ရုရှားနိုင်ငံသို့ တရုတ်လက်ဖက်ခြောက် တင်ပို့မှု ၂၁ ရာခိုင်နှုန်းတိုးတက်

ရုရှားနိုင်ငံသို့ တရုတ်လက်ဖက်ခြောက် တင်ပို့မှု ၂၁ ရာခိုင်နှုန်းတိုးတက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်လက်ဖက်ခြောက်ထုတ်လုပ် သူများ၏ လက်ဖက်ခြောက်တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း တိုး တက်ခဲ့ပြီးတန်ချိန်အားဖြင့် ၁၀,၀၀၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ သန်းအထိရှိ ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ အချက် အလက်များအရ သိရှိရသည်။

တရုတ်မှ ရုရှားသို့ တင်ပို့သော လက်ဖက်ခြောက်များအနက် Green Tea အမျိုးအစားသည် ၆၆ ရာခိုင် နှုန်း(မက်ထရစ်တန်ချိန် ၆,၆၀၀ ကျော်)၊ Oolong Tea အမျိုးအစားသည် ၁၅ ရာခိုင်နှုန်း ခန့်၊ ရုရှားလူမျိုးများအတွက် ရိုးရာလက်ဖက်ခြောက်နှင့် တူသော Black Tea အမျိုးအစားသည် ၁၄ ရာခိုင်နှုန်းခန့်နှင့် Jasmine Tea သည် ၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ၇ လတာကာလအတွင်း တရုတ်လက်ဖက်ခြောက်တင်သွင်းသည့်နိုင်ငံများအနက် ဝယ်ယူမှုတန်ဖိုးအရမော်ရိုကို (ဒေါ်လာ ၁၂၃ ဒသမ ၅ သန်း)၊ ဂါနာ( ဒေါ်လာ ၉၅ ဒသမ ၂ သန်း)၊ မလေး ရှား(ဒေါ်လာ ၅၃ သန်း)၊ မော်ရီတေးနီးယား(ဒေါ်လာ ၃၆ ဒသမ ၇ သန်း)နှင့် ရုရှား(ဒေါ်လာ ၃၂ သန်း) သည် ပဉ္စမနေရာတွင် ရှိနေသည်။

 ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံသို့ လက်ဖက်ခြောက်တန်ချိန် ၁၄,၇၄၇  တင် ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅၄ သန်းခန့်ရှိခဲ့ကာ ၂၀၂၂ ခုနှစ်ထက် ၂၂ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ လက်ဖက်ခြောက်များ တင်သွင်းခဲ့သော်လည်း ပမာဏအားဖြင့် တင်ပို့မှုထက် သိသိသာ သာ လျော့နည်းခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ လက်ဖက်ခြောက်အဓိကတင်ပို့ခဲ့သော နိုင်ငံများမှာ အိန္ဒိယ (၃၄,၂၈၀ တန်)၊ သီရိလင်္ကာ(၂၂,၆၁၄ တန်)၊ တရုတ်(၁၄,၇၄၇ တန်)၊ ကင်ညာ (၁၃,၈၇၉ တန်)နှင့် အင်ဒိုနီးရှား (၄,၅၃၈ တန်) တို့ဖြစ်သည်။ ရုရှားနိုင်ငံသည် နှစ်စဉ် လက်ဖက်ခြောက် တန်ချိန် ၁ သိန်းနှင့်အထက် တင်သွင်းလျက် ရှိသဖြင့် ရုရှားနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့နိုင်သည့် အလားအလာကောင်းများ ရှိနေပါကြောင်း သုံးသပ်ရပါသည်။

ခွန်မျိုးသူ

https://tass.ru/ekonomika/21657393