ဝါတစ်ဧက အထွက်တိုးရေး ပူးပေါင်းဆောင်ရွက်မှုလိုအပ်၊ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် ၂၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဩဂုတ်၂၅ ရက်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ တောင်သူများ ၏ ဝါစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံ၊ တောင်သူ့ဝင်ငွေ နှင့် ရေရှည် အကျိုးစီးပွားဖြစ်ထွန်းနိုင်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာမေးမြန်းဆွေးနွေးသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝါတစ်ဧကချင်း အထွက်တိုးတက်ရေးအတွက် အပင်စေ့ ကွင်းပြည့်စိုက်ပျိုးရန်နှင့် မျိုးရွေး ချယ်အသုံးပြုမှုမှန်ကန်ရန် လိုအပ် ချက်များ၊ ပြည်တွင်းချည်ထည်ထုတ် လုပ်မှုအတွက်အရည်အသွေးကောင်း ဝါဂွမ်းလိုအပ်ချက်နှင့် ဈေး ကွက် အလားအလာများ၊ ဂွမ်းမွေး အရည်အသွေးကို အခြေခံသည့် ဈေး ကွက်ဖော်ဆောင်နိုင်ရေးအတွက် ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်ပိုင်ရှင်များ၊ အဝယ်တော်များ နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ တောင်သူ ဦးအောင်ကိုမင်း ၏ မြေပဲသီးနှံခင်းကို ကြည့်ရှုအားပေးပြီး တောင်သူများအား တွေ့ဆုံ၍ သီးနှံများပန်တိုင်အထွက်ရရှိရေးနှင့် စိုက် ပျိုးထုတ်လုပ်မှုနည်းပညာရပ်ဆိုင်ရာ သိမှတ် ဖွယ်ရာများ ၊ ဖြည့်စွက်ရေလိုအပ်ချက် အလေးထားဆောင် ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် မကွေးမြို့ရှိ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန ဒေသသုတေသနခြံ၌ သုတေသီများ၊ စိုက် ပျိုးရေးပညာရှင်များအားတွေ့ဆုံ၍ ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံတိုးချဲ့စိုက် ပျိုးရေးစီမံကိန်းကို ဒေသအလိုက် အထူးဇုန်များ သတ်မှတ် ဆောင်ရွက် နေမှု၊ လုပ်ငန်းတိုင်းအတွက် သုတေ သန၏ အရေးပါမှုနှင့် ဒေသသုတေ သနခြံ (မကွေး) အနေဖြင့် မကွေး တိုင်းဒေသကြီးတွင် ဆီထွက်ပဲပုပ်သီးနှံဖြစ်ထွန်းနိုင်မှုအလားအလာအား သုတေသနပြုဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရှေးယခင်က ဒေသတွင်ဖြစ်ထွန်းအောင်မြင်ခဲ့သည့် နှမ်း ကြီးမျိုးကိုရေဆင်းစိုက်ပျိုးရေးသု တေသနဦးစီးဌာန မျိုးစေ့ဘဏ်မှ ရယူမျိုးပွားရန် ၊ သုတေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးသုတေသနဦး စီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ရန် လို အပ်ချက်များကို အသေးစိတ် ဆွေးနွေး မှာ ကြားခဲ့ကြောင်းသတင်းရရှိသည်။
MOALI