ဘေးသင့်ကာလအတွင်းမက်ထရိုမနီလာရှိ အခြေခံကုန်စည်ဈေးနှုန်းများ သတ်မှတ်

ဘေးသင့်ကာလအတွင်းမက်ထရိုမနီလာရှိ အခြေခံကုန်စည်ဈေးနှုန်းများ သတ်မှတ်

အနောက်တောင်မုတ်သုန်နှင့် ကာရီနာစူပါတိုင်ဖွန်းတို့၏ အကျိုးသက် ရောက်မှုများအရ ဘေးအန္တရာယ်ကျရောက်မှုအခြေအနေကို ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ဖိလစ်ပိုင်ကုန် သွယ်ရေးနှင့်စက်မှုဌာနသည် မက်ထရိုမနီလာအတွင်းရောင်းဝယ် ဖောက်ကားလျက်ရှိသည့် အခြေခံ ကုန်စည်များ၏ဈေးနှုန်းများကို  ဇူလိုင် ၂၄ ရက်နေ့က သတ်မှတ်လိုက်ကြောင်း သိရသည်။ “ခုလို အကြပ်အတည်းကာလအတွင်း မမျှမတ ဈေးနှုန်းမြင့်တက်မှုမှ စားသုံးသူတွေကို ကာကွယ်နိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း” ဌာန၏ အတွင်းရေးမှူးဖြစ်သူ ဖရက်ပါစကူရယ်က ပြောကြားသည်။

 “ဘေးသင့်အိမ်ထောင်စုများအနေနဲ့ အခြေခံကုန်စည်တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ အလွယ်တကူ ဝယ်ယူနိုင်ဖို့ မိမိတို့ ကတိကဝတ်ပြုပါကြောင်း’” ၎င်းက ဖြည့်စွက်ပြောကြားသည်။

ပါစကူယယ်၏ပြောကြားချက်အရ ဈေးနှုန်းသတ်မှတ်မှုသည် ဘေး အန္တရာယ်အခြေအနေကာလအတွင်း အကျိုးသက်ရောက်နေမည်ဖြစ်သည်။ မရှိမဖြစ်လိုအပ်သော ကုန်စည်များ ရရှိရေးအတွက် ကြီး ကြပ်စောင့်ကြည့်မှုများကို ကုန်သွယ် ရေးနှင့်စက်မှုဌာနအနေဖြင့် မက်ထရိုမနီလာရှိ ရုံးများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းကိုလည်း ၎င်းကပြောကြား သည်။

ဈေးနှုန်းသတ်မှတ်လိုက်သည့် မရှိမဖြစ်လိုအပ်သော ကုန်စည်များတွင် ဆန်၊ ပြောင်း၊ ပေါင်မုန့်၊ ဟင်း သီးဟင်းရွက်၊ ဥစားသီးနှံများ၊ ဝက် သား၊ အမဲသား၊ ကြက်သား၊ ဥ၊ နို့၊ ကော်ဖီ၊ သကြား၊ စားသုံးဆီ၊ ဆား၊ အဝတ်လျော်ဆပ်ပြာ/ဆပ်ပြာမှုန့်၊ ထင်း၊ မီးသွေး၊ ဖယောင်းတိုင်နှင့် ကျန်းမာရေးဌာနက မရှိမဖြစ်လိုအပ်ကြောင်း သတ်မှတ်ထားသည့် ဆေး ဝါးများ ပါဝင်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေအပေါ် အခွင့် ကောင်းယူနိုင်သည့်အတွက် စီးပွား ရေးလုပ်ငန်းများကိုလည်း တင်းကြပ်သည့် သတိပေးချက် ထုတ်ပြန်ထားကြောင်း ပါစကူရယ်က ပြောကြား သည်။ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေကို ချိုးဖောက်ပါက ထောင်ဒဏ်ကျခြင်း၊ များပြားသောဒဏ်ကြေး ပေးဆောင်ရခြင်းစသည့် ပြင်းထန်သော အကျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း၊ ခက်ခဲနေသည့် ယခုကာလတွင်သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေးနှင့် ပြည်သူများ၏ အကျိုးကို ဦးစားပေးဖို့ တိုက်တွန်းဆော်ဩထားကြောင်း ဆက်လက်ပြောကြားသည်။

ဈေးနှုန်းဥပဒေအရ ဘေးသင့်ကာလအတွင်း အခြေခံကုန်စည်ဈေး နှုန်းများသည် သတ်မှတ်ဈေးနှုန်းဖြင့် ရက်ပေါင်း ၆၀ တည်ရှိနေမည်ဖြစ်သည်။ဈေးကစားမှုများပြုပါက ထောင်ဒဏ် ၅ နှစ်မှ ၁၅ နှစ်အပြင် ဒဏ်ငွေ ပီဆို ၅၀၀၀ မှ ၂ သန်းအထိ၊ သတ်မှတ်ဈေးဖောက်ဖျက်ခြင်းအတွက် ထောင်ဒဏ် ၁ နှစ်မှ ၁၀နှစ်အပြင် ဒဏ်ငွေ ပီဆို ၅၀၀၀ မှ ၁ သန်း ပေးဆောင်ကြရမည်ဖြစ်သည်။ ဈေးနှုန်းကြီးမြင့်ခြင်း၊ ဖောက်ဖျက်ခြင်းများရှိပါက ဌာနသို့ သတင်းပို့ကြရန် စားသုံးသူပြည်သူများကို အသိ ပေး တိုက်တွန်းထားသည်။      

 TTP

https://asiannews.network