ယခုနှစ်တွင် ကိုရီးယားမျိုး ကန်စွန်းဥကို လူကြိုက်များလာကြောင်း တွေ့ရှိရ

ယခုနှစ်တွင် ကိုရီးယားမျိုး ကန်စွန်းဥကို လူကြိုက်များလာကြောင်း တွေ့ရှိရ

ရီးယားကန်စွန်းဥ (ကန်စွန်းဥဖြူ) သည် ပြည်တွင်းဈေးကွက်တွင် မကြာသေးမီက လူကြိုက်များခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ မှာယူမှုအများဆုံးဖြစ်သည်ကို တောင်ကြီးမြို့နယ်၏ ကုန်သည်များထံမှ သိရှိရပါသည်။

ဟိုပုန်းဒေသတွင် အဓိက စိုက်ပျိုးကြသည့် ၎င်းကိုရီးယားမျိုးစိတ် ကန်စွန်းဥမျိုးများသည် အဝါရောင်ကန်စွန်းဥနှင့် ခရမ်းရောင်ကန်စွန်းဥများထက် ပို၍ နူးညံ့ပါသည်။

၎င်းကန်စွန်းဥသည် ကိုရီးယားမျိုးဖြစ်ပြီး ဟိုပုန်းတွင် အဓိကထား စိုက်ပျိုးသည်။ ယခင်နှစ်က ကိုရီးယားကန်စွန်းဥစိုက်ခင်းသည် အဝါရောင်နှင့် ခရမ်းရောင် ကန်စွန်းဥများလောက် ပမာဏ များများစားစားမရှိခဲ့သလို လူကြိုက်လည်းမများသေးကြောင်း တွေ့ ရှိရပါသည်။ သို့သော် ဈေးနှုန်းမှာ အဝါရောင် ကန်စွန်းဥနှင့် ခရမ်းရောင် ကန်စွန်းဥများထက် ဈေးနှုန်းပိုများလာခဲ့ပါသည်။ ဝယ်ယူစားသုံးမူ့ အများဆုံးမှာ ရန်ကုန်ဖြစ်လာပြီး၊ ယခုအချိန်တွင် စျေးကွက်အတွင်း လူကြိုက်များလာပြီး စားသုံးသူ အရေအတွက်လည်းမြင့်တက်လာသည်” ဟု တောင်ကြီးမြို့နယ်မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ လက်လီ လက်ကား ဖြန့်ဖြူးသူ မစန္ဒီတာရာက ပြောခဲ့ပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒေသထွက် ကန်စွန်းမျိုးစိတ်များကို တာချီလိတ်၊ မြိတ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မှာယူမူများရရှိပြီး အဝါရောင် ကန်စွန်းဥနှင့် နှိုင်းယှဉ်ပါက ခရမ်းရောင် ကန်စွန်းဥကို အဓိကအားဖြင့် သွားရေစာပြုလုပ်ရာတွင် အသုံးပြုသောကြောင့် ကုန်သွယ်မှုတိုးလာကြောင်း သိရှိရသည်။

အေးအေးခိုင်

Source    https://www.gnlm.com.mm/245763-2/