အင်ဒိုနီးရှားသည် ဇီဝဒီဇယ် ၅၀ ရာခိုင်နှုန်း ထုတ်လုပ်မှုအရှိန် မြှင့်မည်ဖြစ်၍ ကမ္ဘာ့ဈေးကွက်သို့ စားအုန်းဆီကြမ်း တင်ပို့မှု လျှော့ချလာနိုင်

အင်ဒိုနီးရှားသည် ဇီဝဒီဇယ် ၅၀ ရာခိုင်နှုန်း ထုတ်လုပ်မှုအရှိန် မြှင့်မည်ဖြစ်၍ ကမ္ဘာ့ဈေးကွက်သို့ စားအုန်းဆီကြမ်း တင်ပို့မှု လျှော့ချလာနိုင်

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ခံသမ္မတ Prabowo Subianto က အခမ်းအနားများတွင် ဇီဝဒီ ဇယ် ၅၀ ရာခိုင်နှုန်း(B50)အစီအစဉ်အကောင် အထည်ဖော်မှုကို အရှိန်မြှင့်ဆောင် ရွက်မည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိပါသည်။ အဆိုပါအစီအစဉ်ဖြစ်ပေါ်လာပါက အင်ဒိုနီးရှား နိုင်ငံအနေဖြင့် စားအုန်းဆီကြမ်း တင်ပို့မှုကို လျှော့ချလာနိုင်ပြီး တင်ပို့ခြင်း မပြုလုပ်သည့် အခြေအနေလည်းဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားဆီအုန်းအသင်းက ဖော်ပြထားသည်။ 

စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Sudaryono က “B50 အစီအစဉ်ကို ကမ္ဘာ့ ဈေးကွက်တွင် အပေးအယူညှိနှိုင်းနိုင်မှုမြှင့်တင်နိုင်ရန်နှင့် အင်ဒိုနီးရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍအား ကောင်းစေရန်ဟူသည့် မဟာဗျူဟာ ၂ ခုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊အနောက်နိုင်ငံများ ၏ ဆီအုန်းကဏ္ဍအပေါ် ထိခိုက်စေလိုသည့် မူဝါဒများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်မဟာဗျူဟာတစ်ခုလည်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတင်ပို့မှု တိုးတက်စေရေအတွက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဆီအုန်းသည် ကမ္ဘာ့ဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အ ကောင်းဆုံးပြင် ဆင်ထားသည့် ကုန် စည်ဖြစ်ကြောင်း၊ကမ္ဘာ့ဈေးကွက် တွင် ဆီအုန်းထုတ်ကုန်များ ပြဿနာများနှင့် ရင်ဆိုင်ရပါက စားအုန်းဆီကြမ်း (CPO) ကို B50 သို့ ပြောင်းလဲနိုင်ကြောင်း၊ တင်ပို့ရခြင်းမရှိသည့် စားအုန်းဆီများကို အသုံးပြုခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် အပေးအယူညှိနှိုင်းနိုင်မှုကို အားကောင်းစေရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။ 

“အင်ဒိုနီးရှားနိုင်ငံသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုပြု သည့်အကြီးဆုံးနိုင်ငံဖြစ်ကြောင်း၊ သို့ရာတွင် ဆီအုန်းကဏ္ဍရှိ ပါဝင်ပတ်သက်သူများ၊ ကုမ္ပဏီများ၊ လုပ် ငန်းငယ်များမှာ ၎င်းတို့၏ ထုတ်ကုန်များ တင်ပို့နိုင်မှုနှင့်စပ်လျဉ်း၍ စိုးရိမ် မှုများရှိနိုင်ကြောင်း၊ စားအုန်းဆီ တင်ပို့မှုကို နှောင့်နှေးစေရန် ပြုလုပ်သည့်နိုင်ငံရှိပါက စားအုန်းဆီအစား B50 အဖြစ်ပြောင်းလဲ ထုတ်လုပ်နိုင် ကြောင်း၊ အင်ဒိုနီးရှားစားအုန်းဆီကို ပြည်ပမှ မဝယ်ပါက စွမ်းအင်အဖြစ်သို့ပြောင်းလဲနိုင်ကြောင်း၊ထို့ ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အစားအစာနှင့် စွမ်းအင်တွင် ထိန်းချုပ်နိုင်သည့် အားသာချက် ရှိကြောင်း၊ B50 အစီ အစဉ်အကောင်အထည်ဖော်မှုအပြင် ဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းကို ထိန်းချုပ်နိုင်ကြောင်း” Sudar-yono က ပြောကြားခဲ့ပါ သည်။ 

“အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်နေသည့် မဟာဗျူဟာမှာ ဘရာဇီးနိုက ကြံနှင့်စပ်လျဉ်း၍ ဆောင် ရွက်ခဲ့သည့်နည်းလမ်းနှင့်တူကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး ဌာန အနေဖြင့် စားအုန်းဆီမှ ဇီဝဒီဇယ်ထုတ်လုပ်မှုကို ဆက်လက်ပံ့ ပိုးပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် B35 မှ B40၊ B50 ထုတ်လုပ်နိုင်ရေး ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာရှိထားပြီးဖြစ်သည့်အ တွက် B100 အဖြစ် ထုတ်လုပ်နိုင်ရေးကိုလည်း ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုပြု လုပ်နေသည့် အကြီးဆုံး နိုင်ငံဖြစ်ရာ တင်ပို့မှုလျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းများပြုလုပ်လာပါကကမ္ဘာ့ဈေးကွက် အပေါ် သက်ရောက်မှုများ ဖြစ်ပေါ် လာနိုင်ပါကြောင်း မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၊စားအုန်းဆီတင်သွင်း၊ တင်ပို့မှုများတွင် ချိန်ညှိဆောင်ရွက်နိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။ 

သွယ်သွယ်ဆုတင်

Indonesian Palm Oil Association