ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့်တာတမံများ ရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရေး ဆွေးနွေး

ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့်တာတမံများ ရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၀ 

ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့် တာတမံများရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရန်များ ဆွေးနွေးပွဲကို  ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီခွဲ အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing ဖြင့်ပြုလုပ်ရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ညွှန်ကြားရေး မှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ဧရာဝတီမြစ်ရေမြင့်တက်ခြင်း၊ ဒေသတွင်း နေရာအနှံ့ မိုးများစွာ ရွာသွန်းခဲ့ခြင်းကြောင့် မြို့များ၏ စိုး ရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့ပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ရေဘေးကာကွယ် ရေးတာများတွင်ရေကင်းများ ချထား မှုနှင့် အရေးပေါ်ထိန်းသိမ်းပြင်ဆင်မှုများ၊ တာတမံများကျိုးပေါက်မှုမဖြစ်ပေါ်စေရေး လုပ်ငန်းများကို ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတာဝန်ရှိသူများနှင့်ဒေသခံများ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လာမည့် မိုးလယ်၊ မိုးနှောင်းနှင့် မိုးလွန်ကာလများအတွက်ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တာဝန်ရှိသူများ က ဟင်္သာတမြို့နယ်၊ အိပ်ပျက် ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ရွာအနီး ဖြစ်ပေါ်နေသည့် ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များ၊ ရေဘေးကာကွယ်ရေး အတွက် ဖြတ်တာများ နှစ်အလိုက် ပြောင်းလဲဆောင်ရွက်ခဲ့ရမှုများ၊ ကမ်းပြိုကမ်းစားမှု လျော့နည်း သက် သာစေရေးဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ယခုနှစ် ဖြစ်ပေါ်ခဲ့သည့် ရေကြီး ရေလျှံမှုများ အပေါ် အရေးပေါ်ဆောင်ရွက်ခဲ့ရသော လုပ်ငန်းများနှင့် ပြန်လည်ပြင်ဆင်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဦးဗစ်တာက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေဘေးကာကွယ်ရေးတာများ တည်ဆောက် ခဲ့မှုများနှင့် မှတ်တမ်းများ၊ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ ရေဘေးကာကွယ် ရေးတာများ မြှင့်တင်ခြင်း၏ အကျိုး ဆက်များ၊ရေဘေးကာကွယ်ရေးတာများရေရှည်တည့်တံ့ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုအကြံပြုရှင်းလင်းဆွေးနွေးသည်။

ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဧရာ ဝတီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာ ကွယ်ရေးတာတမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံမှု လျှော့ချနိုင်ရန်အတွက် အရေးပေါ် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ပြန်လည် ပြင် ဆင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ တာတမံများအပြင် ရေလှောင်တမံများ ဘေးကင်းလုံခြုံ မှုရှိစေရေး (Dam Safety) စီမံဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ ဟင်္သတာမြို့နယ်၊ အိပ်ပျက် ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ရေဘေးကာကွယ်ရေးတာတမံများ၊ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့်မြစ် ကမ်းပါး ရေတိုက်စားမှုအား လျှော့ချနိုင်ရေးအတွက် ဆက်စပ်သည့် ဧရာ ဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်မှုအနည်း ဆုံးဖြင့် ရေရှည် အကျိုးရှိစေနိုင်ရေး ဆောင်ရွက်သင့်သည့် နည်းလမ်းနှင့် လုပ်ငန်းများ၊ပွင့်လင်းရာသီတွင် တာ တမံများ တောင့်တင်းခိုင်မာအောင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ရေဘေးကာကွယ်ရေးတာတမံများ ပျက်စီးကျိုးပေါက်၍ မြို့ရွာများနှင့် စိုက်ပျိုးမြေများရေကြီးရေလျှံမှု အန္တရာယ်မဖြစ်စေရန် နှစ်စဉ် မိုးရာသီမတိုင်မီ လိုအပ်သော ဖြတ်တာများ၊ ပန်းတာများကို အချိန်မီ တည် ဆောက်ခြင်း၊ တည်ဆောက်ပြီး တာ တမံများ ကြံ့ခိုင်မှုရှိစေမည့် လုပ်ငန်းများကို အထူးအလေးထား ဆောင် ရွက်လျက်ရှိသကဲ့သို့ ဧရာဝတီမြစ် ကမ်းပါးရေတိုက်စားမှုကာကွယ် ခြင်း လုပ်ငန်းများကိုလည်း ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။            

MOALI