အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ဇန်နဝါရီ ၁၅ ရက်အထိ ၅.၂၈ ရာခိုင်နှုန်း ကျဆင်း

အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ဇန်နဝါရီ ၁၅ ရက်အထိ ၅.၂၈ ရာခိုင်နှုန်း ကျဆင်း

အိန္ဒိယ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၃-၂၄ နှစ် (အောက်တိုဘာလမှ နိုဝင် ဘာလ) တွင် ဇန်နဝါရီ ၁၅ ရက်အထိ ၅ ဒသမ ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ယမန်နှစ်တွင် ထိပ်တန်းသကြား ထုတ်လုပ်သည့်ပြည်နယ်ဖြစ်သည့် Maharashtra ရှိ သကြားထုတ်လုပ်မှုသည် ၁၆% ကျဆင်းခဲ့ သည်ဟု အိန္ဒိယသကြားစက်များအသင်း (India Sugar Mills Association - ISMA) မှ ပြောကြားခဲ့ကြောင်း သိရသည်။

ISMA ၏ အဆိုအရ အိန္ဒိယနိုင်ငံသည် ဇန်နဝါရီ ၁၅ ရက်အထိ သကြားတန်ချိန် ၁၄၉ ဒသမ ၅၂ သိန်း ထုတ်လုပ်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် တန်ချိန် ၁၅၇ ဒသမ ၈၇ သန်း ထုတ်လုပ်မှုထက် ကျဆင်းခဲ့ ကြောင်း၊ Maharashtra ပြည်နယ်၏သကြားထုတ်လုပ်မှုသည် ယခင်နှစ်တွင်တန်ချိန် ၆၀ ဒသမ ၂၆ သိန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၅၀ ဒသမ ၇၃ သိန်းကျော်သာထုတ်လုပ်ထားနိုင်ကြောင်း၊ သို့ရာတွင် Uttar Pradesh (UP) မှသကြားထုတ်လုပ်မှုသည် ယခင်နှစ်တွင်တန်ချိန် ၄၀ ဒသမ ၆၅ သိန်း ကျော်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၄၅ ဒသမ ၇၃ သိန်း  အထိ ထုတ်လုပ်ထားနိုင်ပြီး ၁၂ ဒသမ ၅% ပိုမိုထုတ်လုပ်ထားကြောင်း သိရသည်။

Maharashtra နှင့် Karnataka တို့တွင် မိုးခေါင်ရေရှားအခြေအနေများကြောင့် အိန္ဒိယနိုင်ငံ ၏ ကြံအထွက်နှုန်းကျဆင်းသွားဖွယ်ရှိသောကြောင့်  အိန္ဒိယအစိုးရသည် အီသနောအတွက် သကြား ရည်နှင့် တင်လဲရည်သုံးစွဲမှုကို တားမြစ်ထားကြောင်း၊ အစီရင်ခံစာများအရ သကြားထုတ်လုပ်မှု သည် ယခင်နှစ်ထက်နည်းပါးနိုင်သော်လည်း ယခုအခါ သကြားထုတ်လုပ်မှုသည် အစောပိုင်းက မျှော် လင့်ထားသည်ထက် ပိုမိုမြင့်မားဖွယ်ရှိသည်ဟု ISMA မှ ပြောကြားထားကြောင်း၊ Uttar Pradesh၊ Maharashtra နှင့် Karnataka ကဲ့သို့သော ကြံစိုက်ပျိုးသည့် အဓိကပြည်နယ်များတွင် မကြာသေး မီကရာသီဥတုကောင်းမွန်ခဲ့ပြီး ၎င်းတို့၏ ၂၀၂၃-၂၄ သကြားရာသီ သကြားထုတ်လုပ်မှု ခန့်မှန်းချက် တွင် ၅ မှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဟု   ISMA မှ မီဒီယာထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့ကြောင်းနှင့် သကြားထုတ်လုပ်မှု တိုးမြင့်လာမှု အပေါ်အခြေခံ၍ အီသနောထုတ် လုပ်မှုအတွက် နောက်ထပ်သကြားတန်ချိန် ၁၀ သိန်း မှ ၁၂ သိန်း သို့ ပြောင်းလဲခွင့်ပြုရန်နှင့် အီသ နောစျေးနှုန်းကို တိုးမြှင့်ပေးရန် ISMA က အစိုးရအား တောင်းဆို ထားကြောင်းသည်။

အိန္ဒိယအစိုးရက မကြာသေးမီက ပြောင်းဖူးမှထုတ်လုပ်သော အီသနောအား မက်လုံးပေး ကြေငြာခဲ့သော်လည်း ကြံသီးနှံသည် ရေ/အာဟာရ/မြေအသုံးချမှု သို့မဟုတ် ကာဗွန်စုဆောင်းမှုတွင် ပိုမိုထိရောက်သောကြောင့် ပြောင်းမှထုတ်လုပ်သည့် အီသနောနှင့် နှိုင်းယှဉ်ပါက အစိုးရ၏ ပံ့ပိုး ကူညီမှုပိုမိုရရှိသင့်ကြောင်းနှင့် ၂၀၂၃-၂၄ (နိုဝင်ဘာမှအောက်တိုဘာလ) အတွက် သကြားရည်နှင့် တင်လဲရည်တို့မှထုတ်လုပ်သည့် အီသနောဝယ်ယူရေးဆိုင်ရာဈေးနှုန်းများကို ပြန်လည်ပြင်ဆင်၍  ချက်ခြင်းထုတ်ပြန်ကြေညာသင့်ကြောင်း   ISMA က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်  ဇန်နဝါရီ ၁၅ ရက်အထိ သကြားထုတ်လုပ်မှု များမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းလျှက်ရှိသော်လည်း  အိန္ဒိယ သကြားစက်များအသင်းက သကြားပိုမိုထွက်ရှိနိုင်မည်ဟုခန့်မှန်းလျှက်ရှိပြီး သကြားရည်နှင့် တင်လဲရည်တို့မှ ထုတ်လုပ်သည့် အီသနောအပေါ် အစိုးရကဝယ်ယူသည့် ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် ဖိအား ပေးဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Source: India’s year-on sugar production till January 15 lags by 5.28%, The Economic Times

မျိုးမြင့်မောင်