မန္တလေးဈေးကွက်

ဆန်နှင့်ဆီ
ရန်ကုန်ပေါ်ဆန်း စတင်ဝင်ရောက်ခြင်း၊ မြို့တွင်းသုံး ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ငစိန်ဆန်ဈေးနှုန်းအနေဖြင့် အဝင်နည်းခြင်း၊ လုပ်ငန်းသမား ဝယ် ယူမှု များခြင်းကြောင့် ယခင် အပတ် ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ဇီယာဆန်မှာ အသစ်အဝင်နည်းသေးခြင်း အဝင်ပုံမှန် မြို့တွင်းပုံမှန် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် အဟောင်းတစ်အိတ် ၉၅၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အသစ်ဝင်ရောက်မှုရှိပြီး အဝယ်ပုံမှန်မြို့တွင်းစားသုံးမှု ပုံမှန်ရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ်၁၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားသုံးဆီဈေးနှုန်းအနေဖြင့် မိုးမြေပဲမဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းသဖြင့် မြေပဲ(ဆီဆန်) အမြင့်ဈေးဖြင့်ဝယ်ယူကြိတ်ခွဲရခြင်းကြောင့် တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ နှမ်းဆီ ၁၆၀၀၀ ကျပ်၊ ပဲပုတ်ဆီ ၁၀၅၀၀ ကျပ်၊ ပန်းနှမ်းဆီ တစ်ပိဿာ ၁၄၅၀၀ ကျပ်ဈေးသို့ အသီးသီး မြင့်တက်နေသည်။
ဆီထွက်သီးနှံ
ဆောင်းလက်ကျန်နည်းခြင်း၊ မိုးမြေပဲ စိုက်ပျိုးထားဆဲ ဖြစ်ခြင်းကြောင့် (မြေပဲ၊ လုံးဆန်)မှာ လုပ်ငန်းသမားပုံမှန်ဝယ်ယူမှုရှိခြင်း၊ တရုတ်ဝယ်လက်ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၉၃၀၀၀၀ ကျပ် မှ ယခုအပတ် ၁၀၀၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားပြီး (မြေပဲ၊ ဆီဆန်)မှာလည်း ဆီစက်သမားဝယ်ယူမှုများခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာလျှင်
၈၆၀၀၀ ကျပ်မှ ယခုအပတ် ၁၀၅၀၀၀ ကျပ်ထိ ဈေးများစွာ မြင့်သွားသည်။
နှမ်းဖြူမှာ မိုးနှမ်းဝင်ချိန်နီးခြင်း၊ တရုတ်ဝယ်လက်နည်းခြင်း၊ လုပ် ငန်းသမား ဝယ်ယူမှုသာ ရှိခြင်းကြောင့် ၄၅ပိဿာ အရည်အသွေးအကောင်းဆုံး ၄၃၀၀၀၀ကျပ်မှ ယခုအပတ် ၃၈၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။နှမ်းညိုမှာ မိုးနှင့်အသစ်ဝင်ရောက်ရှိခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၅၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ နှမ်းနက် (စမုံ)မှာ အဝင်ပုံမှန် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိပြီး တရုတ်ဝယ်လက် နည်းခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၄၅ပိဿာ ၅၁၀၀၀၀ကျပ်မှ အကောင်းဆုံး ၆၂၀၀၀၀ကျပ် ထိအမြင့် ဈေးဖြင့်တည်ငြိမ်နေသည်။
ပန်းနှမ်း အဝင်နည်း လက်ကျန်နည်းခြင်း ဘယဆေးသမားအပြင် ဆီစက်များ ဝယ်ယူမှုရှိခြင်း၊ ဈေးကွက်အတွင်း ပန်းနှမ်းဆီပါရောင်းချမှုရှိခြင်း
ကြောင့် ၄၅ပိဿာ ၂၄၀၀၀၀ကျပ်မှ ၂၆၀၀၀၀ကျပ်ထိ ဈေးမြင့်သွားသည်။
မိုးနေကြာအဝင်နည်းသေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ ပစ္စည်းရှား ခြင်း ဆောင်းလက်ကျန်နည်းခြင်းကြောင့် အရည်အသွေးညံ့ ၂၇ပိဿာ ၁၄၀၀၀၀ကျပ်၊ အရည်အသွေး အကောင်းဆုံး ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက် (ရှည်) မှာ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ တပ်ကုန်း စသည်ဖြင့် နယ်စုံမှ ဝင်ရောက်မှု ရှိပြီး တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငရုတ်ခြောက်(လတ်) မှာ ကသာ၊ ထီးချိုင့်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၇၀၀၀ကျပ် ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီတိုင်းမှ ဝင်ရောက်ပြီး အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ ကျပ်ဈေးရှိသည်။
ကြက်သွန်နီမှာ မြင်းမူ၊ မုံရွာ၊ မြစ်သား နယ်စုံမှ ဝင်ရောက်မှုရှိပြီး နယ်ဝေးတင်ပို့မှု မရှိခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုသာရှိခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၂၂၀၀ ကျပ်၊ လတ် တစ်ပိဿာ ၂၀၀၀ ကျပ်၊ သေးတစ်ပိဿာ ၁၆၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူ(တရုတ်) မှာ လမ်းပမ်းဆက်သွယ်ရေးကြောင့် အဝင်ပုံမှန်ရှိသော်လည်း တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၁၈၀၀၀ ကျပ်ထိ ဈေးများစွာမြင့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
တရုတ်အာလူးနှင့် အောင်ပန်းအာလူး နှစ်မျိုးလုံး ဝင်ရောက်ပြီး မြို့တွင်းစားသုံးမှုသာရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် တရုတ်အာလူး တစ်ပိဿာ ၄၃၀၀ကျပ်၊ အောင်ပန်းအာလူး အိုကေ တစ်ပိဿာ ၃၂၀၀ကျပ်၊ အေဝမ်း တစ်ပိဿာ ၂၈၀၀ကျပ် သို့ ဈေးမြင့်နေသည်။
ချင်းဈေးနှုန်းမှာလည်း မြို့တွင်းစားသုံးမှုသာရှိပြီး နယ်ဝေးတင်ပို့မှု မရှိခြင်းကြောင့် ဥ မ တစ်ပိဿာ ၃၈၀၀မှ ၃၅၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး အဝင်နည်း၊ ပင်ရင်းဈေးမြင့်သော အခက်ကြီးမှာ တစ်ပိဿာ ၅၅၀၀ကျပ်မှ ၆၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲမျိုးစုံ
မတ်ပဲအသစ်မဝင်သေးသဖြင့် လက်ကျန်နည်းခြင်းကြောင့် အ ရောင်းအဝယ်အေးသော်လည်း ၆၀ ပိဿာ ၃၁၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲတီစိမ်း (အညာ)မှာ မိုးပဲတီစိမ်း အဝင်နည်းသေးခြင်း၊ ထွက်ရှိရာ ဒေသနှင့် အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အ သွေးအညံ့ဆုံး ၃တင်းတစ်အိတ် ၂၀၀၀၀၀ကျပ်မှ အကောင်းဆုံး ၂၄၀၀၀၀ ကျပ်ထိ မသိမသာမြင့်သွားသည်။ ပဲစဉ်းငုံ (ဖြူ/နီ)တို့မှာ အထွက်နည်း အဝင်နည်း ပစ္စည်းရှားခြင်းကြောင့် အရောင်းဝယ် အေးသော်လည်း ပဲစဉ်းငုံ (ဖြူ) ၃တင်းတစ်အိတ် ၄၀၅၀၀၀ကျပ်မှ ၄၁၅၀၀၀ကျပ်၊ ပဲစဉ်းငုံ (နီ) ၄၂၀၀၀၀ကျပ်မှ ၄၄၀၀၀၀ကျပ်သို့ ဈေးသိသိသာသာမြင့်သွားသည်။ ပဲပုတ်(ရှမ်း/မြန်မာ) တို့မှာ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်း အဝင်ပုံမှန် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၀၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၅၀၀၀၀ ကျပ်မှ ၃၆၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကုလားပဲ(ကုဖြူကြီး)မှာ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်း၊ လက်ကျန်နည်းခြင်း ပစ္စည်းရှားခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၅၅၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်သို့လည်းကောင်း၊ ကုလားပဲ (လုံးဝါကြီး) မှာ မြို့တွင်းစားသုံးရန် ပဲခွဲစက်များ ဝယ်ယူမှုများခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၄၀၀၀၀ကျပ်မှ ယခုအပတ် ၂၅၇၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကုလားပဲ(ခွဲခြမ်း)မှာမူ လက်လီသမား အဝယ်ပုံမှန်ရှိပြီး အနိမ့် ဆုံးဈေးဖြင့် ကြိတ်ခွဲထားခြင်းဖြစ်၍ တစ်ပိဿာ ၅၈၅၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော်ပဲ(ကျွန်း)နှင့် မြေထောက်ပဲ၊ ပဲလွန်းဖြူ၊ ပဲလွန်းပြာ တို့မှာ အရောင်းအဝယ်အေးခြင်းကြောင့် စားတော်ပဲ (ကျွန်း) ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်၊ မြေထောက်ပဲ ၃၄၅၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၉၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၂၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုးပဲမဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်သာရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၇၅၀၀၀ကျပ်မှ ၁၇၀၀၀၀ကျပ်သို့လည်းကောင်း၊ ပဲကြီး(ကြီး) ၂၇၅၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ လည်းကောင်း ထောပတ်ပဲ (ကြီး)မှာ မိုးပဲမဝင်သေးခြင်း၊ ပြည်ပပို့ရန် ဝယ်ယူမှုရှိခဲ့သဖြင့် လက်ကျန်နည်းသွားခြင်း ကြောင့် ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၄၀၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၃၅၀၀၀၀ကျပ် အမြင့်ဈေးဖြင့်တည်ငြိမ်နေသည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
ယခင်လနှင့် နှိုင်းယှဉ် ပါက ပစ္စည်းရှားခြင်း၊ အသစ်မဝင်သေးခြင်း၊ ဂျုံစက်များ အဝယ်ပုံမှန်ရှိခြင်း နိုင်ငံခြား ဂျုံဈေးမြင့်ခြင်း တို့ကြောင့် ငါန်းဇွန်၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင် ဂျုံ ၃တင်းတစ်အိတ် ယခင်လက ၁၇၅၀၀၀ ကျပ်မှ ယခုလတွင် ၂၀၀၀၀၀ ကျပ်သို့လည်းကောင်း၊ ရှမ်းဂျုံတစ်အိတ် ၁၇၀၀၀၀ကျပ်မှ ၁၇၅၀၀၀ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။ ဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၅၀၀ကျပ်မှ ၃၇၀၀ကျပ်သို့
ဈေးမြင့်သွားသည်။
အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းဝင်ချိန်နီးခြင်း၊ မြို့တွင်းအစာစပ်သမားအဝယ်သာရှိခြင်း ကြောင့် ၃တင်းတစ်အိတ် ၇၃၀၀၀ကျပ်မှ ၇၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွာသည်။
သစ်သီးဝလံ
မန္တလေးကိုင်းတန်းဈေးတွင် သစ်သီးဝလံဈေးနှုန်းအနေဖြင့် ဖရဲသီးတစ်လုံးလျှင် အရည်အသွေး ပေါ်မူတည်၍ ၁၅၀၀မှ ၁၈၀၀ကျပ်၊ သခွားမွှေးတစ်လုံး ၂၀၀၀ကျပ်၊ ရွှေသခွားတစ်လုံး ၁၅၀၀ကျပ် ဈေးဖြင့် မှာယူသောမြို့များသို့ တင်ပို့မှုရှိသည်။ သီပေါနာနတ်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီး မြို့တွင်း သစ်သီးဆိုင်၊ နာနတ်ယိုသမားများ အဝယ်ရှိပြီး အရည်အသွေးပေါ်မူတည်၍ ၅၀၀မှ ၁၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ ရင်ကွဲသရက်သီးများလည်း ၅၀လုံးဝင်ခြင်းများဖြင့် ဝင်ရောက်ပြီး တစ်ခြင်းလျှင် ၂၀၀၀၀ကျပ် တရုတ်စပျစ်သီး ၃ပိဿာခွဲဝင် တစ်ခြင်း ၆၅၀၀၀ကျပ်၊ ဆားတောင် မြင်းမူတို့မှ သင်္ဘော သီးများဝင်ရောက်ပြီး ၂လုံးတွဲ တစ်ထုပ် ၂၅၀၀ကျပ်ဖြင့် ရောင်းချနေသည်။ သစ်သီးမျိုးစုံကို ရွာငံ၊ တန်ဇယ်၊ မုံရွာနှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။
ခင်မေကြည်