ထိုင်းနိုင်ငံတွင် ငှက်ပျောဈေးမြင့်တက်

ထိုင်းနိုင်ငံတွင် ငှက်ပျောဈေးမြင့်တက်

ထိုင်းနိုင်ငံတွင် ရွှေငှက်ပျောသီးဟု လူသိများသော kluay hom thong ငှက်ပျောသီး၏ ကုန်ကျစရိတ်မှာ ဝယ်လိုအားများလာခြင်းကြောင့် ဘတ် ၃၀ (အမေရိကန်ဒေါ်လာ ၀.၈၉) အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ Phathalung ပြည်နယ်၊ Bang Kaew ခရိုင်ရှိ ရွှေငှက်ပျောသီးနှင့် သစ်သီးဘေးကင်းရေးအဖွဲ့ Somchai Nunual မှသစ်သီးများ၏ ရေပန်းစားမှုမြင့်တက်လာခြင်းနှင့် ယခင်နှစ်နှောင်းပိုင်းမှစ၍ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အထွက်နှုန်းကျဆင်းပြီး ငှက်ပျောသီး စျေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ ရော်ဘာ၊ စပါးနှင့် ဆီအုန်းကဲ့သို့သော အခြားသီးနှံများထက် ငှက်ပျောစိုက်ပျိုးရေးကို အလေးထားသော Bang Kaew ခရိုင်သည် ငှက်ပျော အထွက်နှုန်း သိသိသာသာ ကျဆင်းနေမှုကို ရင်ဆိုင်နေကြရပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ယခုနှစ်တွင် တန်ချိန် ၃၂,၀၀၀ သာ ရိတ်သိမ်းနိုင်ခဲ့ပြီး ယခင်နှစ် စံချိန်တင် တန်ချိန် ၁၂၀,၀၀၀ ထက် သိသာစွာ လျော့ကျသွားကြောင်း သိရှိရသည်။

ယခင်နှစ်က ငှက်ပျောသီး ၁၀၀ လျှင် ပျမ်းမျှဝင်ငွေ ၂၇၈ ဘတ်ရရှိခဲ့မှုသည် ၂၀၂၂ ခုနှစ်က ရရှိခဲ့သော ၂၄၃ ဘတ်ထက် တိုးမြင့်လာပြီး ယခုနှစ်အတွက် ငှက်ပျောသီး ၁၀၀ လျှင် ခန့်မှန်းဝင်ငွေ ၂၉၂ ဘတ်ဖြင့် ငှက်ပျောစိုက်တောင်သူများ၏ ဝင်ငွေလည်း ပြောင်းလဲလာပါသည်။ ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ရွှေငှက်ပျောသီးကို ဂျပန်၊ တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ စျေးကွက်များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ နှစ်စဉ် ခွဲတမ်းတန်ချိန် ၈၀၀၀ ရှိသော်လည်း ထုတ်လုပ်ရာတွင် ဂျပန်နိုင်ငံမှသတ် မှတ်သော အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီရန် စိန်ခေါ်မှုရှိခြင်းကြောင့် ယင်းခွဲတမ်း၏ ထက်ဝက်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

လင်းလဲ့ရည်အောင်

https://www.freshplaza.com/asia/article/9659009/banana-prices-surge-in-thailand/