ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆည်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ ဒီဇင်ဘာ ၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှမ်းပြည်နယ်အတွင်း စက်တင်ဘာ ဒုတိယအပတ်က နေရာအနှံအပြား မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တောင်ကြီးမြို့ပေါ်မှ ရေများနှင့် ကြားရေဆင်းဧရိယာများမှ စီးဝင်ရေများ အရှိန်ဖြင့် စီးဝင်မှုအရ ကျီးဖြူကန် ရေပိုလွှဲအစိတ်အပိုင်းအချို့နှင့် ရေပေးအဆောက်အုံတံခါးရွက်များ ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဥ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ရေလှောင်ကန် ဘေးကင်းလုံခြုံရေး အစီအမံများနှင့်အညီ နေ့စဉ်မပြတ် ကြည့်ရှုစစ်ဆေးရန်လိုကြောင်း၊ စက်ယန္တရားလိုအပ်ချက်၊ နည်းပညာပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး မိုးစပါး၊ ဆောင်းသီးနှံများကို စိုက်ပျိုးရေ အလုံအလောက် ပေးဝေနိုင်ရေးနှင့်သီးထပ်ပိုမိုစိုက် ပျိုးနိုင်ရေးဆွေးနွေးပြောကြားသည်။
ကျီးဖြူကန်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဆည်လဲရွာအနီးတွင်တည်ရှိပြီး စိစစ်ဧရိယာ ဧက ၁၀၀၀ ကျော် ရေပေးဝေနိုင်သည့် ကန်တစ်ခုဖြစ်ပြီး နှစ်စဥ် မိုးစပါးနှင့် ဆောင်းသီးနှံများကို စိုက်ပျိုးရေ ပေးဝေနိုင်သည့် ဆည်ကန်တစ်ခုဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ လှိုင်ဘုံသာ(၂)ရပ်ကွက်ရှိ ကုန်းလှိုင်ကန် အကူရေပိုလွှဲလုပ်ငန်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သက်မှတ်ကာအလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေး၊ သန့်ရှင်းသပ်ရပ် သာယာလှပရေး ဂရုစိုက်ရန်လိုကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ထူးကဲမိုးရေချိန် စံချိန်သစ်များဖြင့် ရွာသွန်းလာမှုအပေါ် ရေလှောင်ကန်အတွင် ရက်အလိုက်၊ လအလိုက်၊ နှစ်အလိုက် ဝင်ရေများ တွက်ချက်၍ ရေစီးနှုန်းကို လက်ရှိရေပိုလွှဲမှ နိုင်နင်းစွာ လွှဲထုတ်နိုင်ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ပြီး ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် ဆွေးနွေးမှာကြားသည်။
ကုန်းလှိုင်ကန်သည် ကျီးဖြူကန် ရေပိုလွှဲမှ ရေများ၊ ရေသောက်စနစ်မှ ပိုလျှံရေများနှင့် ကြားစီးဝင်ရေများ စီးဝင်ပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ၃၅၀ ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၁၅၀ ဧကပေ၊ စိစစ်ရေသောက် ဧက ၇၀ ပေးဝေ လျှက်ရှိပြီး၊ သောက်သုံးရေအတွက်လည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်အတွင်းရှိ သက်တမ်း နှစ်ပေါင်း ၁၁၀ ကြာ စိုက်ပျိုးရေပေးဝေလျှက်ရှိပြီး အကျိုးပြုဧက ၄၈၇၇ ဧကရှိသည့် အင်းတိန်ရေလွှဲဆည် အား သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက နှစ်စဉ်စိုက်ပျိုးရေ ပေးဝေမှုအခြေအနေ၊ ယခုနှစ် နွေစပါး ၄၄၃၉ ဧက စိုက်ပျိုရေပေးဝေရန် လျာထား ဆောင်ရွက်မှုအခြေအနေ၊ ရာဂီမုန် တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး အင်းတိန် ရေလွှဲဆည် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ရန်ပုံငွေရရှိမှုပေါ်မှုတည်၍ ပြန်လည်ပြုပြင် ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများ၊ လယ်ယာမြေများသဲနုန်းဖုံးလွှမ်းမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလွှဲဆည် အောက်ဘက်ပိုင်းကြမ်းခင်းနှင့် ကျောက်စီမြေထိန်းနံရံ ပျက်စီးထိခိုက်မှုများ၊ လက်ယာတူမြောင်း ဖြစ်သော ဆင်ဖြူမြောင်း သဲနုန်းများပို့ချခဲ့မှုများနှင့် ရေလျှံထိန်းတာပေါင် ရေတိုက်စား ပျက်စီးမှု၊ ရွာမချောင်း ရေထိန်းနံရံ ရေတိုက်စားပျက်စီးမှု အခြေအနေများအား အမြန်ဆုံးပြန်လည် ပြုပြင်ဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် သတ်မှတ်လျာထားဆောင်ရွက်ကြရန်၊ လိုအပ်သည့် ဒီဇိုင်းပုံစံများအား ရုံးချုပ်သို့တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်သွားကြရန်၊ ကျိုးပေါက်ပျက်စီးမှု များအား ယာယီအစီအစဥ် များဖြင့် လတ်တလော ပြုပြင်ဆောင်ရွက်သွားကြရန်နှင့် သဲနုန်းဖုံးလွှမ်း လယ်ယာမြေများအား ပြန် လည်ထွန်ယက်ရေး၊ စိုက်ပျိုးနိုင်ရေးအတွက်သက်ဆိုင်ရာဌာနများမှ ဒေသခံတောင်သူများနှင့်အတူ ပူး ပေါင်းကွင်းဆင်းပြီး အသင့်လျော်ဆုံးနည်းလမ်းဖြင့် စီမံဆောင်ရွက်သွားကြရန်နှင့် မျိုးစေ့၊ နည်းပညာ အခက် အခဲနှင့် အခြားလိုအပ်ချက်များ ကူ ညီထောက်ပံ့နိုင်ရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး အင်းတိန်ရေလွှဲဆည် ယာယီပြုပြင်နေမှု လုပ်ငန်းများနှင့် ရွာမချောင်း ရေထိန်းနံရံ ရေတိုက်စားခဲ့မှုအား မြေသား ရေထိန်းတာပေါင်ဖြင့် ပြန် လည်ကာကွယ် ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးသည်။
ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာ အုပ်စု၊ ငဖိန်းအင်းကွင်းရှိ မွေးမြူရေးဇုန် စီမံကိန်းဆောင်ရွက်မည့် နေရာသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မွေးမြူရေးဇုန်စီမံကိန်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာ ဝန်ရှိသူများက ဇုန်အတွင်း မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေနှင့် အစားအစာ လုံလောက်မှုအခြေနေ၊ ဇီဝလုံခြုံမှုဆိုင်ရာ စီမံဆောင်ရွက်မည့်အခြေအနေ၊ မွေးမြူ ရေးဇုန်ရေရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ မွေးမြူရေးဇုန်အဝင်လမ်း ကျောက်ချောလမ်း ဆောင်ရွက်နေမှုနှင့် ဆိုလာစနစ်ဖြင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး တင်ပြဆောင်ရွက်ထားရှိမှုအခြေအနေစသည့် ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးနှင့် ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ မွေးမြူရေးဇုန် ဆောင်ရွက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI