ယခုနှစ် ဗီယက်နမ်မှ တရုတ် အုန်းသီးတင်ပို့မှု အမေရိကန် ဒေါ်လာ တစ်ဘီလီယံအထိ ရောက်ရှိနိုင်

ယခုနှစ် ဗီယက်နမ်မှ တရုတ် အုန်းသီးတင်ပို့မှု အမေရိကန် ဒေါ်လာ တစ်ဘီလီယံအထိ ရောက်ရှိနိုင်

ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ အေးခဲထားသော ဒူးရင်းသီး၊ လတ်ဆတ်သော အုန်းသီးများနှင့် မိကျောင်းထွက်ကုန်ပစ္စည်းများကို တရားဝင် တင်ပို့ရန် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် သဘောတူစာချုပ် ၃ ခုကို အပြီးသတ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုမှ လယ်ယာထွက်ကုန်များ၏ တင်ပို့မှုပမာဏကို တိုးလာစေရန် မျှော်မှန်းထားသည်။တရုတ်နိုင်ငံတွင် လူဦး ရေ ၁ ဒသမ ၄ ဘီလီယံအထက်ရှိပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းမှ ထွက်ရှိသော အုန်းသီးပမာဏသည် တရုတ်နိုင်ငံအုန်းသီးဝယ်လိုအား၏ ၁၀ ရာ ခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်သည့်အတွက်လတ်ဆတ်သော အုန်းသီးများ တင်ပို့မှု သဘောတူညီချက်သည် ဗီယက်နမ်နိုင်ငံ၏ အုန်းသီးစိုက်ပျိုးထုတ်လုပ်သူများအတွက် ကြီးမားသောအခွင့်အလမ်းများအဖြစ် မျှော်မှန်းထားသည်။

ဤကဲ့သို့ တရုတ်ဈေးကွက် ပွင့်လာခြင်းသည် အုန်းသီးအတွက် တည်ငြိမ်သော စားသုံးမှု ဈေးကွက်ကို ဖန်တီးပေးပြီး အုန်းသီးဈေးနှုန်းများ ကျဆင်းမှုအား ကာကွယ်ရန် အထောက်အကူ ဖြစ်စေကြောင်း Ben Tre ပြည်နယ်မှ အုန်းသီးစိုက်ဧရိယာ ၁ ဟက်တာရှိသော တောင် သူ တစ်ဦးဖြစ်သည့် Nguyen Huu Tai က ပြောကြားခဲ့သည်။ ဗီယက် နမ် သစ်သီးဝလံနှင့် ဟင်းသီး ဟင်း ရွက်အဖွဲ့အစည်းမှ ယခုနှစ်ကုန်ပိုင်းတွင် လတ်ဆတ်သောအုန်းသီး တင်ပို့မှုမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ် လာ သန်း ၂၀၀ မှ ၃၀၀ သန်း အထိ တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားပြီးဆက်လက်၍လည်းတိုးတက်လာမည်ဟု မျှော်မှန်ထားသည်။

ကမ္ဘာ့ပေါ်တွင် သတ္တမမြောက် အုန်းသီးအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် စုစုပေါင်း အုန်းသီးစိုက်ဧရိယာ၁၈၈,၀၀၀ ဟက်တာ ရှိပြီး နှစ်စဉ် အုန်းသီး တန်ချိန် ၂ သန်းဝန်းကျင် ထွက်ရှိပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများတွင် အများဆုံး ထွက်ရှိသည့်နိုင်ငံဖြစ်သည်။ သို့သော် အုန်းသီးစက်ရုံလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ ရေရှည်တင်ပို့နိုင်ရေးအတွက် အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်း လိုအပ်ချက်များကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ အုန်းသီးများကို တစ်စုတစ်စည်းတည်းစိုက်ပျိုးထားခြင်း မရှိသည့်အတွက် အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များကို အဟန့်အတား ဖြစ်စေပြီး အဆိုပါကိစ္စရပ်များကို ဖြေရှင်းရန်အချိန်လိုအပ်လျက်ရှိကြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရေး ဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyen Quoc Manh က ပြောကြားသည်။

အုန်းသီး ခူးဆွတ်ခြင်း၊ စုဆောင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ 

Ben Tre အုန်းသီးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ Tran Van Duc မှ ဈေးကွက် ချဲ့ထွင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် တင်းကျပ်သော အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီသည့် စိုက်ပျိုးထုတ်လုပ်သည့်ဧရိ ယာများ ဖွံ့ဖြိုးတိုးတက်လာမှု၏ အရေးပါပုံများကို အလေးပေးပြောကြားသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Hoang Trung မှ သွင်းကုန်ဈေးကွက် လိုအပ်ချက်များနှင့်ကိုက်ညီစေရန် စိုက်ပျိုး ဧရိယာများနှင့် ပါကင်ထုတ်ပိုးမှုပစ္စည်းများကို စီမံခန့်ခွဲရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။

အဆိုပါဝန်ကြီးဌာနသည် အုန်းသီးတင်ပို့မှုများ ချဲ့ထွင်ရန်အတွက် ဤအခွင့်အလမ်းကို အသုံးချပြီး ဗီယက်နမ်တောင်သူများအား ပံ့ပိုးကူညီရန် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း လတ်ဆတ်သော အုန်းသီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဝန်းကျင်ရှိပြီး တရုတ်၊ ထိုင်း၊ အမေရိကန်နှင့် ဉရောပသမဂ္ဂတို့မှာ အဓိကဈေးကွက်များ ဖြစ်ကြောင်း သိရှိရပါသည်။  

နွေးနွေးအောင်

https://www.freshplaza.com/north-america/article/9653823/vietnam-s-coconut-exports-to-china-could-hit-1-billion-usd-this-year/၂၉-၈-၂၄