှုမှာ အများအားဖြင့် မြင့်မားလျက်ရှိကြောင်း” တိုက်ကြီးမြို့ နယ်မှ ကောက်ရိုးမှို စိုက်ပျိုးသူ ကိုအောင်ဝင်းက ပြောကြားသည်။
မန္တလေးတွင် အောက်တိုဘာလ၌ ကောက်ရိုးမှို ရောင်းချမှုသည် ငွေနှင်းမှိုရောင်းချမှုထက် ပိုမိုမြင့်မားသော်လည်း ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် ကုန်ကြမ်းပစ္စည်း ရှာဖွေရန် အခက်အခဲရှိသဖြင့် ငွေနှင်းမှို စိုက် ပျိုးထုတ်လုပ်သူ အရေအတွက်မှာ ပိုမိုများပြားသည်။
“ကျွန်တော်တို့အနေဖြင့် အဆိုပါမှိုနှစ်မျိုးလုံးကို စိုက်ပျိုးကြပါသည်။ သို့သော် ယခုတွင် ကောက်ရိုးမှိုစိုက်ပျိုးသည့်နည်းစနစ်များမှာ အနည်းငယ် ပြောင်းလဲလျက်ရှိပါ သည်။ ငွေနှင်းမှို ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး ဆက်လက်၍လည်း ကျဆင်းသွားဖွယ်ရှိပါသည်။ သို့သော် ယခုအချိန်တွင် ကောက်ရိုးမှိုအရောင်းအဝယ်မှာအလွန်ကောင်း လျက်ရှိကြောင်း” ကိုအောင်ဝင်းက ဆက်လက်ပြောကြားသည်။
ကောက်ရိုးမှိုသည် မြန်မာနိုင်ငံတွင် စားသုံးမှုအများဆုံးမှိုတစ်မျိုးဖြစ်ပြီး အကြီးမားဆုံး ဈေးကွက်ရှိကြောင်းသိရှိရသည်။
နွေးနွေးအောင်
https://www.gnlm.com.mm/245921-2/