စပါးမျိုးကောင်းမျိုးသန့်ပွားများထုတ်လုပ်ခြင်းနှင့် တောင်သူများ ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ခြင်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး အဓိကအစားအစာမှာ ဆန်စပါးဖြစ်သည့်အလျောက် နိုင်ငံ၏စိုက်ပျိုးမြေ ၇၀ ရာနှုန်းခန့်မှာလည်းစပါးစိုက်ဧရိယာများ ဖြစ်ကြပါသည်။ နိုင်ငံလူဦး ရေ ၏၇၀ ရာနှုန်းသည် ကျေးလက်မှာနေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် နှီးနွယ်နေသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေကြပါသည်။ ၂၀၂၂ ခုနှစ်စာရင်းအရ မိုးစပါး စိုက်ဧက ၁၄ ဒသမ ၉သန်းတွင်လယ်မြေ ၁၃ ဒသမ ၁၇၅ သန်း၊ ယာမြေ ၆သိန်းနှင့် တောင်ယာ ၁ ဒသမ ၉ သိန်း ရှိသည်ဟု သိရှိရပါသည်။ ထိုမိုးစပါး စိုက်ပျိုးမြေများမှ ၁ ဒသမ ၈ သိန်းခန့်သည် နွေစပါး စိုက်ပျိုးမြေ များဖြစ်၍ မိုးစပါးတမျိုးတည်းကပင် ၅ ဒသမ ၇၃ သန်း ခန့်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ နိုင်ငံတဝှမ်း စပါးစိုက်ပျိုးကြ၍လည်း ပြည်တွင်းဖူလုံသည့်အပြင် ပြည်ပသို့ပင် တင်ပို့နိုင်ပါသည်။
သို့ရာတွင် စပါးစိုက်ပျိုးသူ တောင်သူအများစုမှာ နှစ်စဉ် စပါးစိုက်ပျိုးနေကြသော်လည်း မျိုးကောင်းမျိုးသန့်များကို နှစ်စဉ်ဝယ်ယူသုံးစွဲနေကြရပေသည်။ စပါးမျိုးစေ့အဆင့်၄ဆင့် ရှိသည့် အနက် တောင်သူများစိုက်ပျိုးသုံးစွဲနေသောမျိုးစေ့အဆင့်မှာ မျိုးသန့်မျိုးစေ့အဆင့် (Register seed RS) နှင့် စီးပွားဖြစ်မျိုးစေ့အဆင့် (Certified seed CS) အဆင့်တို့ ဖြစ်ပါသည်။ ထိုမျိုးစေ့အဆင့်ကို ဝယ်ယူသုံးစွဲပြီး ၃-၄ နှစ် ၁ ကြိမ်သွေးသစ်လောင်းကာ မျိုးအစားထိုးပြန်လဲ သုံးစွဲရပါသည်။ ထိုမျိုးစေ့ အဆင့်ကို ဝယ်ယူသူတောင်သူကိုယ်တိုင်မှာလည်း သေချာစနစ်တကျ မျိုးကွဲပယ် ကောက်လေများ ဖယ်ရှားစိုက်ပျိုးမည်ဆိုပါကလည်း မိမိမျိုးကို မိမိကိုယ်တိုင်သာမက နီးစပ်ရာ တောင် သူများ အထိပါ မျိုးအဖြစ် ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးသူတောင်သူများကိုယ်တိုင် မျိုးထုတ်လုပ်ပွားများနိုင်စေရန်နှင့် မျိုးစေ့ နှင့် စားစပါး၏ ဝင်ငွေ ၂ ဆ ကွာဟချက်ကိုပါ သိရှိနိုင်စေရန်ရည်ရွယ်ပြီး ဤဆောင်းပါးကို ရေးသား တင်ပြခြင်းဖြစ်ပါသည်။
စပါးမျိုးစေ့အဆင့် ၄ မျိုး၏ အဓိပ္ပါယ်နှင့်လုပ်ဆောင်ချက်များ၊ စပါး မျိုးသစ်တစ်မျိုး ရရှိရန် အနဲဆုံး ၄- ၇ နှစ်ကြာသည်အထိ လုပ်ဆောင်ချက်အဆင့်ဆင့် မျိုးသစ်တစ်မျိုးရရှိပြီး ဖြန့်ဝေမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
မျိုးသန့်မျိုးစေ့ပွားများခြင်း (Seed Production)
မျိုးသန့်မျိုးစေ့ ပွားများထုတ်လုပ်ခြင်းဆိုသည်မှာ မျိုးမွေးမြူထုတ်လုပ်ခြင်းမှ မျိုးသစ် တစ်ခုရပြီဆိုလျှင် လယ်သမားလက်ဝယ်ထိ ရောက်ရှိအောင် မျိုးစေ့အဆင့်ဆင့် လက်ဆင့်ကမ်း၍ သတ်မှတ်ထားသည့် စံချိန်၊စံညွှန်းများနှင့် ကိုက်ညီအောင် စနစ်တကျ ပွားများထုတ်လုပ်ရသည့် လုပ်ငန်းဖြစ်ပါသည်။ ယခုအခါ စပါးမျိုးစေ့ အရည်အသွေးများ ကျဆင်းလာရသည့် အဓိက အကြောင်းရင်း (၂)ချက်မှာ-
၁။ စိုက်ပျိုးလုပ်ကိုင်နေချိန်တွင်လူနှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်ဖြစ်ခြင်း
ပျိုးထောင်ပြီးစအချိန်တွင်မိုးကြီးစွာရွာခြင်း၊ သွင်းရေမှပေါင်းစေ့နှင့် အခြားမျိုးကွဲစေ့များ ပါလာခြင်း
မြေပြင်ချိန်တွင် မျိုးလေမျိုးလွင့်များ ကုန်စင်အောင် သမန်းပုတ်ရန်၊ မပြုလုပ်နိုင်ခြင်း ၊
ကောင်းစွာမဆွေးမြေ့သေးသော သဘာဝမြေသြဇာမှ ပေါင်းစေ့နှင့် အခြားမျိုးကွဲစေ့များ ပါဝင်လာနိုင်ခြင်း
မိမိ၏စပါးခင်းကိုမျိုးကွဲများကုန်အောင်စနစ်တကျမပယ်နိုင်ခြင်း၊ မျိုးရောမှုအကွာအဝေး နယ်နမိတ်များ မပြုလုပ်ခြင်းနှင့်
ရိတ်သိမ်းချွေလှေ့စဉ်တွင် အသုံးပြုသော ချွေစက်၊ ထော်လာဂျီ၊ ဇကော၊ ဇကာနှင့် တောင်းများ သေချာစွာဂရုစိုက်၍ သန့်စင်အောင် မပြုလုပ်နိုင်ခြင်း
၂။ ပင်ခြားဝတ်မှုန်ကူးခြင်း (Out-Crossing) ဖြစ်၍ မျိုးမသန့် မျိုးရောခြင်း
ဒေသစပါးမျိုးနှင့်အထွက်ကောင်းစပါးမျိုးတို့သည် မျိုးကိုလိုက်၍ ပင်ခြားဝတ်မှုန်ကူးခြင်း ၂−၄ ရာနှုန်းအထိ ရှိနိုင်ရာ ပန်းပွင့်ချိန်တူသောစပါးမျိုးများကို နီးကပ်စွာစိုက်ထားပါက Out crossing ဖြစ်နိုင်ပြီး ၎င်းအပင်ကို ဆက်တိုက်စိုက်ပျိုးလာခြင်းဖြင့် မူလဗီဇ လက္ခဏာများ ပြောင်းလဲလာ၍ မျိုးကွဲများဖြစ်ပေါ်ခြင်း။
အထူးအထွက်တိုး စပါးမျိုးစေ့ထုတ်လုပ်ပွားများရာတွင် ပင်ခြားဝတ်မှုန် မကူးစေရန် သီးသန့်စိုက်ကွက် (Isolated field) များမထားဘဲ စိုက်ပျိုးခြင်း စပါးမျိုးသစ်တစ်မျိုးရရှိရန် အနည်းဆုံး ၄နှစ်(နွေ၊မိုး)မှ−၈နှစ် (မိုး ၁ ရာသီသာ)အထိ အောက်ပုံပါအတိုင်း ကြာမြင့်နိုင်ပါသည်။

မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းစနစ်မျိုးစေ့အဆင့် ၄ မျိုး
၁။ မိဘမျိုးစေ့ (Breeder Seed)
အမြုတေမျိုးစေ့ (Nucleus seed)ကို စိုက်ပျိုးခြင်းမှ ရလာသော မျိုးစေ့ဖြစ်ပြီး ဤမျိုးစေ့အဆင့်ကို ကျွမ်းကျင်သူစိုက်ပျိုးရေးပညာရှင်Breeder ကိုယ် တိုင်မှ ထုတ်လုပ်သည်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရှိ စပါးသီးနှံဗဟိုဌာနမှ ပွားများထုတ်လုပ်သည်။ စပါးမျိုး တစ်မျိုးလျှင် အများဆုံးစိုက်ပျိုးသင့်
သည့် ဧကမှာ သုညဒသမ ၁၀ ဧကဖြစ်သည်။
၂။ ဆင့်ပွားမျိုးစေ့ (Foundation Seed)
BS ကို စိုက်ပျိုးခြင်းဖြင့် ရရှိလာသည့် သားချင်းဖြစ်ပြီးစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စပါးသီးနှံဌာန၊ သီးနှံမျိုးစေ့နှင့် မျိုးပွားများရေးဌာနစုနှင့် စိုက်ပျိုး ရေးဦးစီးဌာနမှ မျိုးစေ့ဌာနခွဲတွင် ထုတ်လုပ်သည်။ အများဆုံးစိုက်ပျိုးဧက ၅- ၁၀ ဧကသာ ဖြစ်သင့်သည်။
၃။ မျိုးသန့်မျိုးပွားမျိုးစေ့(Registered Seed)
ဤမျိုးစေ့သည် FS ကိုစိုက်ပျိုးခြင်းဖြင့် ရရှိလာသော သားချင်းဖြစ်ပြီးမျိုးစေ့ဌာနခွဲမှ လေ့ကျင့် သင်တန်း ပေးထားသော စိုက်ပျိုးရေးပညာရှင်များနှင့် အကျိုးဆောင်တောင်သူများမှ ထုတ်လုပ်ကြသည်။ အများဆုံး စိုက်ပျိုးဧကမှာ ၁၀ ဧကမှ ၁၀၀ ဧက အထိဖြစ်သည်။
၄။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)
ဤမျိုးစေ့သည် RS ကို စိုက်ပျိုးခြင်းဖြင့်ရရှိလာသောသားချင်းဖြစ်ပြီး အကျိုးဆောင် တောင်သူများနှင့် ရိုးရိုးတောင်သူများမှစိုက်ပျိုးထုတ်လုပ်သည်။ ဤမျိုးစေ့အဆင့်ကို လယ်သမား လက်ဝယ် သမရိုးကျစိုက်နည်းစနစ်ဖြင့် ၃နှစ်ဆက်တိုက် စိုက်ပြီးပါက မျိုးစေ့ အရည်အသွေးနှင့် မူလဗီဇအရည် အချင်းလက္ခဏာများ၊အထွက်နှုန်းများကျဆင်းလာပြီး မျိုးစေ့အဖြစ် အသုံးမပြုသင့်ဘဲ စားသုံးမှုအတွက်သာ အသုံးပြုသင့်သည်။ စိုက်ပျိုးနေစဉ် ၃နှစ် အတွင်း လယ်သမား အချင်းချင်း မျိုးဖြန့်ဖြူးမှုများ ပြုလုပ်နိုင်ပြီး ၃နှစ်ကျော်ပါက မျိုးစေ့အသစ်လဲလှယ် စိုက်ပျိုးရန် လိုအပ်သည်။
အရည်အသွေးပြည့်မီသောစပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း
ရည်ရွယ်ချက်မှာ-စပါးအထွက်နှုန်းတိုးတက်စေရနနှင့် အရည်အသွေးကောင်း မွန်သည့်စပါးမျိုးများထုတ်လုပ်စိုက်ပျိုးခြင်းဖြင့် ပြည်တွင်း/ ပြည်ပဈေးကွက် ဝင်သီးနှံများရရှိနိုင်ပြီးတောင်သူများဝင်ငွေတိုးရန် ဖြစ်သည်။
မျိုးစေ့ (Seed)
မျိုးစေ့ဆိုသည်မှာ စိုက်ပျိုးရန်ရည်ရွယ်ထုတ်လုပ်ပြီး မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီကာ သီးနှံ၏ မူလမျိုးရိုးဗီဇ၊ ရုပ်သွင်ပြင်များနှင့် ထပ်တူထပ်မျှရရှိအောင် စနစ်တကျ ထိန်းသိမ်း ထုတ်လုပ်ရရှိသော မျိုးစေ့ကို ခေါ်ပါသည်။
မျိုးဆံ (Grain)
မျိုးဆံဆိုသည်မှာ စားသုံးရန်ဦးတည်ပြီး တောင်သူလယ်သမားများ မိရိုးဖလာနည်းဖြင့် စိုက်ပျိုးရရှိလာသောသီးနှံစေ့ကို ခေါ်ပါသည်။ စပါးမျိုး တစ်ခုကို တောင်သူလက်ဝယ် သုံးနှစ်ဆက်တိုက် မိရိုးဖလာနည်းဖြင့် ပွား များ စိုက်ပျိုးလာပါက မူလဗီဇအရည်အသွေးများ ကျဆင်းလာပြီး အထွက်လည်း လျော့နည်းလာကာ သီးနှံထွက်ကုန် အရည်အသွေးများ ကျဆင်းလာပါသည်။ ၎င်းကို မျိုးစေ့ဟု မသတ်မှတ်ဘဲ မျိုးဆံဟု သတ်မှတ်ပါသည်။

မျိုးကောင်းမျိုးသန့်အသုံးပြုပါကရရှိနိုင်သည့် အကျိုးကျေးဇူးများ
(၁) မူလဗီဇများမပျောက်ပျက်နိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်း
(၂) မျိုးကွဲကင်းစင်၍မျိုးသန့်ခြင်း
(၃) အပင်ပေါက်နှုန်းကောင်းခြင်း
(၄) အပင်သန်စွမ်းခြင်း
(၅ )ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်း
(၆) မူလမျိုးနှင့်ခွဲခြားရခက်သော အခြားသီးနှ့မျိုးများကင်းစင်ခြင်း
(၇) လက်မခံနိုင်သောပေါင်းမျိုးစေ့များကင်းစင်ခြင်း
(၈) ရင့်မှည့်ချိန်ညီညာ၍ရိတ်သိမ်းချိန်တွင်အလေအလွင့်နည်းပြီး ၁၀၂၀%အထိ အထွက်ပိုနိုင်ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိမျိုးစေ့အဆင့်အလိုက် (မျိုးတစ်မျိုးလျင်) အနဲဆုံးထုတ်လုပ်နိုင်သည့်ဧရိယာမှာ အောက်ပါအတိုင်း ဖြစ်သည်-

စပါးမျိုးများ ပွားများဖြန့်ဝေရာတွင် နိုင်ငံတကာစံချိန်စံနှုန်းနှင့် အညီ မျိုးစေ့အဆင့်အလိုက် အောက်ပါအရောင်များအတိုင်း ခွဲခြား သတ်မှတ်ထားပါသည်။

ကွင်းဆင်းစစ်ဆေးခြင်း စံညွှန်းများ

စပါးမျိုးစေ့အရည်အသွေးထိမ်းသိမ်းရေးစံချိန်စံညွှန်းများ (%)

သီးနှံမျိုးစေ့သုတေသနနှင့်မျိုးပွားများရေးဌာနစု၏နှစ်အလိုက် မျိုးစေ့အဆင့်အလိုက်ဖြန့်ဖြူးမှု

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူ ရေး စနစ် သုတေသနနှင့်နည်းပညပြန့်ပွားရေးသုတေသနဌာနခွဲ၊ သီးနှံမျိုးစေ့ သုတေသနနှင့် မျိုးပွားများရေးဌာနစု သည် ၂၀၂၃ ခုနှစ်မိုးရာသီစီမံချက်အရ တောင်သူအခြေပြု လုပ်ငန်းများကို လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့ နယ်များရှိှကျေးရွာများ၌ ဆောင်ရွက်ထားပါသည်။ ယင်းဒေသများရှိ စိုက်ပျိုးရေ ရရှိနိုင်မှုခက်ခဲပြီး ကုန်းပိုင်းကျသည့်နေရာများ၌ ယင်းဒေသနှင့် သင့်လျော်သည့် စိုက်ပျိုးရေး သုတေသန မှ ထုတ်ဝေထားသည့် သက်လျင်စပါး မျိုးသစ်များကို ရွေးချယ်စိုက်ပျိုး စေခဲ့ပါသည်။
၂၀၂၃ မိုးရာသီတွင်တောင်သူပူးပေါင်းပါဝင်စိုက်ပျိုးထားရှိမှု အခြေအနေ
သိန်းသိန်းမော်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန