လယ်ယာသန်းခေါင်စာရင်းစီမံကိန်းဦးဆောင်ကော်မတီနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်းစီမံကိန်း ဦးဆောင်ကော်မတီနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ ၁၄:၀၀ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၄၁၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းဦးဆောင်ကော်မတီနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အမျိုးသားစီမံကိန်းပေါင်းစပ်ညှိနှိုင်းရေးမှူး အပါအဝင် ဗဟိုစာရင်း အင်းအဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနတို့မှ ကိုယ်စားလှယ် အဖွဲ့ဝင်များ စုစုပေါင်း ၂၂ ဦးတို့ တက်ရောက်ခဲ့ကြောင်း၊
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးသက်နိုင်ဦးမှ ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်းစီမံကိန်း (ရှေ့ ပြေးစမ်းသပ်မှု) လုပ်ငန်းအဖြစ် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီမှ ဇွန် အတွင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုအခြေအနေများနှင့် ကောက်ယူရရှိခဲ့သည့် အချက်အ လက်များအပေါ် စာရင်းပြုစုတွက်ချက်မှု ကနဦးရလဒ် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ လယ်ယာသန်းခေါင်စီမံကိန်း၏ အမျိုးသားစီမံကိန်းပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ဒေါက်တာရဲထွန်းမှ လယ်ယာသန်းခေါင် စီမံကိန်း (ရှေ့ပြေးစမ်းသပ်မှု) လုပ်ငန်းတွင် စာရင်း ကောက်ယူပြီးစီးမှု အခြေအနေများနှင့် လယ်ယာသန်းခေါင်စာရင်းအစီရင်ခံစာ ပြုစုရေးသားရန် အတွက် စာရင်းတွက်ချက်မှု ကနဦးရလဒ် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စီမံကိန်းဦးဆောင်ကော်မတီနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက လယ်ယာသန်းခေါင်စာရင်း အစီရင်ခံစာပြုစု ထုတ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
SLRD