ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေတွင် စပါးသီးနှံပြန်လည်စိုက်ပျိုးခြင်းအတွက် အခမဲ့ မြေပြင်ထွန်ယက်ပေးခြင်း နှင့် ကောက်စိုက်စက်များဖြင့် အခမဲ့ စိုက်ပျိုးပေး

ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေတွင် စပါးသီးနှံပြန်လည်စိုက်ပျိုးခြင်းအတွက် အခမဲ့ မြေပြင်ထွန်ယက်ပေးခြင်း နှင့် ကောက်စိုက်စက်များဖြင့် အခမဲ့ စိုက်ပျိုးပေး

နေပြည်တော်၊ အောက်တိုဘာ  ၁၁  

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုသဘာဝဘေးဒဏ်ကြောင့်ထိခိုက်ခဲ့သော မိုးစပါးအပါအဝင် သီးနှံစိုက်ခင်းများရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်ချက်များ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာအနီးရှိ တောင်သူများ ၏ လယ်မြေ ၂၁ ဧက ကို စက်မှုလယ်ယာဦးစီးဌာန က မြေပြင်ထွန်ယက်ပေးနေမှု ၊ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ပြောင်း လဲသက်ရောက်လာသည့် ရာသီဥတုကြောင့်  သဘာဝဘေးများရင်ဆိုင်မှုကြုံတွေ့ရမှု အခက်အခဲများကို ဌာန နှင့်တောင်သူများ၏ စုပေါင်းဆောင် ရွက်မှုဖြင့် ရင်ဆိုင်ကျော်လွှားသွား ရန်လိုကြောင်း၊ ယခုကဲ့သို့ ရေကြီးရေလျှံမှုကြောင့်ပျက်စီးခဲ့သည့် လယ် မြေ ၂၁ ဧကတွင် ရာသီအမီ သက်တမ်းတိုစပါး ပြန်လည်စိုက်ပျိုးခြင်းအတွက် မိမိတို့ ဝန်ကြီးဌာနက ထွန်စက်ကြီးများဖြင့် မြေပြင်ထွန်ယက်ပေးခြင်း၊ ပျိုးထောင်ပြီး စပါးပျိုးပင်များကို ကောက်စိုက် စက်များ အသုံးပြု၍ စိုက်ပျိုးပေးခြင်းအား အခမဲ့ ထောက်ပံ့ ကူညီဆောင်ရွက်ပေးခြင်းသည် ဒေသ၏ စားရေရိက္ခာ ဖူလုံစေရေးနှင့် တောင်သူများ၏ လူ မှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သီးနှံများဖြစ် ထွန်းအောင်မြင်ရေးအတွက် သွင်းအားစုထည့်သွင်းခြင်း အပါအဝင် လိုအပ်သောအပင်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများကို တောင်သူများက ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်းဆွေးနွေး ပြော ကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌက ဒေသ၏ လယ် ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ပင်လောင်းလမ်းဆုံအနီးစနစ်ကျလယ်ယာမြေဖော် ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်ထုတ်လမ်း ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများပါဝင်ပြီး လယ်ယာသုံးစက်ကိရိ ယာများ လွယ်ကူစွာ ဝင်ထွက်နိုင်စေမည့် စက်မှုလယ်ယာစနစ်ကို လက် တွေ့အကောင်အထည်ဖော်လုပ်ကိုင်နိုင်ကြမည်ဖြစ်၍ တစ်ဧကချင်း၏ သီးနှံထုတ်လုပ်မှုတိုးတက်ရေးနှင့် တောင်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တောင်သူများဘက်က အားသွန်ခွန် စိုက် ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။ 

တောင်သူများနှင့်တွေ့ဆုံစဉ် သက်ဆိုင်ရာ ဦီးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များက သီးနှံများဖြစ်ထွန်းအောင်မြင်ရေးအတွက် သွင်းအားစုထည့်သွင်းခြင်း၊ အပင်ပြုစု စောင့်ရှောက်ခြင်း၊ ရေသွင်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေချွေတာအသုံးပြုရေး၊ လယ်ယာမြေ အသုံးပြုခွင့်လုပ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုဆိုင်ရာသိမှတ်ဖွယ်ရာများကို ဆွေး နွေး တင်ပြခဲ့ကြသည်။

စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်မှုနှင့်ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်ခဲ့သည့် သီးနှံစိုက်ခင်းများ အထွက်နှုန်းကျဆင်းမသွားစေရေး နှင့် ပျက်စီးခဲ့သည့် စိုက်ခင်းများ ရာသီအချိန်မီစိုက်ပျိုး လုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စပါးသီးနှံပြန်လည်စိုက်ပျိုးခြင်းအတွက် မြေပြင်ထွန်ယက်ခြင်း၊ မျိုးစပါးအခ မဲ့ ရရှိရေး အပါအဝင် အခြားသီးနှံစိုက်ပျိုးလိုသောတောင်သူများအတွက် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

MOALI