ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ဇီယာဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၉၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှုန်းဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ် လျှင် ၇၂၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၁၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ငစိန်ဆန်အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၇၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ် အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ မိုးစပါးသစ်များ စတင်ရိတ်သိမ်းချိန်ဖြစ်ခြင်းကြောင်းလည်းကောင်း၊ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်လိုအားပုံမှန်ရှိခြင်းတို့ကြောင့်လည်းကောင်း ဆန်ဈေးနှုန်းအများစုမှာ ယခင်ရက်သတ္တပတ် နည်းတူဈေးနှုန်းအမြင့်တွင် တည်ငြိမ်နေခဲ့ခြင်းဖြစ် သည်။ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုဖြေလျှော့ပြီး နောက်ပိုင်းတွင် ဆန်တင်ပို့သော နိုင်ငံများအကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်း၊ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဝယ်လက်နိုင်ငံများမှလည်း ဝယ်လိုအားကောင်းနေဆဲဖြစ်ခြင်း၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသော နိုင်ငံများတွင်လည်း ဆန်သစ်များ ပေါ်ချိန်ဖြစ်ခြင်း အခြေအ နေများအရ ဆန်တင်သွင်းသောနိုင်ငံများကပိုမိုဝယ်ယူမှုရှိလာခြင်းဖြစ်သည်။မြန်မာ့ဆန်များအား အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပေါ်တူဂီအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့မှုရှိခဲ့ကြောင်းသိရသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိခဲ့ပြီး စားသုံးသူများမှ ပုံမှန်ဝယ်ယူမှုရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်တင်ပို့ခွင့်ကာလကုန်ဆုံးပြီး ဖြစ်ခြင်းကြောင့် လှောင်လက်များမှ ဝယ်ယူမှုနည်းခြင်း၊ ပြောင်းသစ်များ လှိုင်လှိုင် ဝင်ရောက် လာချိန်ဖြစ်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်း၊ မွေးမြူရေး အစာစက်ရုံများမှ ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းများမှာ ဈေးငြိမ်အရောင်း အဝယ်အေးခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်နှင့် ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၈၂၆၂၀ ကျပ်ဖြစ်သည်။
ပဲမျိုးစုံ
ပဲမျိုးစုံအဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ပွဲတော်ကာလအပြီး ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် မတ်ပဲ(သင်္ဘောတင်)နှင့် ပဲစင်းငုံ (သင်္ဘောတင်)ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၆၈၅၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်း ၃၅၉၀၀၀၀ကျပ်သို့ ရောက်ရှိဈေးနိမ့် ခဲ့သည်။ ပဲစင်းငုံ (သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၀၀၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၃၉၀၀၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၉၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာမူ အရောင်းအဝယ်ဖြစ်မှု မရှိ သလောက်နည်းခဲ့ကြောင်းသိရသည်။ ပဲတီရွှေဝါမှာ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိခြင်း၊ တရုတ် ဝယ်လက်အချို့ ဝယ်ယူမှုရှိခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့်လည်းကောင်း၊ ထောပတ်ပဲ၊ ပဲလွမ်းဖြူ၊ ကုလားပဲမှာ ပဲဟောင်းလက်ကျန်နည်းကား ဈေးမြင့်နေချိန်ဖြစ်ခြင်း၊ ပြည်တွင်း ပြည်ပမှ ဝယ်လိုအားနည်းခြင်းကြောင်လည်းကောင်း၊ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်း အဝယ်အေးခဲ့သည်။ ပဲတီ ရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၃၁၅၄၅၀ ကျပ်ဖြင့်လည်းကောင်း၊ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၆၈၄၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၈၉၉၅၀ ကျပ်ဖြင့်လည်းကောင်း၊ ကုလားပဲ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၅၀၆၅ ကျပ်ဖြင့် လည်းကောင်း အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ပဲပုပ်ပဲမှာ ဈေးကွက်သို့ ကုန်အဝင်နည်းခြင်း၊ မျိုးအဖြစ်ဝယ်ယူချိန်ဖြစ်ခြင်း၊ စားသောက်ကုန်လုပ်ငန်းများမှ ဝယ်ယူမှုရှိ ခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ပဲပုပ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၄၄၀၁၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၄၄၅၀၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ဘိုကိတ်ပဲမှာ စိုက်ပျိုးထုတ်လုပ်မှုနည်းသောပဲ အမျိုးအစားဖြစ်ခြင်း၊ ပဲ ဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ အရည်အသွေးနိမ့်ခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအား နည်းခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင် အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၄၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၄၂၄၅၀ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေး နှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၆၃၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေး နှုန်းနှင့် နှိုင်းယှဉ်ပါက ၄၀ ကျပ် ဈေးမြင့်လာခဲ့သည်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းများအသစ်ပေါ်ချိန်တွင် ပြည်ပတင်ပို့မှု နည်းကာ မြေပဲ၊ နှမ်းများ ဈေးနိမ့်ခဲ့ခြင်းနှင့်ပြည်ပငွေလဲနှုန်းများ အနည်းငယ်ဈေးနိမ့်လာခြင်းတို့ကြောင့်အောက် တိုဘာ ပထမရက်သတ္တပတ်မှ စတင်ကာ ၄ ပတ်ဆက်တိုက် ရည်ညွှန်းဈေးနှုန်းများ အနည်းငယ်စီ ကျဆင်းလာခဲ့သော်လည်း အောက်တိုဘာ ပဉ္စမရက်သတ္တပတ်မှ စတင်ကာ ၃ ပတ်ဆက်တိုက် ရည်ညွှန်းဈေးနှုန်းများ အနည်း ငယ်စီ ပြန်လည် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိလက်လီ ဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ကျပ်သားနှုန်းရောင်းချပေးလျက်ရှိသည်။
အေးသန္တာဝင်း