နီပေါ လယ်ယာထွက်ကုန်တင်ပို့မှု အခြားဒေသများသို့ တိုးချဲ့

နီပေါမှ သန့်ရှင်းသော လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံ Xizang ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့တင်ပို့ခြင်းသည် ကျေးလက် တောင်သူ ထောင်ပေါင်းများစွာကို အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ထားကြောင်း နီပေါအရာရှိတစ်ဦးက မကြာသေးမီက ပြုလုပ်သည့် ဖိုရမ်တွင် ပြောကြားခဲ့သည်။
နီပေါနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း Ganesh Prasad Timilsina သည် Xizang ဒေသ Nyingchi ၌ကျင်းပသော ၄ ကြိမ်မြောက် China Xizang Trans-Himalaya နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်၌ ဧည့်သည်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။
နီပေါ၏ အမြင့်ပိုင်းဒေသများမှ Xizang ဒေသသို့ လယ်ယာထွက် ကုန်များ၏ တင်ပို့မှု အလားအလာအပေါ် ၎င်း၏မျှော်လင့်ချက်များကို စားပွဲဝိုင်းအစည်းအဝေးတွင် မျှဝေခဲ့ပါသည်။
နီပေါနိုင်ငံ၏ ကုန်းမြေဧရိယာ ၇၇ ရာနှုန်းသည် တောင်ကုန်းများ၊ ဆီးနှင်းများ ဖုံးလွှမ်းနေသည့် တောင်များဖြင့် ဖုံးလွှမ်းနေပြီး ယင်းဒေသသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ် လုပ်မှုအတွက် ထူးခြားသော အလား အလာများရှိကြောင်း Timilsina မှ ပြောကြားခဲ့သည်။
အဆိုပါဒေသများသည် ဒေသခံလူထုတို့အတွက် စားနပ်ရိက္ခာနှင့် ဝင်ငွေကို ထောက်ပံ့ပေးရုံသာမက ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများစွာကိုလည်း ထိန်းသိမ်းထားကာ ဌာနေမွေးမြူရေးနှင့် ကောက်ပဲသီးနှံ များစိုက်ပျိုးရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပါသည်။ အဆိုပါဒေသများတွင် စိုက်ပျိုးရေးနှင့်တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် ဒေသခံလူထုအတွက် တည် ငြိမ်သည့် အသက်မွေးဝမ်းကြောင်းကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း Timilsina က ပြောကြား ခဲ့သည်။
တိဗက်နွား၊ သိုး၊ ဆိတ်ကဲ့သို့သော တိရစ္ဆာန်များအပြင် ဆေးဖက်ဝင်အပင်များသည် နှင်းဖုံး လွှမ်းသော တောင်ပေါ်ဒေသများတွင် နေထိုင်ကြသူများ၏ အဓိက၀င်ငွေအရင်းမြစ်များဖြစ်ကြောင်း၊ နွား၊ ကျွဲ၊ ဆိတ်၊ ကြက်နှင့် ငါးတို့သည်လည်း အဓိကဝင်ငွေလမ်းများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဟင်းသီးဟင်းရွက်များ၊ ပိုးသတ် ဆေး မသုံးသည့်အော်ဂဲနစ်သစ်သီးဝ လံများ၊ ငါး၊ အသားနှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုသည် Gandaki ပြည်နယ်နှင့် အခြားဒေသများတွင် အဆမတန် တိုးပွားလာမည်ဟု ယုံ ကြည်လျက်ရှိကြောင်း ၎င်းကဆက် လက်ပြောပါသည်။
နီပေါနိုင်ငံ၏ တောင်ကုန်းနှင့် နှင်းဖုံးနေသော တောင်တန်းဒေသများရှိ ရေအရင်းအမြစ်များကို အသုံးချခြင်းဖြင့် လယ်ယာထွက်ကုန်၊ သစ်သီး၊ ငါး၊ အသားနှင့် နို့ထွက်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်သည့်အတွက် Xizang ကုန်းပြင်မြင့်နှင့် အခြားသော မိုးနည်းရေရှားဒေသများမှ ပြည်သူများအတွက် ဂုဏ်ယူဝမ်းမြောက်မိသည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရသည်။
မြတ်ဖူးငုံဦး
http://www.ecns.cn/business/2024-07-31/detail-iheeumea4568617.shtml