နှမ်းစိုက်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ နှမ်းအဝယ်ဒိုင် ဖွင့်လှစ်

နှမ်းစိုက်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (SFDA) သည် နှမ်းဖြူနှင့် နှမ်းနက်များ ဈေးပြိုင်စနစ်ဖြင့်ဝယ်ယူရန်နှမ်းစိုက်တောင်သူ အများအပြား စုပေါင်းရောင်းချနိုင်သည့် စင်တာတစ်ခုကို တည်ထောင်သွားမည်ဖြစ်သည်။
SFDA အဖွဲ့ဝင်ကျေးရွာများ၌ သြဂုတ်လလယ်တွင် နှမ်းဖြူရိတ်သိမ်းရာသီစတင်ခဲ့ပြီး SFDA နှင့် မြင့်မြတ်တော်ဝင် ကုမ္ပဏီမှ စင်တာဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြသည်။
၎င်းတို့သည် ၂၀၂၂ ခုနှစ်တွင် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မကွေး၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီးနှင့် မြို့သစ်မြို့နယ်များရှိ ကျေးရွာပေါင်း ၈၀ ကျော်မှ စိုက်ပျိုးသူများအား အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
၎င်းတို့သည် မကွေးတိုင်းဒေသရှိ သစ်ရာကောက်ကျေးရွာတွင် စင်တာတစ်ခုကို ၂ နှစ် ဆက်တိုက် ဖွင့်လှစ်ခဲ့သည်။
ယခုနှစ်တွင် သစ်ရာကောက်ကျေးရွာ၌ အရောင်းစင်တာဖွင့်ရန် ကြိုးပမ်းမှုသည် ၎င်းဧရိယာ၏ မမျှော်လင့်သော အခြေအနေများကြောင့် အဆင်မပြေဖြစ်ခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့သည် မကွေးမြို့ အဝိုင်းပတ်လမ်းအနီးရှိ သင်ကြားရေးဆေးရုံမြောက်ဘက် မြင့်မြတ်တော်ဝင် ကုမ္ပဏီ၏ အဆောက်အဦသို့ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ပြီး နှမ်းဖြူနှင့်နှမ်းနက်များကို ပွဲစားခနှင့် အလုပ်သမားခပေးစရာမလိုဘဲ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှ စတင်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
နှမ်းစိုက်တောင်သူဖွံ့ဖြိုးတိုးတက်ရေးအသင်းစင်တာကို တနင်္ဂနွေနေ့များသာလျှင်ပိတ်ထားမည်ဖြစ်ပြီး ပွဲရုံဖွင့် ချိန်မှာ မနက် ၉ နာရီမှ ညနေ ၄နာရီအထိဖွင့်လှစ်ထားမည်ဖြစ် သည်။
သို့ဖြစ်ပါ၍ နှမ်းစိုက်ပျိုးသူများအား အရောင်းစင်တာတွင်အဖွဲ့လိုက် စုပေါင်းရောင်းချကြရန် အသိပေးထားပါသည်။
SFDA သည် ကော်မတီများနှင့် ချိတ်ဆက်ရန်သတင်းအချက်အ လက်များ ဖြန့်ဝေရန်နှင့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန် ကြိုးစားနေကြောင်းသိရှိရသည်။
အေးအေးခိုင်
https://www.gnlm.com.mm/