ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၉၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၈၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန်အလတ်စ တစ်တင်းခွဲ တစ်အိတ် လျှင် ၇၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။ ယခင်ရက်သတ္တပတ်ဈေးနှုန်းများနှင့် နှိုင်း ယှဉ်ပါက ဆန်တစ်အိတ်လျှင် ဧည့်မထဆန်တစ်အိတ်လျှင် ၇၀၀၀ ကျပ်ဝန်းကျင်နှင့် ငစိန်ဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်ခန့် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဈေးနိမ့်လာခြင်းမှာ အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်ဆန်ဈေးများနိမ့်လာခြင်းနှင့် ပြည်တွင်း၊ ပြည်ပဝယ်လက်များမှ အရောင်းအဝယ် အေးခြင်း၊ လှောင်လက်များမှ ထုတ်ရောင်းမှုရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ အထက်ပါ ဆန်ဈေးနှုန်းများမှာ ဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး၊ စားသုံးသူပြည်သူများ သက်သာ သောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး သိုလှောင်ဈေးကစားမှုများ မဖြစ်ပေါ်စေရေး အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံဆန်ကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများပင်ဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများ၏ လက်လီ ဈေးကွက်များတွင် ရည်ညွှန်းဈေးနှုန်းများထက် ၅ ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးနိုင်ရန်လည်းစီစဉ်ထားရှိပြီးဖြစ်သည်။ ဆန်ဈေးနှုန်းများအား ရည်ညွှန်းဈေးနှုန်းများသတ် မှတ်ထားခြင်းကြောင့် စပါးဈေးနှုန်းများအား ဈေးချဝယ်ယူမှုများရှိလာပြီး ဆန်နှင့်စပါးဈေးနှုန်းများကျဆင်းလာခြင်း၊ အိန္ဒိယနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ကန့်သတ်ချက် အားဖြေလျော့လာမည့် အလားအလာ အခြေအနေများကြောင့် ဆန်အရောင်းအဝယ်များ အေးကာ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနိုင်ငံ၏ ပို့ကုန်ဆန်ဈေးများလည်း ကျဆင်းလာခြင်းစသည့် အခြေအနေများကြောင့် ပြည်ပတင်ပို့မှုများသော ဧည့်မထနှင့်ငစိန်ဆန် အမျိုးအစားများ သိသာ စွာဈေးနိမ့်လာခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊
လပွတ္တာ၊ ရွှေူဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အကောက် ခွန်လွတ်တင်သွင်း နိုင်သော ကာလဖြစ်သော်လည်း မိုးရွားသွန်းမှုများကြောင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဂိတ် အချို့မှပြောင်းတင်ပို့ရန် ပိုမိုခက်ခဲလာခြင်း၊ ပြည်ပငွေလဲနှုန်းများ မတည်ငြိမ်ခြင်း၊ စက်သုံးဆီ ဈေးနှုန်းများ ဈေးမြင့်နေခြင်း၊ ရေကြီးရေလျှံမှုများရှိခြင်း၊ နယ်မြေမတည်ငြိမ်ခြင်းတို့ကြောင့် သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်းစသည့် အခြေအနေများကြောင့် အရောင်းအဝယ်အေးကာ အစေ့ထုတ်ပြောင်း ဈေးနှုန်းများဈေးငြိမ်လျက်ရှိသည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၇၇၇၆၀ ကျပ်ဖြစ်ပြီး ရက်သတ္တပတ် ၃ ပတ်ခန့်ဈေးငြိမ် လာခဲ့ခြင်းဖြစ်သည်။ ထိုင်း၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ဂိတ်အချို့မှ တင်ပို့မှုရှိခဲ့ကြောင်းသိရသည်။
စားဖိုဆောင်သီးနှံ
ကြက်သွန်နီ(ထူး၊လတ်၊သေး)မှာမိုးရွာသွန်းမှုများကြောင့်ဈေးကွက်သို့ ကုန်အဝင်နည်းလာခြင်း၊ ပြည်ပငွေလဲနှုန်းနှင့် ရွှေဈေးနှုန်းများ ဈေးမြင့်လာခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ကြက်သွန်နီ(ထူး၊လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၉၅၀-၁၉၀၀-၁၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၂၃၂၅-၂၁၇၅-၁၈၀၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ ဆိပ်ဖြူ၊ မြင်းခြံ၊ တောင်တွင်း၊ မိတ္ထီလာ၊ မုံရွာ၊ ပခုက္ကူဒေသများမှ ကုန်ဝင်ရောက်မှုရှိကြောင်း သိရသည်။ ကြက် သွန်ဖြူ(ကြူကုတ်)မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်အဝင်နည်းခြင်း၊ ဝယ်ဈေးမြင့်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်းတို့ကြောင့် ယခင်အပတ်ထက် ဆက်လက်ဈေးမြင့်ခဲ့ပြီး ရှမ်းကြက်သွန် ဖြူများမှာလည်း ကြူကုတ် ကြက်သွန်ဖြူ ဈေးမြင့်နေချိန်တွင် ဝယ်လိုအားများလာခြင်းကြောင့် ဆက်လက်ဈေးမြင့်လာခဲ့ သည်။ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၁၄၅၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၂၄၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ကြက်သွန် ဖြူ(ရှမ်း) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၉၇၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၀၂၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ အာလူးဈေးနှုန်းများမှာ ပြည်တွင်းစိုက်ပျိုးထားသော အာလူးများမှာ စိုက်ပျိုးထွက်ရှိမှုနည်းကာ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု မရှိသလောက် နည်းခြင်းကြောင့် ဈေးနှုန်းကောက်ခံရရှိခြင်း မရှိခဲ့ပေ။ တရုတ်အာလူးများသာ ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ ကုန်အဝင်နည်းခြင်း၊ တင်သွင်းဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များ ဈေးမြင့်နေခြင်း၊ စာသုံးသူများမှ ဝယ်လိုအား ပုံမှန်ရှိခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအ ဝယ်ဖြစ်ခဲ့သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၄၀၀ ကျပ်ဖြစ်သည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) ဈေးနှုန်းများမှာ မိုးတွင်းကာလဖြစ်၍ ဈေးကွက်သို့ ကုန်အဝင်နည်းသော်လည်း စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းကြောင့် ရောင်းလိုအားဝယ်လိုအားမျှကာ ဈေးငြိမ်လျက်ရှိသည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) တစ်ပိဿာလျှင် ယခင်အပတ်နှင့် ယခုအပတ် ဈေးနနှုန်းများမှာ ၄၀၀၀-၈၇၅၀-၁၀၂၅၀ ကျပ် ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ ပန်းတနော်၊ မိုးထောင်(မြစ်ဝ)၊ ဆင်ဖြူကျွန်း(ပု)၊ မြစ်ဝ(ပု)
ငရုတ်များ ကုန်ဝင်ရောက်မှု ရှိကြောင်းသိရသည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၆၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းမှာ ၅၄၁၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ထက် ဆီတစ်ပိဿာလျှင် ၄၅ကျပ် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုများလည်း လျော့နည်းလျက်ရှိကြောင်းသိရဿည်။ ပြည်ပငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများ ဈေးမြင့်နေ ခြင်း၊ မြေပဲ၊ နှမ်းနှင့်ပဲပုတ်ပဲ၊ နေကြာစသော ဆီထွက်သီးနှံများလည်း ဈေးမြင့်နေခြင်းစသော အခြေအနေများကြောင့် စားသုံးသူများမှ စားအုန်းဆီဝယ်လိုအားမြင့်တက်နေခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းဖြင့် စားအုန်းဆီများအား ရောင်းချပေးမှုပမာဏမှာလည်း ယခင်ကာများထက် လျော့ နည်းလာကြောင်းသိရသည်။ မေလစတုတ္ထရက်သတ္တပတ်မှ စတင်ကာ စားအုန်းဆီရည်ညွှန်းဈေးနှုန်းများလည်းတဖြည်းဖြည်းဈေးမြင့်လာခဲ့ခြင်းဖြစ် သည်။ ပြင်ပရှိ လက်လီဈေးနှုန်း များမှာစားအုန်းဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ဝယ်ယူရရှိရန်လည်း ခက်ခဲ ကြောင်း သိရသည်။
အေးသန္တာဝင်း