ပုသိမ်တွင် ကောက်ရိုးထုံးစက်ဖြင့်ကောက်ရိုးထုံးသရုပ်ပြပွဲကျင်းပ

ပုသိမ်တွင် ကောက်ရိုးထုံးစက်ဖြင့်ကောက်ရိုးထုံးသရုပ်ပြပွဲကျင်းပ

ပုသိမ်၊ ဒီဇင်ဘာ ၃ 

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း  ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာမှ  စက်မှုလယ်ယာစနစ်သို့ အသွင်ကူး ပြောင်းနိုင်ရေး၊   လုပ်သားအင်အားရှားပါးမှုပြဿနာဖြေရှင်းနိုင်ရေး စသည့်  ကောင်းကျိုးများစွာ ရရှိစေရန်  ရည်ရွယ်၍  စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့်    စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်ရိုးထုံးစက် (Round Baler) ဖြင့်  ကောက်ရိုးထုံးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက  ပုသိမ်မြို့နယ် ၊ မဒေါ့ကုန်းကျေးရွာ ကွင်းအမှတ် ၆၃၇  ရှိ ဒေသခံတောင်သူ ဦးမန်းကျော်ခိုင် ၏ လယ်မြေ ၃ ဒသမ ၁၅ ဧက တွင် ကျင်းပပြုလုပ်ရာ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊    တိုင်း / ခရိုင် / မြို့နယ်အဆင့်   ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊  ကျေးရွာ ၃ ရွာမှ ဒေသခံတောင်သူ ၇၀ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ သရုပ်ပြပွဲတွင်  ကောက်ရိုးထုံးစက် (Round Baler) အသုံးပြုခြင်းဖြင့် စပါးရိတ်သိမ်းပြီး လယ် ကွက်များတွင်ကောက်ရိုးများ အမြန် သိမ်းဆည်းနိုင်၍ နောက်သီးနှံအား အချိန်မီစိုက်ပျိုးနိုင်ခြင်း ၊ ကောက်ရိုးမျှင်များအား ကျစ်လျစ်စွာအထုံးပြုလုပ်ထား၍  အလွယ်တကူ သိမ်းဆည်းသိုလှောင်နိုင်ခြင်း၊ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ ပျော့ဖတ်အဖြစ် အသုံးပြုနိုင်ခြင်း၊   တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းနှင့် ကောက်ရိုးထုံးစက် (Round Baler) ၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကို တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးလှထွန်းက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။                         

AMD