ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်
    ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၁၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၇၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၀၀၀၀ကျပ်နှုန်းဖြင့်လည်း ကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ယခင်လတွင် မိုးတွင်းကာလဖြစ်၍ ဈေးကွက်သို့ ကုန်အဝင်နည်းလေ့ရှိခြင်း၈-၈-၂၀၂၄ နေ့မှစတင်ကာ ပို့ကုန်ရငွေအပေါ် ၂၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ကျပ်ငွေ လဲလှယ်ရန် ဖြေလျှော့မှုများရှိလာခြင်း၊ ပြည်ပငွေလဲနှုန်းများ မတည်ငြိမ်ခြင်း၊ စားသုံးသူများမှ ပိုမိုဝယ်ယူမှုရှိခြင်းတို့ကြောင့် နယ်ဈေးကွက်များတွင် ဆန်နှင့်စပါးဈေးနှုန်း များ ပြောင်းလဲမှုများလည်းရှိကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများတွင်လည်း ပြည်ပပို့ကုန် ဆန်ဈေးနှုန်းများမြင့်တက်မှုရှိလာကြောင်းလည်းသိရသည်။ အထက်ပါဆန်ဈေး နှုန်းများမှာ ဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး၊ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ သိုလှောင်ဈေးကစားမှုများ မဖြစ်ပေါ်စေရေးအတွက်  မြန်မာနို်ငငံဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သတ်မှတ်ထားသော ရည်ညွှန်း ဈေးနှုန်းများပင်ဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများ၏ လက်လီဈေးကွက် များတွင် ရည်ညွှန်းဈေးနှုန်းများထက် ၈ ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီ ရောင်းချပေးနိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကနိုင်ငံအချို့သို့ တင်ပို့မှုရှိကြောင်းသိရသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း
    အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်ပို့ နိုင်သော နောက်ဆုံး လဖြစ်ခြင်း၊ ပြည်တွင်းပြောင်းလက်ကျန် နည်းလာခြင်းနှင့် အစာစပ်လုပ်ငန်းများမှ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ ပြည်ပတွင်လည်း မြန်မာပြောင်းဆန် ဝယ်လိုအားကောင်းလာခြင်း၊ တောင်သူများလက်တွင် ပြောင်းလက်ကျန်မရှိသလောက် နည်းပြီး ကုန်သည်၊ လှောင်လက်များလက် တွင်သာ ပြောင်းလက်ကျန်ရှိခြင်း၊ ပြည်ပပို့ကုန်ရငွေ အပေါ် ၂၅ ရာခိုင်နှုန်းသာ မြန်မာငွေလဲလှယ်ရန် ပြင်ဆင်သတ်မှတ်ပေးကာ ဖြေလျှော့မှုများရှိလာခြင်း၊ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိခြင်းစသည့် အခြေအနေများကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်ရက်သတ္တပတ်နည်းတူ ဈေးမြင့်လျက်ရှိသည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ် ပျမ်းမျှဈေးနှုန်းမှာ ၉၃၉၆၀ ကျပ်ဖြစ် သည်။

စားဖိုဆောင်သီးနှံ
    ငရုတ်ခြောက်(ရှည်)မှာ မိုးရွာသွန်းမှုများကြောင့် ကုန်အဝင်နည်းခြင်း၊ အအေးခန်း သိုလှောင်ထားသော ငရုတ်ခြောက်များလည်း ဈေးကွက်သို့ ကုန်အဝင်ရှိလာခြင်းကြောင့် အရည်အသွေးကောင်းခြင်း၊ စားသုံးသူများမှာ ဝယ်လိုအားများခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ငရုတ်ခြောက်(လတ်)နှင့် ငရုတ်ခြောက်(ပွ)မှာ ဈေးကွက်သို့ ကုန်အဝင်  အလွန်နည်းကာ ဈေးမြင့်နေခြင်းကြောင့် စားသုံးသူများမှ ဝယ်လိုအားနည်းကာ ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးလျက်ရှိသည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၆၅၀၀-၈၇၅၀-၁၀၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၇၀၀၀-၈၇၅၀-၁၀၀၀၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ ပန်းတနော်၊ ပန်းရဲ(AC)၊ မြားနီ(AC)၊ မိုးထောင်(မြစ်ဝ)၊ ဆင်ဖြူကျွန်း(ပု)နှင့် မြစ်ဝ(ပု) ငရုတ် များ ဝင်ရောက်မှုရှိခဲ့ပြီး ကုန်အဝင်နည်းခဲ့ကြောင်းသိရသည်။ ကြက်သွန်နီ(ထူး၊လတ်၊ သေး)မှာ ကုန်အဝင်ပုံမှန်ရှိသော်လည်း အရည်အ သွေးအနိမ့်စများခြင်း၊ စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ်ခဲ့သည်။ ကြက်သွန်နီ(ထူး၊လတ်၊ သေး)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၂၅၀-၂၁၅၀-၁၇၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၂၀၂၅-၁၉၃၈-၁၄၆၃ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ တောင်သာ၊ မင်းဘူး၊ ကျောက်ပန်းတောင်း၊ မြစ်သား စသော ဒေသများ မှ ကုန်ဝင်ရောက်မှုရှိခဲ့ပြီး မိုးတွင်းကာလဖြစ်၍ အဟောင်းလက်ကျန်များအရည်အသွေးနိမ့်လာ ခြင်း၊ ရောင်းလိုအားများခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ လမ်း အခက်အခဲများကြောင့်သယ်ယူစရိတ်များ ဈေးမြင့်ခဲ့ခြင်း၊ ကုန်အဝင်နည်းခဲ့ခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုများရှိကာ ဈေးမြင့်နေခဲ့ပြီး စားသုံးသူများမှ ဝယ်လိုအားကျဆင်းလာခြင်းကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ ထို့အတူပင် ကြက်သွန်ဖြူ(ကြူကုတ်) ဈေးမြင့်နေချိန်တွင် စားသုံးသူများမှ ကြက်သွန်ဖြူ(ရှမ်း) အားဝယ်ယူစားသုံးမှုမြင့်လာခြင်းကြောင့်ကြက်သွန်ဖြူ(ရှမ်း)ဈေးမြင့်လာခဲ့သော်လည်း ကုန်အဝင် ပုံမှန်ရှိခြင်းနှင့် ကြူကုတ်စများ ဈေးနိမ့် လာခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ ယခင်အပတ်ပျမ်းမျှဈေးနှုန်း ၁၉၅၀၀ ကျပ်မှ ယခုအပတ်ဈေးနှုန်း ၁၈၇၅၀ ကျပ်သို့ လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်း)မှာ ယခင်အပတ်ပျမ်းမျှ ဈေးနှုန်း ၁၂၅၀၀ မှ ယခုအပတ်ဈေးနှုန်း ၁၁၂၅၀ သို့လည်းကောင်း ရောက်ရှိဈေးနိမ့်ခဲ့ကြခြင်းဖြစ်သည်။ ယခုရက် သတ္တပတ် အတွင်းဈေးနှုန်းများအရ ကြက်သွန်ဖြူ(ကြူကုတ်)မှာ ကြက်သွန်ဖြူ(ရှမ်း) ထက် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်ဈေးမြင့်လျက်ရှိသည်။ အာလူး(တရုတ်)မှာ စားသုံးသူများ မှဝယ်လိုအားနည်းလာခြင်းနှင့် ရှမ်းအာလူးအချို့ဈေးကွက်သို့ ကုန်အဝင်ရှိလာခြင်းကြောင့် ယခင် အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ တရုတ်အာလူး တစ်ပိဿာ လျှင်ယခင်အပတ် ပျမ်းမျှဈေးနှုန်း ၅၁၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်သည်။ အောင်ပန်း အာလူး(အသစ်)အချို့ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုရှိလာသော်လည်း အရွယ်အစားသေးခြင်း၊ အစိုဓာတ်များခြင်းတို့ကြောင့် တရုတ်အာလူးထက် ဈေးနိမ့်ခဲ့သည်။ ယခုရက်သတ္တပတ်တွင်မှ ဈေးကွက်သို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး အောင်ပန်းအာလူး (အက်စ်ဝမ်း၊ အိုကေ၊ အေဝမ်း) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၃၅၀၀-၃၀၀၀-၂၅၀၀ ကျပ်ဖြစ်သည်။

စားသုံးဆီ
    ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၆  ရက်မှ စက်တင်ဘာ ၁  ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၇၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းမှာ ၆၁၇၀ကျပ်ဖြစ်ခြင်းကြောင့် ယခုအပတ်ဈေးနှုန်း ထက်တစ်ပိဿာလျှင်  ၂၀၅ ကျပ်နှုန်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် ပြည်ပမှ စားအုန်းဆီတင်သွင်း ဈေးမြင့်လာခြင်းနှင့် မြေပဲ၊ နှမ်း၊ ပဲပုပ်၊ နေကြာ စသော ဆီထွက်သီးနှံများလည်းဈေးမြင့်နေခြင်း၊ ပြည်ပမှတင်သွင်းသော နေကြာဆီ၊ ဟင်းရွက်ဆီ၊ ပဲပုပ်ဆီအစရှိသော ဆီအမျိုးမျိုးမှာလည်း ဈေးမြင့်နေခြင်း စသော အခြေအနေများကြောင့် ဈေး အနိမ့်ဆုံး စာအုန်းဆီများအား စားသုံးသူများမှ ဝယ်လိုအားမြင့်တက်လျက်ရှိသည်။  ပြင်ပရှိလက်လီဈေးနှုန်းများမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်းသိရသည်။

အေးသန္တာဝင်း