ဩစတေးလျ စိုက်ပျိုးထုတ်လုပ်သူများ တရုတ်ဈေးကွက် ဝင်ရောက်ရန် စိတ်အားထက်သန်နေ

Global Times ၏ သတင်းတစ်ပုဒ်အရ တရုတ်နှင့် သြစတြေးလျနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး တည်ငြိမ်နေချိန်တွင် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုပိုမိုဖွင့်လှစ်ရန် အလားအလာရှိနေကြောင်း၊ သြစတြေးလျနိုင်ငံရှိ စိုက်ပျိုးရေးကုမ္ပဏီများသည်တရုတ်ဈေးကွက်၏ အရေးပါမှုကို သိရှိကြပြီး တတ်နိုင်သမျှ အမြန်ဆုံးဈေးကွက်ပြန်လည် ဝင်ရောက်ရန် စိတ်အားထက်သန်နေကြကြောင်း သိရှိရပါသည်။
သို့သော်လည်း တရုတ်နိုင်ငံတွင် သြစတြေးလျထွက်ကုန်များသည် ဈေးကွက်ဝေစုတစ်စိတ် တစ်ပိုင်းကို အခြားနိုင်ငံများမှ ပြိုင်ဘက်များထံ ဆုံးရှုံးသွားရာ တရုတ်ဈေးကွက်သို့ ပြန်လည်ဝင် ရောက်ရန် စီစဉ်နေသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရပ်တည်မှုနှင့် ဖောက်သည်ပြန်လည်ရရှိရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း၊ ယခုနှစ် ဒုတိယ နှစ်ဝက်တွင် သြစတြေးလျနိုင်ငံ၏ ထောပတ်သီး၊ ဘလူးဘယ်ရီ၊ ပင်လယ်စာနှင့် ဝိုင် အပါအဝင် ဩစတြေးလျစိုက်ပျိုးရေးကဏ္ဍများမှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အမြတ် အစွန်းများသည့် တရုတ်စျေးကွက်သို့ ဝင်ရောက်နိုင်စေရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။
ဩဂုတ်လကုန်တွင် Avocados Australia ၏ CEO ဖြစ်သူ John Tyas နှင့်အတူ သြစတြေး လျထောပတ်သီးလုပ်ငန်းမှအခြားကိုယ် စားလှယ်များသည် စျေးကွက်သု တေသနအတွက် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ကိုယ်စား လှယ်များသည် ယူနန်၊ ရှန်ကျန့်နှင့် ရှန်ဟိုင်းတို့အပါအဝင် နေရာအများအပြားသို့ သွားရောက်ခဲ့ပြီး တရုတ်ပြည်တွင်းရှိ အဓိကအဖွဲ့အစည်းများ၊ တင်သွင်းသူများ၊လက်ကားရောင်းချ သူများ၊ လက်လီရောင်းချသူများနှင့် တွေ့ဆုံခဲ့ကြကြောင်း၊ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလတွင် Avocados Australia အဖွဲ့သည် သြစတြေးလျ ထောပတ်သီးများအတွက်စျေး ကွက် ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းအားထုတ်မှု မြှင့်တင်ရန် ရည်ရွယ် ချက်ဖြင့် သတင်းအချက် အလက်များ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ရန် China Entry-Exit Inspection and Quarantine Association နှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
ဂျပန်နိုင်ငံသည် တစ်ချိန်က အာရှတွင် ထောပတ်သီးစားသုံးမှု အများဆုံးနိုင်ငံဖြစ်ခဲ့သော် လည်း ယခုအခါ တရုတ်နိုင်ငံက ကျော်တက်သွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အကောက် ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာ ပိုင်အဖွဲ့၏ အချက်အလက်များအရ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ် နိုင်ငံ၌ ထောပတ်သီးတင်သွင်းမှုနှင့် တင်ပို့မှု စုစုပေါင်းပမာဏသည် ၃၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၆၅,၆၀၀ သို့ ရောက်ရှိခဲ့ကြောင်း၊ ကုန်သွယ်မှုတန်ဖိုးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၆ သန်းအထိ ၂၃၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ယခုအခါ ပီရူး၊ ချီလီ၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ကိုလံဘီယာ၊ နယူးဇီလန်၊ အမေရိကန်၊ ကင်ညာ၊ တန် ဇန်းနီးယားနှင့် တောင်အာဖရိက အပါ အဝင် ကမ္ဘာ့နိုင်ငံ အများအပြားသည် တရုတ်နိုင်ငံသို့ ထောပတ်သီးများ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၁၃ ခုနှစ်မှစတင်၍ Avocados Australia သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် လုပ် ဆောင်လျက်ရှိကြောင်း၊ သြစတြေးလျ ထောပတ် သီးများသည်နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံမှ တင်သွင်းသော ထော ပတ်သီးဈေးကွက်၏ ၅၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်မည်ဟု အဖွဲ့အစည်းကယုံကြည်ကြောင်း၊ တရုတ် ဈေးကွက်သို့ ဝင်ရောက်မှုသည် သြစတြေးလျ ထောပတ်သီးတင်ပို့မှုပမာ ဏကို နှစ်ဆကျော် တိုးတက်လာနိုင်စေပြီး ပို့ကုန်တန်ဖိုးမှာ သြစတြေးလျ ဒေါ်လာသန်း ၁၀၀ အောက်မှ သန်း ၃၀၀ ကျော်အထိ မြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။
ထို့အပြင် Berries Australia ၏ အမှုဆောင်ဒါရိုက်တာ Rachel Mackenzie က ၎င်းတို့ အသင်းသည် မကြာသေးမီကအာရှဈေးကွက်အတွက် အထွေထွေမန်နေဂျာတစ်ဦးကို ခန့်အပ်ခဲ့ပြီး မန်နေဂျာသစ်သည် တရုတ်နိုင်ငံအနှံ့ ကွန်ရက်များချဲ့ထွင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နှင့် သြစ တြေးလျအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် တရုတ်နိုင်ငံသို့ လစဉ်သွားရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။
ကေခိုင်ကျော်
https://www.producereport.com