ကော်ဖီစိုက်ပျိုးရန် မြေယာအသုံးပြုခွင့်ရရှိထားသူများအား တစ်ဧကချင်းအတွက် သတ်မှတ်အပင်ဦးရေ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၈
ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် ကော်ဖီဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်း တာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန်ရှိသည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ နှောင့်နှေးမှုမရှိစေဘဲ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ကော်ဖီတောင်သူများ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ရေရှည်အကျိုးစီးပွါးကို မျှော်မှန်းပြီး မြေယာလုပ်ပိုင်ခွင့် အသုံးပြုခွင့်ဆိုင်ရာ ဥပဒေ၊စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ရှင်း လင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌ ပြည်ပစျေးကွက်တွင် နာမည် ကောင်းရရှိပြီးဖြစ်သည့် မြန်မာ့ကော် ဖီထုတ်လုပ်မှုမြှင့်တင်နိုင်ရေး အတွက် ကော်ဖီသီးနှံ စိုက်ပျိုးထုတ် လုပ်မှု တိုးတက်ရေးကို အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့်ပြင်ဦးလွင်ခရိုင်ကို ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်မှု စံပြဒေသအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကော်ဖီစိုက် ပျိုးရန် လုပ်ပိုင်ခွင့်ပြုထားသည့် ဧရိ ယာ အားလုံးကို ပြန်လည်စိစစ်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ကြပ်မတ် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်ဖီတောင်သူများ ကော်ဖီ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ အခက်အခဲများရှိပါကယခုတွေ့ဆုံပွဲတွင် တင်ပြ ဆွေးနွေးကြပြီး ကော်ဖီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူး ပေါင်းကြိုးပမ်းပေးကြရန်တိုက် တွန်း ပါကြောင်း ပြောကြား သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများ က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ညှိနှိုင်း ဆွေးနွေးကြသည်။
ပြင်ဦးလွင်ခရိုင် ကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စံပြဒေသအဖြစ် အကောင်အထည်ဖော် နိုင်ရန် ခေတ်အဆက်ဆက်တွင် မြေယာလုပ်ပိုင် ခွင့်များချထားပေးခဲ့သော်လည်း လက်ရှိတွင် ကော်ဖီ ၁၀၃၇၈ ဧက စိုက်ပျိုးလုပ်ကိုင်လျက်ရှိကာ စိစစ်ပြီး အသီးခူးဧရိယာမှာ ၁၉၃၀ ဧကသာရှိသဖြင့် အသီးခူးဧရိယာတိုး တက်ရေး နှင့် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းမရှိသော ကော်ဖီစိုက်ပျိုးရန် မြေယာအသုံးပြုခွင့်ရရှိထားသူများအနေဖြင့် တစ်ဧကချင်း အတွက် သတ်မှတ် အပင်ဦးရေ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး သည် ရမည်းသင်းမြို့နယ် သင်ပန်းကုန်းကျေးရွာအုပ်စုမိုးစပါးစံပြကွက် တွင် စိုက်ပျိုးထားသော အရည်အ သွေးကောင်း၊ အထွက်ကောင်း စပါးမျိုးသစ်(YSR-1) ဧက(၄၀) ၏ ဖြစ် ထွန်းအောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် သင်ပန်းကုန်း၊ ဆည်ကြီး နှင့် ညောင်အိုင် ကျေးရွာများမှ တောင်သူများအား တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ ၊ တောင်သူများ၏ သီးနှံ စိုက်ပျိုးထွက်ရှိမှု နှင့် ဝင်ငွေအကျိုးအမြတ်တို့ကိုမေးမြန်းဆွေးနွေးပြီး မျိုးကောင်း မျိုးသန့် ပြောင်းလဲသုံးစွဲခြင်း၏ အရေးပါမှုနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက်ဌာနပညာရှင်များနှင့် တောင် သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က စပါးတစ်ဧကချင်း၏ အထွက်နှုန်းတိုးတက်ရေးအတွက် ကောက်ကွက်ပြည့်မီရေးအပါအဝင်လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ နှင့် အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးများ စိုက်ပျိုး ထုတ် လုပ်ခြင်းဖြင့် တောင်သူ့ဝင်ငွေတိုး တက်ရရှိနိုင်မှု တို့ကို ရှင်းလင်းတင်ပြပြီး တောင်သူများက လိုအပ်ချက်များ မေးမြန်းတင်ပြကြရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောင်းနေ ကြာ(ဆင်းရွှေကြာ-၂) ဧက(၁၅၀) စံပြစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဆီထွက်သီးနှံ နေကြာတောင်သူများ နှင့် တွေ့ဆုံ ၍ နေကြာစိုက်ပျိုးခြင်းဆိုင်ရာ လိုက်နာသင့်သော နည်းပညာများအား ရှင်းလင်းဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြမှုအပေါ် လိုအပ်ချက်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI