ငါးလတာကာလအတွင်း အီရန်မှလယ်ယာထွက်ကုန်တင်ပို့မှု သိသိသာသာ မြင့်တက်လာကြောင်း ဖော်ပြ

စနေနေ့က ထုတ်ပြန်သည့် IRICA ကိန်းဂဏန်းများအရ အီရန်နိုင်ငံသည် ဩဂုတ်လ ၂၁ ရက်အထိ ငါးလတာကာလအတွင်း စိုက်ပျိုးရေးထွက်ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၃ ဘီလီယံ ဖိုးခန့် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၃၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
ဧပြီလမှ သြဂုတ်လအတွင်း သင်္ဘောဖြင့် ကုန်ပစ္စည်းပမာဏအား ဖြင့် မက်ထရစ်တန် ၂ ဒသမ ၆၅၇ သန်းကျော် တင်ပို့ခဲ့ပြီး ၂၂ ရာခိုင်နှုန်း တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရပါသည်။
အီရန်လယ်ယာထွက်ကုန်များ အဓိကတင်ပို့သည့်စာရင်းတွင် အမေရိကန်ဒေါ်လာ ၃၅၂ သန်း တင်ပို့မှုတန်ဖိုးရှိသည့် ပီစတာချီယိုသည် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်းနောက်တွင် ခရမ်းချဉ် သီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၇ သန်းနှင့် ပန်းသီးတင်ပို့မူမှ အမေရိကန်ဒေါ် လာ ၁၁၁ သန်း ရှိကြောင်း ကိန်း ဂဏန်းများအရ သိရပါသည်။
ဖန်လုံအိမ်ဖြင့်စိုက်ပျိုးသည့် ငရုတ် ကောင်း၊ လိမ္မော်သီး၊ ပီစတာချီယို၊ ပန်းသီးနှင့် ဆလတ် ရွက်တင်ပို့မှုတို့သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဧပြီလမှ သြဂုတ်လအတွင်း တင်ပို့မှု အမြင့်ဆုံးဖြစ် ကြောင်း IRICA မှ ပြောကြားသည်။
ဆန့်ကျင်ဘက်အနေဖြင့် အီရန်နိုင်ငံမှ ကုံကုမံတင်ပို့မှု ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မက်မွန် သီးနှင့် ဖရဲသီးအမျိုးမျိုးတင်ပို့မှုမှာလည်း ၁၅ ရာ ခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
အီရန်သည် မကြာသေးမီနှစ်များအတွင်း အစိုးရ၏စိုက်ပျိုးရေးကဏ္ဍအပေါ် ပိုမိုအလေးပေး ပံ့ပိုးကူညီမှုနှင့် ပြည်တွင်းနှင့် ဒေသတွင်းဈေးကွက်များအကြား သီးနှံများ၏ ဈေးနှုန်းကွာခြားမှုများကြောင့် ၎င်း၏ လယ်ယာထွက်ကုန်တင်ပို့မှုတွင် သိသိသာသာ တိုးတက်လာခဲ့သည်။
ပို့ကုန်များ အများအပြားတင်ပို့ခြင်းဖြင့် နိုင်ငံ၏ ကျေးလက်ဒေသများအတွက် ပိုမို ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး အီရန်၏စိုက်ပျိုးရေးကဏ္ဍတွင် အ လုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေခဲ့ကြောင်း သိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://en.mehrnews.com/news/220138/Iran-reports-major-rise-in-agriculture-exports-in-5-months(၂၅-၈-၂၄)