စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၈)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၈)

uni

ကျွန်တော်တို့ မိတ်ဆွေ အာဆီယံနိုင်ငံများထဲက ထိုင်းနိုင်ငံကို ကြည့်ရအောင်ပါ။

ကဆက်ဆပ် စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်သည် ၁၉၄၃-ခုနှစ် (မြန် မာနိုင်ငံထက် ၁၉-နှစ်နောက်ကျပြီးမှ) စိုက်ပျိုးရေးကောလိပ် (Kaset ကထိုင်းဘာသာပြန်လျှင် စိုက်ပျိုးရေးပါ) အဖြစ် စတင်ပေါက်ဖွားလာခဲ့တဲ့ ကောလိပ်ကလေးဟာ ယခုတော့ ထိုင်းနိုင်ငံမှာ၊ အာဆီယံနိုင်ငံများကြားမှာ စိုက်ပျိုးမွေးမြူရေးနှင့် ပတ် သက်၍ အကောင်းဆုံးတက္ကသိုလ်  တွေထဲ မှာပါဝင်နေပါပြီ။

 ၂၀၂၂-ခုနှစ်မှာ စုစုပေါင်းကျောင်း သား ၇၀၀၀၀ ကျော်နှင့် ဝန်ထမ်းဦးရေ ၃၅၀၀ ကျော်က နယ်မြေ (Campus) ပေါင်း ၅-ခု မှာ စိုက်ပျိုး၊မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်း ကျင်နှင့်နှင့် ငါးပုစွန်လုပ်ငန်းကို အဓိကထားသင်ကြားနေပါသည်။ 

ပါမောက္ခချုပ်ရုံးက ဘန်ကင်း နယ်မြေ (Bang Khan Campus) မှာပါ၊ ထိုနယ်မြေတွင် မဟာဌာနပေါင်း ၁၅ ခု (Fifteen Faculties) ရှိပါ သည်။ တက္ကသိုလ် စုစုပေါင်းဧရိယာ ၃၉၇၃-ဟက်တာ (ဧက ၁၀၀၀၀)-နီးပါး (ကျွန်တော်တို့နိုင်ငံက စိုက်ပျိုး ၊မွေးမြူရေး တက္ကသိုလ်များ၏ မြေနေရာနှင့် နှိုင်းယှဉ် ကြည့်နိုင်ပါရန်) တွင် ဘန်ကောက်မြို့ပေါ်ရှိ မူလ ဘန်ကင်းနယ်မြေက ၁၃၆ ဟက်တာ ပဲရှိပါသည်၊  

ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း ခုနှစ်သောင်းကျော် ၊ပါရဂူဘွဲ့ ၁၂၅၀ ကျော်နှင့် မဟာသိပ္ပံ ကျောင်း သား၊ ကျောင်းသူ ၆၇၀၀ ကျော် ပါမောက္ခ ၅၀-ဦး* (*ထိုင်းနိုင်ငံတွင် ပါမောက္ခတစ်ဦး ဖြစ်ဖို့မလွယ်ပါ၊ တစ်နိုင်ငံလုံးပါမှ ပါမောက္ခ ၅၀၀-ပတ်ဝန်းကျင်သာရှိသည်ဟု ကျွန်တော့် မိတ်ဆွေ ပါမောက္ခ ပီယာဆပ် ဆရီနီဗတ်စ် (Professor Dr Peer-sak Srinivas) က ပြောပါသည်၊ သူက အခု ပါမောက္ခဘဝက အငြိမ်း စားယူပြီး အမြင့်ဆုံးအဖွဲ့အစည်း တစ်ခုဖြစ်သော ကဆက်ဆပ်တက္က သိုလ် ကောင်စီ (University Coun-cil  ကျွန်တော်တို့နိုင်ငံတွင်မရှိသေး ပါ) အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်)၊တွဲဖက်ပါမောက္ခ ၅၀၀ ကျော်၊ လက်ထောက်ပါမောက္ခ (Assistant Professor) ၁၀၀၀ ကျော်၊ သင်ကြားရေးနည်းပြ၊ သရုပ် ပြ ၂၀၀၀ ကျော်နှင့် သင်ကြား၊ သုတေသန ပြုလျက်ရှိနေပါသည်*။ 

(က) စိုက်ပျိုးရေးမဟာဌာန   (Faculty of Agriculture)

ဤ မဟာဌာန ကြီးကြပ်မှု အောက်တွင်-

(က-၁) လယ်ယာသီးနှံဌာန (Department of Agronomy)

(က-၂) ဥယျာဉ်ခြံသီးနှံဌာန (Department of Horticulture)

(က-၃)မြေဆီလွာသိပ္ပံဌာန (Department of Soil Science)

(က-၄) စက်မှုလယ်ယာဌာန (Department of Farm Mechanics)

(က-၅) ကိမိလဗေဒဌာန (Department of Entomology) 

(က-၆) အပင်ရောဂါဗေဒဌာန (Department of Plant Pathology)

(က-၇) တောင်သူပညာပေးနှင့်ဆက်သွယ်ရေးဌာန (Department of Agricultural Extension and Communication)

(က-၈) မွေးမြူရေးပညာဌာန (Department of Animal Science) နှင့် 

(က-၉) အိမ်တွင်းမှုစီးပွါးရေးပညာဌာန (Department of Home Economics) တို့ရှိပါသည်။

 (ဤမဟာဌာန ရှိဌာနများက မြန်မာပြည်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နီးပါးရှိပါသည်)၊

ဤမဟာဌာန တစ်ခုတည်းပင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော် မှတ်ပုံတင်၍တက် ရောက်လျှက်ရှိပါသည်။  

စိုက်ပျိုးရေးနှင့် ပတ်သက်နေသော မဟာဌာန နောက် တစ်ခုမှာ 

(ခ) စိုက်ပျိုးရေးနည်းပညာမဟာဌာန (Faculty of Agro-Industry) ဖြစ်ပါသည်။

 ဤမဟာဌာန ကြီးကြပ်မှု အောက်တွင်-

(ခ-၁) စိုက်ပျိုးရေးနည်းပညာဌာန (Department of Agro-Industrial Technology)

(ခ-၂) ဇီဝနည်းပညာဌာန (Department of Bio-technology)

(ခ-၃) အစားအသောက်သိပ္ပံနှင့်နည်းပညာဌာန (Department of Food Science and Technology) 

(ခ-၄) ထုတ်ပိုးမှုနှင့်ထုတ်ပိုးပစ္စည်း နည်းပညာဌာန (Department of Packaging and materials Technology)

(ခ-၅) ထုတ်ကုန်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of Product Development)

(ခ-၆) ချည်ထည်သိပ္ပံပညာဌာန (Department of Textile Science) တို့ဖြစ်ပါသည်။

ဤမဟာဌာနတွင် အပြည်ပြည်ဆိုင်ရာကျောင်းသားများအတွက် စိုက်ပျိုးနည်းပညာ တီထွင်ဖန်တီးမှုဘွဲ့ဒီဂရီ (Agro-Industrial Inno-vation and Technology – International Program)  ပေးနိုင်မှု အစီအစဉ် ရှိပါသည်။ နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်ပါသည်။ ကျောင်းသားပေါင်း ၁၈၀၀ ကျော်တက် ရောက် သင်ကြားလျှက်ရှိပါသည်။

အချို့ဌာနများ ကျွန်တော်တို့နိုင်ငံ စိုက်ပျိုး၊မွေးမြူရေးဆိုင်ရာ တက္က သိုလ် များ တွင် မရှိသေးပါ။ 

(ဂ) စီးပွါးရေးပညာမဟာဌာန (Faculty of Economics)

ဤ မဟာဌာန ကြီးကြပ်မှု အောက်တွင် -

(ဂ-၁) စီးပွါးရေးပညာဌာန (Department of Economics)

(ဂ-၂)  စိုက်ပျိုးရေးနှင့်သဘာဝအရင်းအမြစ်များဆိုင်ရာစီးပွါးရေးပညာဌာန (Department of Agricultural and Resource Economics) ဤဌာနမှ ဒေါက်တာရာဇာဟိန်း၊ ဒေါက် တာမြင့်မြတ်မိုး တို့ ပါရဂူဘွဲ့ ရခဲ့ပါသည်။

(ဂ-၃) သမဝါယမဌာန (Department of Co-operatives)  တို့ဖြစ်ပါသည်။ ကျောင်းသားပေါင်း ၄၀၀၀-နီးပါးတက်ရောက်သင်ကြားလျှက်ရှိပါသည်။

(ဃ) သိပ္ပံမဟာဌာန (Faculty of Science)

ဤ မဟာဌာန ကြီးကြပ်မှု အောက်တွင်-

(ဃ-၁) သင်္ချာဌာန  (Department of Mathematics)

(ဃ-၂) ဓါတုဗေဒဌာန (Department of Chemistry)

(ဃ-၃) အဏုဇီဝဗေဒဌာန (Department of Microbiology)

(ဃ-၄) ဇီဝဓါတုဗေဒဌာန (Department of Biochemistry)

(ဃ-၅) ရုက္ခဗေဒဌာန (Department of Botany)

(ဃ-၆) ရူပဗေဒဌာန (Department of Physics)

(ဃ-၇) ဗီဇဗေဒဌာန (Department of Genetics)

(ဃ-၈) အသုံးချဓါတ်ရောင်ခြည်နှင့်အိုင်ဆိုတုတ်ဌာန (Department of Applied Radiation and Isotopes)

(ဃ-၉) ကွန်ပြူတာသိပ္ပံဌာန (Department of Computer Science) 

(ဃ-၁၀) မြေသယံဇာတဌာန (Department of Earth Sciences - မြေဆီလွှာ (Soil)၊   ပထဝီ (Geography)၊ ဘူမိဗဒ (Geology) တို့ပူးတွဲပါဝင်ပါသည်)။

(ဃ-၁၁) ဓါတ်သတ္တုများဆိုင်ရာသိပ္ပံဌာန (Department of Materials Science)

(ဃ-၁၂) စာရင်းအင်းပညာဌာန (Department of Statistics)

(ဃ-၁၃) သတ္တဗေဒဌာန (Department of Zoology) တို့စုံလင်အောင်ပါဝင်ပါသည်။  

ဤဌာနများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာနှင့် ပတ် ဝန်းကျင်သိပ္ပံ တို့ ကို အထောက်အကူပြု သုတေသနပညာရှင်များက ဘက်ပေါင်းစုံမှထောက်ပံ့ပေးနိုင်ပါသည်။ မြန်မာနိုင်ငံ ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောတက္ကသိုလ်များတွင်အခြေခံသိပ္ပံဌာနငယ်ကလေးများအဖြစ် ပထမနှစ်သင် ကြားရေးလောက်သာ ရှိနေပြီး သု တေသနတွေပါလုပ်နိုင်ပြီး သက်ဆိုင် ရာဘာသာဘွဲ့ပေးနိုင်သည့်  ပါမောက္ခ အဆင့်ဌာနကြီးများ ဆိုလျှင်တော့ အလွန်ကောင်းမွန်ပါလိမ့် မည်။  သိပ္ပံမဟာဌာန အောက်ရှ် တစ်ချို့ဌာနများမှာ စုစုစည်းစည်း ရှိနေရပါမည်။ ကျောင်းသားပေါင်း ၃၅၀၀ ကျော် ပညာ သင်ကြားလျှက်ရှိနေပါသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်နေသော အခြားမဟာဌာနများမှာ-

(င) ငါးလုပ်ငန်းပညာ မဟာဌာန (Faculty of Fisheries)

ဤ မဟာဌာန ကြီးကြပ်မှု အောက်တွင်-

(င-၁) ငါးပုဇွန်မွေးမြူရေးစီမံခန့်ခွဲမှုဌာန (Department of Fishery Management)

(င-၂) ငါး၊ ပုဇွန်ဇီဝဗေဒ ပညာဌာန (Department of Fishery Biology)

(င- ၃) ငါး၊ပုဇွန်ထုတ်ကုန်ဌာန (Department of Fishery Products)

(င-၄) ရေလုပ်ငန်းပညာဌာန (Department of Aquaculture)

(င-၅) အဏ္ဏာဝါသိပ္ပံပညာဌာန (Department of Marine Science) စသည်တို့ဖြစ်ပါသည်။ 

ကျောင်းသား၊သူပေါင်း ၁၃၀၀ ကျော် ပညာသင်ကြား လျှက်ရှိ နေပါသည်။ ကျွန်တော်တို့နိုင်ငံရန်ကုန်တက္က သိုလ်တွင် ငါး၊ ပုစွန်မွေးမြူရေး နှင့်ရေလုပ်ငန်းပညာ ဘွဲ့ကြိုသင် တန်း စတင်ဖွင့်လှစ်ပြီး  ၂၀၂၄-ခုနှစ်တွင်စတုတ္ထနှစ်/နောက်ဆုံးနှစ်တော့  ရောက်နေပြီထင်ပါသည်၊ ဘွဲ့လွန်သုတေသနမှာလည်း ဆရာ၊ ဆရာမ ၄-၅ ဦးခန့်တော့ သုတေသနပြုနေပါပြီ၊ သို့သော် ထိုင်းနိုင်ငံ ကက်ဆာဆပ်တက္ကသိုလ် လောက်တော့ တစ်နေရာတည်းတွင် စုစုစည်းစည်းမရှိသေးပါ။ ငါးလုပ်ငန်းပညာ မဟာဌာနသည် အကြီးကြီးဖြစ်ပါသည်၊ 

(စ) သစ်တောပညာမဟာဌာန (Faculty of Forestry)

ဤ မဟာဌာန ကြီးကြပ်မှု အောက်တွင်

(စ-၁) သစ်တောစီမံအုပ်ချုပ်မှုပညာဌာန (Department of Forest Management)

(စ-၂) သစ်တောဇီဝဗေဒဌာန (Department of Forest Biology)

(စ-၃) သစ်တောအင်ဂျင်နီယာ ပညာဌာန (Department of Forest Engineering)

(စ-၄) သစ်နှင့်သစ်ထွက် ပစ္စည်းဌာန (Department of Forest Products)

(စ-၅) သစ်ပင်၊ သစ်တောများ စိုက်ပျိုးပြုစုရေးပညာဌာန (Department of Silviculture)

(စ-၆) သစ်တောများထိမ်းသိမ်းရေးပညာ ဌာန (Department of Forest Conservation) တို့ဖြစ်ပါသည်။ 

 မြန်မာနိုင်ငံ သစ်တောနှင့် ပတ် ဝန်းကျင်သိပ္ပံတက္ကသိုလ်တွင်ပင် တစ်ချို့ ဘာသာရပ်များဌာန အနေနှင့် မရှိပါ။ တစ်နှစ်လျှင် သစ်တော ကျောင်းသား၊ ကျောင်းသူ ၁၀၀-၁၅၀ ခန့် (တက္ကသိုလ် တစ်ခုလုံး ကျောင်းသား၊ ကျောင်းသူ (စုစုပေါင်း ၅၀၀-၆၀၀ ခန့်) နှင့်ကက်ဆက်ဆပ်တက္ကသိုလ်၏ဘန်ကင်းနယ်မြေတစ်ခုတည်းရှိ သစ်တော ကျောင်းသား၊  ကျောင်းသူများ အရေအတွက်ကို နှိုင်းယှဉ်နိုင်ပါသည်။ ဘန်ကင်းနယ် မြေ တစ်ခုတည်း သစ်တောပညာမဟာဌာန၌ကျောင်းသား၊ ကျောင်း သူ ပေါင်း ၁၆၀၀ ကျော် သင်ကြား၊ သုတေသနပြုလျှက်ရှိပါသည်၊ ကျွန်တော့်မိတ်ဆွေ ထိုတက္ကသိုလ် လက် ရှိ ပါမောက္ခချုပ် ပါမောက္ခ ဒေါက် တာ ချွန်ဂရပ် ဝါချိန်ရတ် (Professor Dr Chongrak Wachrinrat) မှာ သစ်တောသိပ္ပံပညာရှင်ပါ။

(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာမျိုးကြွယ်