ဇူလိုင်ကုန်အထိ မိုးစပါးဧက ၁၀ သန်းကျော်စိုက်ပျိုးပြီး

နေပြည်တော် ဩဂုတ် ၁၃
၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးဧက ၁၅ သန်းကျော်၊ နွေစပါးဧက ၂ ဒသမ ၆ သန်းကျော် စုစုပေါင်း စပါးဧက ၁၇ ဒသမ ၆၈ သန်း စိုက်ပျိုးရန် လျာထားခဲ့ရာ ယခုဇူလိုင်လကုန်အထိ မိုးစပါး ၁၀ ဒသမ ၂၁ သန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။
အခြားမိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ ဝါ၊ ပဲမျိုးစုံကိုလည်း နိုင်ငံအနှံ့အပြားတွင် စုစုပေါင်း ဧက ၇ ဒသမ ၆၇ သန်း စိုက်ပျိုးပြီးဖြစ်သည်။
မိုးပဲမျိုးစုံအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာပြာ၊ ပဲပုပ်၊ ပဲလွမ်း၊ ပဲစင်းငုံ၊ ပဲနောက်နှင့် အခြားပဲများကို စိုက်ပျိုးကြပြီး ဇူလိုင်ကုန်ထိ ပဲတီစိမ်းဧက ၈ ဒသမ ၈၉ သိန်း၊ ပဲစင်းငုံဧက ၁ ဒသမ ၁ သန်းအပါအဝင် ပဲမျိုးစုံဧက စုစုပေါင်း ၂ ဒသမ ၂၇ သန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
TTP