အိန္ဒိယ ခါရစ်ရာသီအတွက် သီးနှံ ၁၄ မျိုး၏ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများကို မြှင့်တင်ရန်ဆုံးဖြတ်

အိန္ဒိယ ခါရစ်ရာသီအတွက် သီးနှံ ၁၄ မျိုး၏ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများကို မြှင့်တင်ရန်ဆုံးဖြတ်

အိန္ဒိယနိုင်ငံတွင် လာမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ခါရစ် (မိုး) ရာသီအတွက် စပါး၏ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (Minimum support price-MSP) ကို ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျင် ရူပီး ၂၃၀၀ (၅.၃၅%) သို့ တိုးမြှင့်ပေးရန် ပြည် ထောင်စုအစိုးရအဖွဲ့က သဘောတူခဲ့ ကြောင်း သိရသည်။ အဆိုပါဆုံး ဖြတ်ချက်ကို Haryana၊ Maha-rashtra၊ Jharkhand နှင့် Delhi တို့၌ လွှတ်တော်ကိုယ်စားလှယ် ရွေး ကောက်ပွဲများမစတင်မီ ယခု ကဲ့သို့ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း The Hindu သတင်းဌာန က ယခုလ ၁၉ ရက်နေ့က ဖော်ပြသည်။

ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ တတိယကြိမ် အစိုးရသက်တမ်းတွင် အဓိကချမှတ်ခဲ့သည့် ပထမ ဦးဆုံး ဆုံးဖြတ်ချက်မှာ ခါရစ်ရာသီ သီးနှံ (၁၄) မျိုး၏ MSP ကို အစိုးရ၏ ရှင်း လင်းသောမူဝါဒ (clear policy) နှင့်အညီ အစိုးရမှ တွက်ချက်ထားသော ထုတ်လုပ်မှုစရိတ်ထက် အနည်းဆုံး ၁ ဒသမ ၅ ဆ သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘော တူလက်ခံခဲ့ခြင်းဖြစ်ကြောင်း သတင်းအချက်အလက်နှင့် ပြန်ကြား ရေးဝန်ကြီးဌာန ဝန်ကြီး  Ashwini 
Vaishnaw က ပြောကြားခဲ့သည်။ 

သို့သော် အဆိုပါ သီးနှံ ၁၄ မျိုးအနက် သီးနှံ ၄ မျိုး၏ MSP ကိုသာ ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းအထက် သတ်မှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့မှာ ဘဂျရာ ၇၇ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၅၉ ရာခိုင်နှုန်း၊ ပြောင်း ၅၄ ရာခိုင်နှုန်း၊ နှင့် မတ်ပဲ ၅၂ ရာခိုင်နှုန်း၊ တို့ဖြစ်ကြောင်း သိရသည်။

သီးနှံရာသီ၏ အဓိကသီးနှံတစ်ခုဖြစ်သော စပါး၏ MSP ကို ၁ ကွင်တယ်လျင် ရူပီး ၁၁၇ သို့ တိုးမြှင့် ပေးလိုက်ခြင်းကြောင့် လယ်သမားများအား အကျိုးအမြတ် ၅၀ ရာခိုင် နှုန်းခံစားနိုင်စေမည်ဖြစ်သည်။ အစိုးရအနေဖြင့် အရန်ဆန်ဝယ်ယူ စုဆောင်းမှုမှာ လိုအပ်သည်ထက် ၄ ဆ ပိုမိုလျက်ရှိ သော်လည်း အဓိကပြည်နယ်များ၌ လွှတ်တော်ရွေး ကောက်ပွဲများမစတင်မီ ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ် ကြောင်း သိရသည်။ ခါရစ်ရာသီတွင် ဇွန်လ၌ စိုက်ပျိုးမှုများ စတင်ဆောင် ရွက်လေ့ရှိပြီး၊ သီးနှံအရောင်းအဝယ်ကိစ္စများကို ယခုနှစ် အောက်တိုဘာ လမှ လာမည့်နှစ် စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

စပါး၏ MSP ကို ရူပီး ၁၁၇ တိုးမြှင့်လိုက်သည့်အတွက် ၁ ကွင်တယ်လျင် ရူပီး ၂၃၀၀ ဖြစ်ကာ A အဆင့် စပါး၏ MSP မှာ ၁ ကွင်တယ်လျင် ရူပီး ၂၃၂၀ ဖြစ်ကြောင်း၊ နှံစားသီးနှံ တစ်မျိုးဖြစ်သောsorghum (jowar) မျိုးစပ်၏ MSP မှာ ရူပီး ၁၉၁ တိုးမြှင့်ကာ ၁ ကွင်တယ်လျင် ရူပီး ၃၃၇၁ သို့ လည်းကောင်း၊ အရည်အသွေးကောင်းသော Maldandi သီးနှံ၏ MSP မှာ ရူပီး ၁၉၆ တိုးမြှင့်ကာ ၁  ကွင်တယ်လျှင် ရူပီး ၃၄၂၁ ဖြစ် ကြောင်း၊ ပုလဲနှံစားသီးနှံ (pearl millet/bajra) သည် ရူပီး ၁၅၂ တိုးမြှင့်ကာ ၁ ကွင်တယ်လျင် ရူပီး ၂၆၂၅ ဖြစ် ကြောင်း၊ finger millet (ragi) သည် ရူပီး ၄၄၄ တိုးမြှင့်ကာ ၁ ကွင်တယ်လျင် ရူပီး ၄၂၉၀ ဖြစ်ကြောင်းနှင့် ပြောင်းသည် ရူပီး ၁၃၅ တိုးမြှင့်ကာ ၁ ကွင်တယ်လျင် ရူပီး ၂၂၂၅ ဖြစ်ကြောင်း  သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို လျှော့ချရန် ပဲစင်းငုံ ၏ MSP ကို ၁ ကွင်တယ် လျှင် ရူပီး ၇၅၅၀ သို့လည်းကောင်း၊ ပဲတီစိမ်း ၏ MSP ကို ရူပီး ၁၂၄ တိုးမြှင့်ခဲ့ပြီး ၁ ကွင်တယ်လျှင် ရူပီး ၈၆၈၂ သို့လည်းကောင်း၊ မတ်ပဲကို ရူပီး ၄၅၀ တိုးမြှင့်ခဲ့ပြီး ၁ ကွင်တယ်လျှင် ရူပီး ၇၄၀၀ သို့လည်းကောင်း အသီးသီးမြှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံကဏ္ဍတွင် မြေပဲ၏ MSP ကို ရူပီး ၄၀၆ တိုးမြှင့်ခဲ့ပြီး တိုးမြှင့်ခဲ့ပြီး ၁ ကွင်တယ်လျှင် ရူပီး ၆၇၈၃ သို့လည်းကောင်း၊ နေကြာစေ့ကို ရူပီး ၅၂၀ တိုးမြှင့်သတ်မှတ်ကာ ၁ ကွင်တယ်လျှင် ရူပီး ၇၂၈၀ သို့လည်းကောင်း၊ ပဲပိစပ် (အဝါ) ကို ရူပီး ၂၉၂ မြှင့်တင်ကာ ၁ ကွင်တယ်လျှင် ရူပီး ၄၈၉၂ သို့လည်းကောင်း၊ နှမ်း ၁ ကွင်တယ်လျှင် ရူပီး ၉၂၆၇ နှင့် ပန်းနှမ်း (nigerseed) ကို ၁ ကွင်တယ်လျှင် ရူပီး ၈၇၁၇ သို့လည်း ကောင်း အသီးသီးတိုးမြှင့်ခဲ့သည်။ ဝါချည် (အလယ်အလတ်) ၏ MSP ကို ၁ ကွင်တယ်လျှင် ရူပီး ၇၁၂၁ သို့လည်းကောင်း၊ ဝါချည် (အရှည်) ၏ MSP ကို ၁ ကွင်တယ်လျှင် ရူပီး ၇၅၂၁ သို့လည်းကောင်း အသီးသီး တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကောင်းထွဋ်အောင် 

The Hindu, Cabinet approves MSP hikes for all 14 kharif season crops for the upcoming 2024-25 season, June 19, 2024