မန္တလေးဈေးကွက်

ဆန်
ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ အဝင်ပုံမှန် ရှိခြင်း၊ မြို့တွင်း စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၃၀၀၀၀ကျပ် ဈေးဖြင့် တည် ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ အသစ်ဝင်ချိန်နီးသဖြင့် လက်ကျန်နည်းပြီး တစ်အိတ် ၁၅၀၀၀၀ကျပ် မှ ၁၄၅၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။မနောသုခမှာ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် အသစ်တစ်အိတ် ၈၀၀၀၀ ကျပ်၊ အဟောင်း တစ်အိတ် ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှု ပုံမှန်ရှိနေသည်။ ငစိန်နှင့် ဇီယာဆန်မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်း၍ ပင်ရင်းဈေးမြင့်ခြင်း၊ လုပ်ငန်း သမားနှင့် မြို့တွင်းသုံးအဝယ်နည်းခြင်းကြောင့် ငစိန်တစ်အိတ် ၇၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ဇီယာဆန်မှာ တစ်အိတ် ၈၈၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ဧရာမင်းဆန်မှာ အဝေးတင်ပို့ရမှုနည်းခြင်း၊ မြို့တွင်းသုံးပုံမှန်ရှိခြင်း၊ အသစ်ဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံနှင့် ဆီ
မြေပဲ (လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ မိုးမြေပဲဝင်ရောက်မှုရှိခြင်း၊ ဆောင်းပဲဝင်ချိန်နီးခြင်း၊ လုပ်ငန်းသမား၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ပိဿာ အရည်အသွေး အကောင်းဆုံး ၈၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး မျိုးမြေပဲမှာ ၁၀၀ပိဿာ ၈၆၀၀၀၀ကျပ်ဈေးရှိပြီး မြေပဲ (ဆီဆန်)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် မိုးလက်ကျန်နည်းပြီး ဆောင်းမြေပဲ မဝင်သေးခြင်းကြောင့် ၁၀၀ ပိဿာ ၈၂၀၀၀၀ ကျပ်မှ ၈၄၀၀၀၀ကျပ်သို့ဈေးမြင့်သွားသည်။
ဆောင်းနှမ်းအသစ်များဝင်ရောက်ခြင်း၊ နှမ်းဝါ/နီများလည်း ဝင် ရောက်ခြင်း၊ အဝေးပို့ရန်အဝယ်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ အရည် အသွေး အကောင်းဆုံး ၃၇၀၀၀၀ကျပ်သို့ မသိမသာနိမ့်သွားပြီး နှမ်းညိုမှာ အဝင်ပုံမှန် ဆီစက်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနက်(စမုံ)မှာ အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားမှုရှိခြင်း၊ လုပ်ငန်းသမားအဝယ်သာရှိခြင်းကြောင့် ၄၅ပိဿာ ၆၆၅၀၀၀ ကျပ်မှ ၆၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနီနှင့် နှမ်းဝါလည်း ဝင်ရောက်မှုရှိပြီး အဝင်နည်းခြင်းကြောင့် နှမ်းနီ (၄၅)ပိဿာ ၃၄၀၀၀၀ကျပ်၊ နှမ်းဝါ ၃၃၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။
ပန်းနှမ်းနှင့် နေကြာမှာ အရောင်းအဝယ်အေးခြင်း၊ ပစ္စည်းရှားခြင်းကြောင့် ပန်းနှမ်း ၄၅ပိဿာ ၂၄၀၀၀၀ ကျပ်၊ နေကြာ ၂၇ပိဿာ ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီဈေးနှုန်းများအနေဖြင့် မြေပဲ (ဆီဆန်) ဈေးမြင့်ခြင်း၊ ပန်းနှမ်း၊ နေကြာဆီများ အရောင်းအဝယ်နည်း ပစ္စည်းရှားသဖြင့် ပဲဆီအား သုံးစွဲရန် ဝယ်ယူမှုများခြင်းကြောင့် ပဲဆီတစ်ပိဿာ ၁၆၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၁၄၅၀၀ကျပ်၊ ပန်းနှမ်းဆီ ၁၄၀၀၀ကျပ်၊ ပဲပုတ်ဆီ ၁၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မတ်ပဲမှာ အဟောင်း ရောင်းဝယ်မှုမတွေ့ရဘဲ အသစ်များသာ ပဲခွဲစက်နှင့် လှောင်သမား ဝယ်ယူမှုအနည်းငယ်သာရှိခြင်း ကြောင့် ထွက်ရှိရာဒေသ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၃၀၈၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
ပဲတီစိမ်း(အညာ)မှာ အဝင်ပုံမှန်၊ ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်း၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် ထွက်ရှိရာဒေသ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၃တင်းတစ်အိတ် ၂၈၀၀၀၀ ကျပ်မှ ၃၀၅၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
ပဲပုတ်(ရှမ်း/မြန်မာ) တို့မှာ မိုးလက်ကျန်နည်းခြင်း၊ ဆောင်းပဲ စိုက် ပျိုးထားဆဲဖြစ်ခြင်း၊ စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်းတစ်အိတ် ၄၈၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ပဲပုတ်(ရှမ်း) မှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၃၉၀၀၀၀ကျပ်မှ ၃၇၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ကုလားပဲ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ ပဲကြော်/ လှော်သမား၊ ခွဲစက်သမား အဝယ်ရှိခြင်းကြောင့် ကုလားပဲ (ကုဖြူကြီး) ၃တင်းတစ်အိတ် ၂၉၀၀၀၀ ကျပ်မှ ၂၉၅၀၀၀ ကျပ်သို့လည်းကောင်း၊ ကုလားပဲ(လုံးဝါကြီး)မှာလည်း ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၀၀၀၀ ကျပ်မှ ၂၈၂၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ပဲစိုများ၊ ဟင်းသီးဟင်းရွက်မျိုးစုံထွက်သော ဆောင်းကာလဖြစ်၍ ကုလားပဲ (ခွဲခြမ်း)မှာ အရောင်းအဝယ်အေးပြီး တစ်ပိဿာ ၇၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ အသစ်မဝင်သေးခြင်းကြောင့် ပဲခွဲစက်၊ လုပ်ငန်းသမား အကြော်အလှော်သမားအဝယ် နည်းသော်လည်း ပဲယင်း ၃တင်းတစ်အိတ် ၂၅၅၀၀၀ ကျပ်၊ မြေထောက်ပဲ အရည်အသွေးအကောင်းဆုံး ၃၄၀၀၀၀ ကျပ်၊ စားတော်ပဲ (ကျွန်း) ၄၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲလွန်းဖြူ/ပြာမှာ ဆောင်းပဲ ဝင်ချိန်နီးခြင်း၊ လက်ကျန်များ၍ လှောင်သမားထုတ်ရောင်းမှု ရှိခြင်း၊ လက်လီသမား အဝယ်နည်းခြင်းကြောင့် ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၃၅၀၀၀၀ကျပ်မှ ၃၃၀၀၀၀ကျပ်၊ ပဲလွန်းပြာ ယခင်အပတ် ၂၈၀၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲကြီး (ကြီး/သေး) ထောပတ်ပဲ(ကြီး/သေး) တို့မှာ မိုးပဲလက်ကျန်နည်းခြင်း၊ ဆောင်းပဲမဝင် သေးခြင်း၊ လုပ်ငန်းသမား၊ ပဲကြော်/ လှော်သမားအဝယ်နည်းခြင်း၊ လှောင်သမားထုတ် ရောင်းမှုရှိခြင်း ကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၃၀၀၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ် သို့လည်ကောင်း၊ ပဲကြီး(သေး) ၂၄၀၀၀၀ကျပ်၊ ထောပတ်ပဲ (ကြီး) ၃၉၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၃၀၀၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
ဂျုံဈေးနှုန်းများ အနေဖြင့် အသစ် မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ဂျုံစက်များ ဝယ်ယူမှုနည်းသော်လည်း ငါန်ဇွန်၊မြို့သာ၊ မုံရွာ၊ မြင်းမူ၊ မြောင်၊ စစ်ကိုင်း၊ ဘုတလင်၊ ဆားတောင်၊ ရွှေဘိုတို့မှ ဂျုံ ၃တင်းတစ်အိတ် အရည် အသွေးပေါ်မူတည်၍ ၂၁၀၀၀၀ကျပ်မှ ၂၂၀၀၀၀ကျပ်၊ ရှမ်းဂျုံ ၂၀၀၀၀၀ကျပ်၊ ကြူကုတ်ဂျုံ ၁၈၀၀၀၀ ကျပ် အထွက်တိုးဂျုံ ၁၉၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိပြီး ဩစတေးလျဂျုံမှုန့်မှာ တစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ မိုးပြောင်းများရာသီ ဥတုကြောင့် အထွက်နည်းအဝင်နည်းခြင်း၊ ထွက်ရှိရာဒေသသို့ တိုက်ရိုက်ဆင်းဝယ်ယူမှုရှိ၍ အဝင်နည်းခြင်းရှိ သော်လည်း လက်ကျန် အရည်အသွေးညံ့ခြင်း၊ တိရစ္ဆာန်အစာစပ်သမားအဝယ်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၈၅၀၀၀ ကျပ်မှ ၈၄၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
စာဖိုဆောင်သီးနှံ
ငရုတ်ခြောက်နယ်စုံမှ ဝင်ရောက်သော်လည်း အထွက်နည်း၊ အဝင်နည်းသဖြင့် ငရုတ်ခြောက်(ရှည်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ငရုတ်ခြောက်(လတ်)မှာ အရည်အသွေးပေါ်မူတည်၍ ၇၀၀၀ကျပ်မှ ၁၀၀၀၀ကျပ် ဈေးရှိပြီး ငရုတ်ခြောက်(ပွ) မှာ သဘာဝသီးမရှိဘဲ Air con သီးများသာ ရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀၀ကျပ် ဈေးရှိသည်။
ကြက်သွန်နီ(ကြီး)မှာ မြစ်သားကြက်သွန် အဝင်များလာပြီး ကြီးတစ်ပိဿာ ၄၃၀၀ကျပ်၊ လတ်တစ်ပိဿာ ၃၈၀၀၀ကျပ်၊ သေးတစ်ပိသာ ၃၀၀၀ကျပ်ဈေးရှိသည်။ ရွှေဘိုဘက် မှလည်း ဝင်ရောက်ပြီး တစ်ပိဿာ ၂၈၀၀ကျပ်ဈေးရှိသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပမ်းဆက် သွယ်ရေး အခြေအနေအရ အဝင်များလာပြီး ယခင်အပတ် ၁၈၅၀၀ကျပ်မှ ယခုအပတ် တစ်ပိဿာ ၁၇၅၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ အဝင်ပုံမှန် မြို့တွင်းသုံး ပုံမှန်ရှိခြင်း၊ အရည် အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိခြင်းကြောင့် အနိမ့်ဆုံး တစ်ပိသာ ၁၁၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
အောင်ပန်းအာလူးအဝင်နည်းပြီးတရုတ်အာလူးများသာဝင်ရောက် ပြီး တစ်ပိသာ ၆၅၀၀ ကျပ် ဈေးရှိသည်။
ဟင်းသီး/ရွက် နှင့်သစ်သီးဝလံ
ဆောင်းကာလဖြစ်၍ ဟင်းသီး/ရွက်များ လှိုင်လှိုင်ဝင်ရောက်ပြီး ခရမ်းချဉ်သီး (ရှမ်းတောင်)မှာ ၂၀ ပိဿာတစ်သေတ္ထာ ၈၀၀၀၀မှ ၉၀၀၀၀ ကျပ်၊ မိတ္ထီလာမြန်မာသီး တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုသာရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းနေသည်။ ငရုတ်စို (ရှည်)မှာ မုံရွာ၊ ချောင်းဦး၊ သာစည်ဘက်မှ အဝင်များလာခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိဘဲ ဗေဒါရွှေကြာ နှင့် လက်ဖက်ဆိုင်များ၊ ငပိထောင်းသမားများ အဝယ်သာရှိခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ကျပ်၊ ငရုတ်စို(လတ်) တစ်ပိသာ ၈၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ဆောင်းကာလဖြစ်၍ မန္တလေးအနီးဝန်း ကျင်နှင့် အောင်ပန်းဘက်မှ ပန်းမုံလာတစ်ပွင့် ၁၀၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး ၃၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
သခွားမွှေး၊ ရွှေသခွားများ ဝင်ရောက်မှုရှိသော်လည်း အဝင်နည်းသဖြင့် တစ်လုံး ၄၀၀၀မှ ၅၀၀၀ကျပ်၊ ပန်းလိမ္မော်၊ ပျားလိမ္မော် ၁၁ ပိဿာတစ်ခြင်း ၁၂၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်၊ ထောပတ်သီး ၁၀၀မှ ၁၂၀လုံးပါတစ်အိတ် ၃၀၀၀၀ကျပ်၊ ညောင်ပန်းဝန်းကျင်မှ သင်္ဘောသီး ၂လုံးတွဲတစ်ထုပ် ၃၅၀၀ကျပ်၊ ရမည်းသင်းမှ စပျစ်သီး (BQ) အလုံးကြီး တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ပန်းသီးအိတ်စွပ် ၁၀၀ လုံးပါ ၁ဖာ ၉၅၀၀၀ကျပ်တို့ဖြင့် မန္တလေး ဝန်းကျင် အမှာရှိသောမြို့များ၊ ပြင်ဦးလွင်၊ လက်ပံလှ၊ မုံရွာ စသောမြို့များသို့ တင်ပို့မှုရှိသည်။
ခင်မေကြည်