ညောင်ရွှေတွင် နည်းလမ်း ၅ မျိုးဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း ၍ ဇူလိုင် ၃၁ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်၌ ညောင်ရွှေမြို့နယ်၊အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်၊ နန်းသီတာဘက်စုံစိုက်ကွင်းတွင် နည်းလမ်း ၅ မျိုးဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ပြည်နယ်စက်မှု လယ်ယာဦးစီးမှူးတို့က စိုက်နည်း စနစ်များနှင့် စက်ကိရိယာအသုံးပြုခြင်းကြောင့် ရရှိလာမည့် အကျိုး ကျေးဇူးများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများသို့ သွင်းအားစု ဓါတ်မြေဩဇာများထောက်ပံ့ပေး အပ်ကာ တက်ရောက်လာသည့် တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စက်မှုလယ်ယာ ဦးစီးဌာနမှ လက်ဆွဲမျိုးစေ့ချကိရိယာ၊ လက်ဆွဲကောက် စိုက်စက်၊ ၈ တန်းသွားကူဘိုတာကောက်စိုက်စက်၊ ၁၀ တန်းသွားမျိုးစေ့ချကိရိယာများဖြင့်မိုးစပါးသီးနှံ လက်တွေ့ စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးကြသည်။
အခမ်းအနားသို့ ပြည်နယ်အတွင်း ရှိဌာနဆိုင်ရာများမှ ၄၇ ဦး၊ဒေသခံတောင်သူ ၁၀၆ ဦး၊ စုစုပေါင်း ၁၅၃ ဦးတက်ရောက်ကြကြောင်း သတင်းရရှိသည်။
AMD