ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့်သီးနှံများ ပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများအသုံးပြုနိုင်ရန် ထောက်ပံ့ငွေလှူဒါန်း

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့်သီးနှံများ ပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများအသုံးပြုနိုင်ရန် ထောက်ပံ့ငွေလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၄

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး  ဦးဆောင်အဖွဲ့ထံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)တို့က ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်စိုက်ပျိုးရန် အရင်းမပျောက် မတည်ငွေ နှင့် မျိုးစေ့၊ရွက်ဖျန်းမြေဩဇာနှင့်ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေး အတွက် ထောက်ပံ့ငွေ လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၄ ရက် နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင် ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီးများ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌတို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက အရင်းမပျောက်မတည်ငွေ ကျပ်သိန်း  ၁၂၅၀၀  နှင့် ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း ဥက္ကဌ က ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ ကို လည်းကောင်း ပေးအပ်ကြရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊  ပြည် ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီးများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ 

ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကျေးဇူးတင်စကား ပြောကြားရာ၌ ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ မှ ရေကြီးနစ်မြုပ်မှု ဒဏ်ခံခဲ့ကြရသည့် စပါးစိုက်ဧရိယာ ၇၇၇၃ ဧက အတွက် မျိုးစေ့တစ်တင်း ၊ ရွက်ဖျန်း မြေဩဇာ၊ ပိုးသတ်ဆေး အပါအဝင် တစ်ဧကလျင် စုစုပေါင်း ၆၄၃၂၅ ကျပ်နှုန်း ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း၊ ထို့အတူ အရင်းမပျောက်မတည်ငွေ ကျပ်သိန်းပေါင်း ၁၂,၅၀၀ ကို မိုးစပါးသီးနှံ ထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧကကျပ် တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ ချေးပေးရန်လျာထားပါကြောင်း၊  အဆိုပါ မတည်ငွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊မြို့နယ်အလိုက်မြန်မာ နိုင်ငံ ဆန်စပါးအသင်း ကိုယ်စား လှယ်များကစည်းမျဉ်းနှင့်အညီ စနစ် တကျ ထိန်းသိမ်း စီမံခန့်ခွဲပြီး  စိုက် ပျိုးရေး ဦးစီးဌာန (ရုံးချုပ်)က မူဝါဒ ချမှတ်ကိုင်တွယ်သွားမည်ဖြစ် ကြောင်း၊ အလားတူ မိုးစပါးများ ပြန် လည် စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိ ယာများတွင် မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ၊ မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများ စသည့်တောင်သူများ တွက်ချေ ကိုက်သော အခြားသီးနှံများ ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ကြစေရန် အတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀၀၀ ဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး မတ်ပဲ ၂၆၉၂ ဧက နှင့် ပဲတီစိမ်း ၁၃၀၄ ဧကအတွက် တစ်ဧကလျင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးသွားနိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေခြင်းငှာ တစ်ဖက်တစ်လမ်းမှထောက်ပံ့ပေးသော အလှူ ရှင် အသင်းချုပ်များ၊ ကုမ္ပဏီအစုအဖွဲ့များအား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။                                                                                      

MOALI