ရန်ကုန်ဈေးကွက်

ဆန်ဈေးကွက်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အလတ်စ တစ်တင်းခွဲအိတ်ကို ၇၉၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၀၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုများနှင့် ဖျက်ပိုးကျရောက်မှုများရှိခဲ့ခြင်း၊ လယ်ယာသုံးသွင်းအားစုများ ဈေးမြင့်နေခြင်း၊ ဆန်ဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ စက်တင်ဘာလအတွင်း ရေကြီးနစ်မြုပ်မှုများ ထပ်မံကြုံတွေ့ရခြင်းအခြေအ နေများကြောင့် ဆန်စပါးဈေးနှုန်းများ ယခင်ရက်သတ္တပတ်နည်းတူ ဈေးနှုန်းအမြင့်တွင် တည်ငြိမ်နေခဲ့ပြီး စားသုံးသူများမှလည်း ပုံမှန်ဝယ်ယူမှုသာရှိကြောင်းသိရသည်။
ထိုအခြေအနေများအရ ပြည်တွင်းစားသုံးမှုများသော ဆန်အမျိုးအစားများနှင့် ပြည်ပ ပို့ကုန်ဆန်အမျိုးအစားများအားလုံး ယခင်ရက်သတ္တ ပတ်နည်းတူ ဈေးနှုန်းအမြင့်တွင် တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။ အထက်ပါ ဆန်ဈေးနှုန်းများမှာ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ်၊ စက်တင်ဘာအတွက် သင့်တင့်မျှတသော ဈေးကွက် ဈေးနှုန်းများပင်ဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများ၏ လက်လီဈေးကွက်များတွင် ရည်ညွှန်းဈေးနှုန်းများထက် ၈ ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီ ရောင်းချပေးနိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်သည်။ ရန်ကုန်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းဈေးကွက်
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်တင်ပို့ခွင့်ကာလကုန်ဆုံးသွားပြီဖြစ်သော်လည်း ပြည်တွင်း၌ ပြောင်းအဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ မွေးမြူရေးအစာစက်ရုံများမှ ပုံမှန်ဝယ်ယူမှုရှိ ခြင်း၊ သွင်းအားစုစရိတ်များနှင့်သယ်ယူပို့ဆောင်စရိတ်များဈေးမြင့်နေခြင်းတို့ကြောင့် အစေ့ထုတ် ပြောင်းဈေးနှုန်းများ ယခင်ရက်သတ္တပတ်၏ ဈေးနှုန်းများအတိုင်း ဈေးနှုန်းအမြင့်တွင် တည်ငြိမ်နေခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေး နှုန်းမှာ ၉၃၉၆၀ ကျပ်ဖြစ်သည်။ ၎င်းဈေးနှုန်းမှာ ဩဂုတ် တတိယရက်သတ္တပတ်မှ ယခု စက်တင်ဘာ စတုတ္ထရက်သတ္တပတ်တိုင်အောင် ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စားဖိုဆောင်သီးနှံ
ရေကြီးနစ်မြုပ်မှုများကြောင့် ကုန်ပျက်စီးမှုများရှိခြင်းနှင့် လမ်းပန်းခက်ခဲမှုများကြောင့် ကုန်အဝင်နည်းခဲ့ရာမှ ကုန်စည်များ တဖြည်းဖြည်းဝင်ရောက်လာနိုင် ခြင်းကြောင့် စားဖိုဆောင်သီးနှံအချို့၏ ဈေးနှုန်းများ ယခင်ရက်သတ္တပတ်ထက် အနည်းငယ်ဈေး နိမ့်လာကြောင်း တွေ့ရသည်။ ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲ၊ မြားနီ၊ ပန်းတနော် ငရုတ်ရှည်များ ကုန်အဝင်ပိုလာခြင်းကြောင့်အနည်းငယ်ဈေးနိမ့်လာခဲ့ပြီး ငရုတ်ခြောက်(လတ်)နှင့် ငရုတ်ခြောက် (ပွ)မှာ ကုန်အဝင်မရှိသလောက်နည်းခြင်းနှင့် စားသုံးသူများမှ ဝယ် လိုအားနည်းခြင်းကြောင့် ဈေးငြိမ်လျက်ရှိသည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) တစ်ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၈၅၀၀-၁၁၀၀၀-၁၀၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၀၀၀-၁၁၀၀၀-၁၀၅၀၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ ပန်းတနော်၊ မိုးထောင်(မြစ်ဝ)၊ ဆင်ဖြူကျွန်း(ပု)၊ မြစ်ဝ(ပု) ငရုတ်မှာ ကုန်ဝင်ရောက်မှုရှိကြောင်းသိရသည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး)မှာ ကုန်အဝင်ပုံမှန်ရှိသော်လည်း အသေးစ၊ အလတ်စများခြင်းနှင့် ဝယ်လိုအား နည်းခြင်းကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၃၅၀-၂၀၇၅-၁၅၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၂၅၀-၁၉၀၀-၁၄၂၅ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ရန်ကုန်ဈေးကွက် သို့ ဆိပ်ဖြူ၊ မြင်းခြံ၊ပခုက္ကူ၊ မုံရွာ၊ တောင်သာ၊ မိတ္ထီလာ ဒေသများမှ ကုန်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ ကုန်အဝင်ပုံမှန်ရှိလာခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအား များခြင်းကြောင့် အနည်းငယ် ဈေးမြင့်လာခဲ့ပြီး ကြက်သွန်ဖြူ(ကြူကုတ်)မှာ ထိုင်းနယ်စပ်မှ တစ်ဆင့်ကုန်ဝင်ရောက်မှုရှိလာခြင်းကြောင့် ကုန်အဝင်ပိုလာသော်လည်း စားသုံးသူများမှ ဝယ်ယူ မှုနည်းလာခြင်းကြောင့်ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာ လျှင် ယခင်အပတ်က ၁၁၄၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၁၇၅၀ ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ လျှင် ယခင်အပတ်ဈေးနှုန်းမှာ ၁၈၄၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၈၂၅၀ ကျပ်ဖြစ်သည်။ ရှမ်းအာလူးနှင့် တရုတ်အာလူးများ ကုန်အဝင်အနည်းငယ်ပိုလာခြင်းကြောင့် ယခင်ရက် သတ္တပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင်အပတ် ၈၀၀၀ ကျပ်မှ ယခု အပတ်ဈေး ၆၅၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ အောင်ပန်းအာလူး(S1၊ OK၊ A1) တစ်ပိဿာလျှင် ယခင်အပတ်က ၆၅၀၀-၅၅၀၀-၄၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၅၅၀၀-၅၀၀၀-၄၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။
စားသုံးဆီဈေးကွက်
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၈၅၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းထက်တစ်ပိဿာလျှင် ၁၃၀ ကျပ်နှုန်း ဈေးမြင့်လာ ခဲ့ခြင်းဖြစ်သည်။ မေလစတုတ္ထရက်သတ္တပတ်မှစတင်ကာ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပလက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချပေးလျက်ရှိသည်။ ပြင်ပရှိ လက်လီ ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ဝယ်ယူရရှိရန်လည်း ခက်ခဲကြောင်းသိရသည်။
အေးသန္တာဝင်း