အမေရိကန်ကြက်ထုတ်ကုန်များ တင်သွင်းမှု ရုရှားကန့်သတ်

အမေရိကန်ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတိုးလာခြင်းကြောင့် ရုရှားနိုင်ငံသို့ တင်သွင်းမှုနှင့် အမေရိကန်၏ ကြက်ထွက်ကုန်အားလုံး၏ နိုင်ငံအတွင်း ဖြတ်သန်း သွားလာမှု(Transit)အပေါ် ကန့်သတ် ချက်များ ထုတ်ပြန်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှု ဖက်ဒရယ်အစိုးရဌာန (Rosselk- hoznadzor)က ဖော်ပြခဲ့သည်။
၂၀၁၄ ခုနှစ်ကတည်းက ရုရှားနိုင်ငံသို့ အမေရိကန်၏ စားသောက်ကုန်ထုတ်ကုန်များ တင်ပို့မှု ရပ်ဆိုင်းခဲ့သည့်အတွက် ရုရှားဈေးကွက်ကို ထိခိုက်စေမည်မဟုတ်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံမှ ကြက်မွေးမြူရေးထုတ် ကုန်များအားလုံးသည် ရုရှားနယ်မြေမှတစ်ဆင့် အခြားနိုင်ငံများသို့ ဖြတ်သန်းသွားလာမှု (Transit) အပေါ် သက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု မြှင့်တက်လာမှုကြောင့် နိုင်ငံအများအပြားသည် ကြက်မွေးမြူရေးထုတ်ကုန်များ တင်သွင်းမှုကို ကန့်သတ်ထားကြောင်း၊ Rosselkhoznadzor သည်လည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှစ၍ အမေရိကန်ပြည်ထောင်စုမှ ကြက်မွေးမြူ ရေး ထုတ်ကုန်များအားလုံးကို ရုရှားနိုင်ငံသို့ တင်သွင်းခွင့်နှင့် နိုင်ငံအတွင်း ဖြတ်သန်းခွင့် အပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ခွန်မျိုးသူ
Source : https://ria.ru/20240725/ptitsevodstvo-1962002586.html