ငါးမထည့်သွင်းမီ ငါးမွေးကန်အဟောင်းနှင့် အသစ်အား ကြိုတင်ပြင်ဆင်ခြင်း

ငါးမထည့်သွင်းမီ ငါးမွေးကန်အဟောင်းနှင့် အသစ်အား ကြိုတင်ပြင်ဆင်ခြင်း

fish

ငါးမွေးတောင်သူများအနေဖြင့် ငါးစတင်မွေးမြူမည်ဆိုပါက ငါးမထည့်သွင်းမီ ငါးမွေးကန်အဟောင်း(သို့) အသစ်အား အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

မွေးကန်အဟောင်းများအား ကန်ပြင်ဆင်ခြင်း

(က)ကန်အခြောက်ခံခြင်း

မွေးမြူရေးတစ်ကြိမ် ဆောင်ရွက်မွေးမြူပြီးတိုင်း ရေအပြောင်ထုတ်၍ အခြောက်ခံရပါမည်။ထိုအချိန်တွင် ငါးရိုင်းများ၊ အပင်မျှောလှေးများ၊ ရွံ့နွံပုပ်များအား ရှင်းလင်းဖယ်ရှားပစ်ရမည်။ အခြောက်ခံခြင်းကို မြေပတ်ကြားအက် ၁ လက်မခန့် ရရှိသည်အထိ ပြုလုပ်ရပါမည်။ ဖြစ်နိုင်ပါက ကန်အောက်ခြေမြေသားအား ထွန်ယက်ပေးရပါမည်။ ထိုသို့ ထွန်ယက်ပေးခြင်းဖြင့်အောက်ခြေမြေသားများ သည် လေထုနှင့် ထိတွေ့ဓာတ်တိုးပြီး မြေသားအတွင်း ဓာတ်ပြုပိတ်မိနေသော သြဇာဓာတ်များ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

(ခ)ထုံးထည့်ခြင်း

မဖောက်ထုံး(သို့)ဖောက်ထုံး (အိမ်ဆောက်ထုံး) ကိုအသုံးပြုနိုင်ပါသည်။ ကန်အခြောက်ခံခြင်းကို ၁ လက်မခန့် ပတ်ကြားအက်လာသောအခါ မဖောက်ထုံးကို တစ်ဧကလျှင် ၂၅ မှ ၅၀ ပိဿာနှုန်း ကန်အနှံ့ဖြူးထည့်ပြီး ရေ ၆ လက်မခန့်သွင်းပြီး ရေအား ဖောက်ထုတ်ကာ ပြန်လည် ၍ အခြောက်ခံရပါမည်။ ထိုသို့ပြုလုပ်ခြင်းသည် ငါးရိုင်းများနှင့် အခြားတွင်းအောင်းသတ္တဝါများကို သုတ်သင်ရှင်းလင်းနိုင်သည်။

(ဂ)မြေသြဇာထည့်ခြင်း

ကန်များအတွင်း ထုံးထည့်ပြီးနောက် ကန်၏ ရေသြဇာဓာတ် ကြွယ်ဝလာစေရန် သဘာဝမြေသြဇာ (တိရစ္ဆာန်အညစ်အကြေး) သို့မဟုတ် ဓာတုဓာတ်မြေသြဇာ (ယူးရီးယား၊တီစူပါ) တို့ကိုထည့်ပေးရပါသည်။ နွား/ကျွဲချေးကို တစ်ဧကလျှင် ပိဿာချိန် ၃၀၀ ခန့်ထည့်သွင်းပေးနိုင်ပြီး ကြက်ချေးဖြစ်ခဲ့ပါက တစ်ဧကလျှင် ပိဿာ ၁၅၀ ခန့်သာ ထည့်သွင်းပေးသင့်ပါသည်။

မွေးမြူရေးကန်အသစ်အား ကန်ပြင်ဆင်ခြင်း

ကန်အသစ်အား တူးဖော်ပြီးပါက ကန်အားရေ ၁ ပေခန့်သွင်းပြီး ၄င်းရေအားပြန်လည်ဖောက်ထုတ်ခြင်းဖြင့် ကန်အားဆေးကြောပေးရမည်ဖြစ်ပါသည်။ထိုသို့ ကန်ဆေးကြောခြင်းအား ၃-၄ ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးမှသာ ကန်အားပြန်လည်အခြောက်ခံပြီး ထုံးထည့်ခြင်း၊ မြေသြဇာထည့်သွင်းခြင်းများကို ကန်အဟောင်းများအတိုင်းမွေးမြူရန်ပြင်ဆင်ဆောင် ရွက်သင့်ပါသည်။

(က)ကန်အခြောက်ခံခြင်း

ကန်အခြောက်ခံခြင်းကို မြေပတ်ကြားအက် ၁လက်မခန့် ရရှိသည်အထိ ပြုလုပ်ရပါမည်။ ဖြစ်နိုင်ပါက ကန်အောက်ခြေမြေသားအား ထွန်ယက်ပေးရပါမည်။ ထိုသို့ ထွန်ယက်ပေးခြင်းဖြင့် အောက်ခြေမြေသားများသည် လေထုနှင့် ထိတွေ့ဓာတ်တိုးပြီး မြေသားအတွင်း ဓာတ်ပြုပိတ်မိနေသော သြဇာဓာတ်များ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

(ခ)ထုံးထည့်ခြင်း

မဖောက်ထုံး(သို့)ဖောက်ထုံး(အိမ် ဆောက်ထုံး)ကိုအသုံးပြုနိုင်ပါသည်။ ကန်အခြောက်ခံခြင်းကို ၁ လက်မ  ခန့် ပတ်ကြားအက်လာသောအခါ မဖောက်ထုံးကို တစ်ဧကလျှင် ၂၅ မှ ၅၀ ပိဿာနှုန်း ကန်အနှံ့ဖြူးထည့်ပြီး ရေ ၆လက်မခန့်သွင်းပြီး ရေဖောက်ထုတ်ကာပြန်လည်၍ အခြောက်ခံရပါမည်။ ထိုသို့ပြုလုပ်ခြင်းသည် ငါးရိုင်းများနှင့်အခြားတွင်းအောင်းသတ္တဝါများကို သုတ်သင်ရှင်းလင်း နိုင်သည်။

(ဂ)မြေသြဇာထည့်ခြင်း

ကန်များအတွင်း ထုံးထည့်ပြီးနောက်ကန်၏ရေသြဇာဓာတ် ကြွယ် ဝလာစေရန် သဘာဝမြေသြဇာ (တိရစ္ဆာန်အညစ်အကြေး)သို့မ ဟုတ် ဓာတုဓာတ်မြေသြဇာ(ယူးရီးယား၊ တီစူပါ)တို့ကို ထည့်ပေးရပါသည်။နွား/ကျွဲချေးကို တစ်ဧကလျှင် ပိဿာချိန် ၃၀၀ ခန့် ထည့်သွင်းပေးနိုင်ပြီး ကြက်ချေးဖြစ်ခဲ့ပါ က တစ်ဧကလျှင် ပိဿာ ၁၅၀ ခန့်သာ ထည့်သွင်းပေးသင့်ပါသည်။

ရေနှင့်ရေသြဇာဓာတ်ထည့်သွင်းခြင်း(မွေးမြူမည့် ကန်ရေအား ပြင်ဆင်ခြင်း)

မွေးမြူရေးအား စတင်ရန် ကန်၏ အောက်ခြေကြမ်းပြင်ပေါ်သို့ ထုံးဖြူးပေးရန် လိုအပ်ပါသည်။ ထုံးအမျိုးအစား ၃ မျိုးရှိရာ မဖောက်ထုံး ခေါ်  ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံးသည် ပြင်းအားများပြီး ကိုင်တွယ်ရာတွင်အန္တရာယ်ရှိပါသည်။ ထုံးကြက်တက်ရေခေါ် ဖောက်ထုံးသည် ကွမ်းယာသုံးထုံးအမျိုးအစားဖြစ်ပြီး ပြင်းအားအနေဖြင့် အသင့်အတင့်ရှိပါသည်။ စိုက်ပျိုးရေးထုံး ခေါ် ထုံးကျောက်မှုန့်သည် ပြင်းအားအနည်း ဆုံးဖြစ်ပြီး ကိုင်တွယ်ရန် အန္တရာယ်အကင်းဆုံး ဖြစ်ပါသည်။

ကန်သစ်များတွင် ကန်ပြင်ဆင်မှုနောက်ဆုံးအဆင့်ဖြစ်သော မွေးမြူ မည့်ကန်ရေအားပြင်ဆင်သည့် အချိန်တွင် အသုံးပြုသင့်သောနှုန်း ထားများမှာ မဖောက်ထုံးအတွက် တစ်ဧကလျှင် ၂ ဒသမ ၅ ပိဿာနှုန်း၊ ဖောက်ထုံး ခေါ် ထုံးကြက်တက်ရေအတွက် တစ်ဧကလျှင် ပိဿာ ၂၀ နှုန်းနှင့် စိုက်ပျိုးရေးသုံး ထုံး အ တွက် တစ်ဧကလျှင် ၂၅ ပိဿာနှုန်းဖြင့် သုံးစွဲနိုင်ပါသည်။ထိုသို့ သုံးစွဲရာတွင်ထုံးအမျိုးအစားတစ်မျိုးတည်း သာ သုံးစွဲရန် လိုအပ်ပြီး ဦးစားပေးသုံးစွဲသင့်သော ထုံးအမျိုးအစားမှာစိုက်ပျိုးရေးသုံး ထုံး အမျိုးအစားဖြစ်ပါသည်။

ကန်အောက်ခြေမြေသားအား ထုံးထည့်ပြီးပါက ကန်အား ရေ ၁ပေခန့် သွင်းပေးရပါမည်။ ထိုသို့ ထည့်သွင်းရာတွင် မလိုလား အပ်သော သားစားငါးသားပေါက်များ ရေနှင့်အတူ ကန်အတွင်းသို့ ဝင်ရောက်လာခြင်း မရှိစေရန် ရေအား ဇကာဖြင့်စစ်၍ ထည့်သွင်းပေးရန်လိုအပ်ပါ သည်။ရေထည့်သွင်းပြီး တစ်ပတ်ခန့်အကြာတွင် သက်ရှိအစာဖြစ်သော အပင်မျှောလှေးနှင့် သတ္တဝါမျှောလှေးများ ပေါက်ဖွားလာပြီး ရေ၏ အရောင်မှာ စိမ်း-ဝါ-ညိုရောင် ဖြစ် လာမည် ဖြစ်ပါသည်။ထိုအချိန်တွင် ကန်ရေကို မိမိလိုအပ်သလောက် ထပ်မံ ဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။သက်ရှိအစာ ပေါက်ဖွားနှုန်း လုံလောက်ခြင်း ရှိမရှိကို ရေကြည်နှုန်းတိုင်းကိရိယာဖြင့် တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။

ရေကြည်နှုန်း ၃၀-၄၀ စင်တီမီတာအတွင်းရှိလျှင်အကောင်းဆုံး ဖြစ်ပါသည်။ လိုအပ်ပါကရေသြဇာအတွက် မြေသြဇာဓာတ်များအား ထည့်သွင်းပေးနိုင်ပါသည်။မြေသြဇာထည့်သွင်းနှုန်းတစ်ဧကကန်အတွက် သဘာဝမြေသြဇာ(နွားချေး/ဝက်ချေး-၃၀ ပိဿာ) သို့မဟုတ် ဓာတုမြေသြဇာ(ယူးရီးယား၊ တီစူပါ- ၁၅ ပိဿာ)အား ထည့်သွင်းပေးနိုင်ပါ သည်။ ကန်၏ ရေကြည်နှုန်းသည် ၃၀ စင်တီမီတာခန့်ရှိပြီး ရေ၏အရောင်သည် စိမ်း-ဝါ-ညို ရောင် ဖြစ်နေပါက သားပေါက်များထည့်သွင်းရန် အသင့်တော်ဆုံး အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပါသည်။ 

ဇော်ကြီး(ငါးဦးစီး)