ရုရှား၏ GDP တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်ကြောင်း သမ္မတပူတင်ပြောကြား

ရုရှား၏ GDP တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်ကြောင်း သမ္မတပူတင်ပြောကြား

၂၀၂၃ ခုနှစ်အတွက် စာရင်းအချက်အလက်များ အဆင့်မြင့်တင်ပြီးနောက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုသည် ၃ ဒသမ ၅ ရာခိုင်နှုန်းကျော် လွန်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၇ ရက်က ၎င်း၏အစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

သမ္မတပူတင်သည် ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin နှင့် စီးပွားရေး အခြေအနေများ ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်၏ အဆိုအရ နိုင်ငံ၏ GDP တိုး တက်မှုနှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ စာရင်းအချက်အလက်များအား ဂရုတစိုက်တွက်ချက် မည်ဆိုလျှင် ယခုထက်ပိုမိုမြင့်လာနိုင်ကြောင်း သိရှိရသည်။

ဤ GDP တိုးတက်မှုသည် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်တွင်းဝယ်လိုအားအပေါ် အဓိကအခြေခံကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့အပြင် စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက် လုပ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုများသည် ကောင်းမွန်သော စွမ်းဆောင်ရည်များကို ပြသလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် သမ္မတသည် စိန်ခေါ်မှုအကြောင်းကို ထောက်ပြခဲ့ပြီး ၎င်းတို့အနက်မှ တစ်ခုမှာ ငွေကြေးဖောင်းပွမှုသည် ၇ ဒသမ ၄ ရာခိုင်နှုန်းရှိကာ ရုရှားဘဏ်များ၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုဖြင့် ၎င်းပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသည်။

ထို့အပြင် သမ္မတသည် ၂၀၂၃ ခုနှစ် ၁၀ လတာကာလအတွက် လုပ်ခ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့် ခြင်းသည် ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါညွှန်ကိန်းကိုလည်း ငွေကြေး ဖောင်းပွမှုဖြစ်စဉ်များနှင့် နှိုင်းယှဉ်ကြည့်ရှုရန် တောင်းဆိုတားပါသည်။ 

Source :    https://www.kommersant.ru/doc/6455134

ခွန်မျိုးသူ၊