ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြစ်ချောင်းများမှ ရေစီးဆင်းမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများတစ်လျှောက် ရေကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေရေးနှင့် အချိန်တိုအတွင်း ရေထုတ်နုတ်စီးဆင်းနိုင်ရေးအတွက် သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တင်ဝါးချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်၊ ပင်လောင်းလမ်းအား ဖြတ်သန်းစီးဆင်းလျက်ရှိသော တင်းဝါးချောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးစဥ် ပင်လောင်းလမ်းဘေးနှင့် နေရောင်ပြအင်းစိုက်ကွင်းများမှ အချိန်တိုအတွင်း ရေထုတ်နုတ်နိုင်ရေးအတွက် တင်းဝါးချောင်းတစ် လျှောက် ရေစီးဆင်းရာတွင် ချောင်းကျဉ်းသောနေရာများ၊ ချောင်းကြမ်း ပြင်အတွင်း သဲနုန်းပို့ချမှုများရှိပါက အချိန်မီ ပြန်လည်တူးဖော် ဆောင် ရွက်ရန်နှင့် နတ်မြောင်းရေထိန်းတံခါး ယာယီရေကူထုတ် ရေလွှဲနိုင်ရေး ဆောင်ရွက် အကောင်အထည် ဖော်နိုင်ရေး လေ့လာစီမံခဲ့ပြီး ထပ်မံ ၍ သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းတွင် ပင်လောင်းလမ်းဘေးနှင့် နေ ရောင်ပြအင်းစိုက်ကွင်းများမှ ရေလျော့ကျမှုအခြေအနေ၊ တင်းဝါးချောင်း ရေစီးရေလာ အခြေအနေများနှင့် နတ်မြောင်းရေထိန်းတံခါး ယာယီရေကူထုတ် ရေလွှဲလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ လမ်းညွှန်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအနီး ဆင်သေချောင်း ရေစီးဆင်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးစဥ်ယခင်နေ့အောက် ၃ ဒသမ ၅ ပေခန့် လျော့ကျစီးဆင်းလျက်ရှိသည့်အတွက် ဆင်သေချောင်းအတွင်း တင်းဝါးချောင်းမှ ရေကောင်းမွန်စွာ ထုတ်နုတ်နိုင်မည်ဖြစ်သော်လည်းအချိန်တို အတွင်းရေထုတ်နုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလိုက်ချောင်းတစ်လျှောက် ရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့သော ချောင်းကမ်းဘေးတစ်လျှောက်နေရာများနှင့် ပျဉ်းမနားမြို့ ၉ လမ်းတံတား၊ ၆ လမ်း တံတား၊ ၄ လမ်းတံတားနှင့် အာဟာရသုခဈေးအနီးရှိ ပညာပန်း တိုင်တံတားများမှ ရေစီးထွက်မှု အခြေအနေများအား ကြည့်ရှုစစ် ဆေးပြီး ငလိုက်ချောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေ အနေများအား တစ်နေရာနှင့် တစ်နေရာ ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် စောင့်ကြည့်လေ့ လာ သုံးသပ်နိုင်ရန်အတွက် ရေမှတ် တိုင်များ ထားရှိရန်၊ ငလိုက်ချောင်းအတွင်း စီးဝင်သော တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်း ရေစီးရေလာ အခြေအနေများအား အချိန်နှင့်အမျှ စောင့်ကြည့်စစ်ဆေးနေ၍ လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း ရေလွှဲဆည်သို့ ရောက်ရှိပြီး ရေလွှဲဆည်ကြံ့ခိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ သဲထုတ်ရေတံခါးများ ဖွင့်လှစ်ထားရှိမှုအခြေ အနေ၊ အထက်ပေါင်းလောင်း ရေလှောင်တမံရေပိုလွှဲမှ ရေကျော် ကျမှုအခြေအနေ၊ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံမှ စီးထွက်ရေ၊ အောက်ပေါင်းလောင်း ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေ အနေ၊ အောက်ပေါင်းလောင်း ရေ အားလျှပ်စစ်စက်ရုံမှ စီးထွက်ရေ၊ အောက်ပေါင်းလောင်းတမံနှင့် ပေါင်းလောင်းရေလွှဲဆည်ကြား စီးဝင်ရေနှင့် ပေါင်းလောင်း ရေလွှဲဆည်မှ ရေကျော်ကျမှုအခြေအနေများအား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ရေလွှဲဆည်ကြံ့ခိုင်မှုနှင့် သဲထုတ်ရေတံခါးများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ အထက် ပေါင်းလောင်းရေလှောင်တမံ၊ နန်ချိုရေလှောင်တမံ၊ အောက်ပေါင်းလောင်းရေလှောင်တမံနှင့် ပေါင်းလောင်း ရေလွှဲဆည်တို့သည် ဆက်စပ်မှုရှိ၍ ၎င်းတို့၏ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ ရေဆင်းဧရိယာများတွင် မိုးရွာသွန်းမှုခြေအနေနှင့် ပေါင်းလောင်းချောင်းတစ်လျှောက် ရေမြင့်တက်နိုင်မှု အခြေအနေများအား စောင့်ကြည့်လေ့လာ၍ ကြိုတင်စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
MOALI