မန္တလေးဈေးကွက်

ဆန်နှင့်ဆီ
မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်းတို့မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်၊ နယ်ဝေးတင်ပို့ရမှု မရှိခြင်းကြောင့် ဆောင်းလက်ကျန် နည်းသော်လည်း ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၃၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်
နေသည်။ မနောသုခဆန်ဈေးမှာ နွေစပါးအသစ်နှင့် လက်ကျန်အဟောင်းနှစ်မျိုးလုံး ဝင်ရောက်မှု ရှိပြီး အသစ်တစ်အိတ် ၈၈၀၀၀ကျပ် အဟောင်းတစ်အိတ် ၉၄၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှု ပုံမှန်ရှိနေသည်။
ငစိန်ဆန်မှာ လုပ်ငန်းသမားအဝယ် ပုံမှန်ရှိသော်လည်း နွေစပါးဝင်ချိန်နီးခြင်း၊ တောင်သူထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်သောဆန်ဖြစ်ပြီး ပင်ရင်းဈေးမြင့်ခြင်း၊ မိုးစပါး စတင်စိုက်ပျိုးချိန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၉၂၀၀၀ကျပ်ဖြင့် ၉၆၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန်မှာ အဝင်ပုံမှန် မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် ဆန်အရည်အသွေးပေါ် မူတည်၍ တစ်အိတ် ၁၃၀၀၀၀ကျပ်မှ ၁၅၀၀၀၀ကျပ် ဖြင့်
ရောင်းဝယ်နေသည်။
ဆီဈေးနှုန်းအနေဖြင့် မြေပဲ(လုံးဆံ/ ဆီဆံ) ဈေးမြင့်သဖြင့် စားသုံးဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၃၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်၊ နှမ်းညိုဈေးမြင့်သဖြင့် အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသော နှမ်းဆီများမှာလည်း ၁၂၅၀၀ ကျပ်မှ အရည်အ သွေးပေါ်မူတည်၍ ၁၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ နေကြာဈေး မြင့်သဖြင့် နေကြာဆီမှာလည်း ၁၄၀၀၀ကျပ်သို့ ဈေးမြင့်သွား ပြီး ပဲပုတ်ဆီမှာ
၆၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံ
မြေပဲ (လုံးဆံ/ ဆီဆံ) ဈေးနှုန်းမှာ ဆောင်းလက်ကျန် နည်းခြင်း၊ မိုးပဲစိုက်ပျိုးစ အချိန်ဖြစ်ခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ (လုံးဆံ) တစ်ပိဿာ ၇၃၀၀၀၀ကျပ်မှ ၇၅၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး မြေပဲ (ဆီဆံ) မှာလည်း လက်ကျန်နည်း၊ ဆီစက်သမား အဝယ်ပုံမှန် ရှိကြောင့် ၁၀၀ပိဿာ ၆၉၀၀၀၀ကျပ်မှ ၇၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ နွေနှမ်းအဝင်နည်းသေးခြင်း၊ ဆောင်း နှမ်းလက်ကျန် နည်းခြင်း၊ လုပ်ငန်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ယခင် အပတ် ၄၅ပိဿာ ၃၈၀၀၀၀ကျပ်မှ ၄၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းညိုမှာလည်း အသစ်စတင်ဝင်ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်းကြောင့် အဟောင်း ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၀၅၀၀၀ကျပ်မှ ၃၂၅၀၀၀ကျပ်၊ အသစ် ၃၄၅၀၀၀ကျပ်မှ ၃၅၅၀၀၀ကျပ်သို့ ဈေးမြင့်လာသည်။ နှမ်းနက်(စမုံ)မှာ အသစ်မဝင်သေးခြင်း၊ တရုတ်ဝယ်လက်မရှိခြင်း၊ လုပ်ငန်းသမားအဝယ်နည်း
ခြင်းကြောင့် ၄၅ပိဿာ ၄၂၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ပန်းနှမ်းမှာ လက်ကျန်နည်းသော်လည်း အရောင်းအဝယ်အေးခြင်း ကြောင့် ၄၅ ပိဿာ ၂၀၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
နေကြာဈေးနှုန်းမှာ မိုးနေကြာမဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်းကြောင့် ဆီစက်သမားအဝယ်နည်းသော်လည်း ၂၇ပိဿာ ၁၀၅၀၀၀
ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
ကြက်သွန်နီဈေးနှုန်းအနေဖြင့် မြစ်သား နှင့် မုံရွာ၊ မြင်းမူ၊ ရွှေဘိုနယ်စုံမှ ဝင်ရောက်မှုရှိပြီး မြစ်သားကြက်သွန်(ကြီး) တစ်ပိဿာ ၂၃၀၀ကျပ်မှ ၂၈၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၆၀၀ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ကျပ် ဈေးရှိပြီး၊ နယ်စုံမှ ကြက်သွန်နီကြီးတစ်ပိဿာ ၂၅၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၃၀၀ကျပ်၊ သေးတစ် ပိသာ ၂၂၀၀ကျပ်ဖြင့် ရွှေတော၊ မတ္တရာ၊ လက်ပံလှ၊ စဉ့်ကူးသို့ တင်ပိုရမှုရှိသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်နည်းခြင်း၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၁၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကြက်သွန်ဖြူ(မြန်မာ)မှာ အရည်အသွေး ပေါ်မူတည်၍ အနိမ့်ဆုံး ၁၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၅၀၀၀ကျပ် ဖြင့် မြို့တွင်းသုံးဝယ်ယူမှု ပုံမှန်ရှိနေသည်.
ယခုအပတ်တရုတ်အာလူးများ ဝင်ရောက်မှု မရှိဘဲ အောင်ပန်းအာလူးများ ဝင်ရောက် ပြီး ကြီးတစ်ပိဿာ ၃၀၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၅၀၀ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှု ပုံမှန်ရှိနေသည်။ ချင်းဈေးနှုန်းအနေဖြင့် ဘင်္ဂလား သို့တင်ပို့ရမှု ပုံမှန်ရှိနေခြင်းကြောင့် ပင်ရင်းဈေးမြင့်ခြင်း၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၈၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာငွေဈေးအတက်အကျကြောင့် ရန်ကုန်ဝယ်လက် နည်းသော်လည်း လက်ကျန် နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၃၁၅၀၀၀
ကျပ်မှ ၃၂၅၀၀၀ ကျပ်သို့ ဈေမြင့်သွားသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် တရုတ်ဝယ်လက်နည်းသော်လည်း ဆောင်းလက်ကျန်နည်းပြီး မိုးပဲစိုက်ချိန် ပစ္စည်းကောင်းရှားခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၉၃၀၀၀ ကျပ်
မှ ၂၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲစဉ်းငုံ (ဖြူ/နီ)မှာ လက်ကျန်နည်း၊ ပစ္စည်းရှားခြင်း၊ အရောင်းအ ဝယ်ဖြစ်မှုနည်းခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ပဲစဉ်းငုံ(ဖြူ) ၃ တင်း တစ်အိတ် ၄၁၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ(နီ) ၄၂၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ပဲပုတ် (ရှမ်း/မြန်မာ)မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးစိုက်အတွက် ပြင်ဆင်ချိန်ဖြစ် ခြင်းကြောင့် လုပ်ငန်းသမား၊ ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း ပဲပုတ်(ရှမ်း) ၃ တင်းတစ်အိတ် ၁၉၇၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်၊ ပဲပုတ်(မြန်မာ) ၁၈၅၀၀၀ ကျပ်မှ ၂၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ကုလားပဲဈေးနှုန်းများအနေဖြင့် အဝင်နည်းသွားခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ ခွဲစက်များ၊ လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိခြင်းကြောင့် ကုလားပဲ၊ (ကုဖြူကြီး) ၃တင်းတစ် အိတ် ၂၅၀၀၀၀ ကျပ်မှ ၂၆၀၀၀၀ ကျပ်၊ လုံးဝါကြီး ၂၃၀၀၀၀ ကျပ်မှ ၂၄၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရသဖြင့် ခွဲခြမ်းတစ်ပိဿာ ၅၅၅၀ ကျပ်မှ ၅၉၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲယင်းမှာ အထွက်နည်း၊ အဝင်နည်းခြင်း၊ ပဲယင်းအား ပဲခွဲစက်များနှင့် ကြာဇံသမား အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် အရည် အသွေးအကောင်းဆုံး ၁၅၅၀၀၀ ကျပ်မှ ၁၆၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ မြေထောက်ပဲ မှာလည်း အိန္ဒိယပို့ရန် အဝယ်ရှိခဲ့ခြင်းကြောင့် ပင်ရင်းဈေးမြင့်ကာ အရည်အသွေးပေါ်မူတည် ၍ ၃တင်းတစ်အိတ် ၂၉၀၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ် ဈေးအသီးသီး ရောင်းဝယ်နေသည်။ စားတော်ပဲ(ကျွန်း) အဝင်နည်းသွားခြင်း၊ လက်လီသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၂၇၅၀၀၀ ကျပ်မှ ၂၇၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲကြီး (ကြီး/သေး) မှာ လုပ်ငန်းသမား၊ အဝယ်နည်းခြင်းကြောင့် ပဲကြီး (ကြီး) ၂၉၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်၊ ပဲကြီး (သေး) ၂၃၅၀၀၀ ကျပ်မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ထောပတ်ပဲ (ကြီး/သေး)မှာ ယခင်လက ပြည်ပပို့ရန် အဝယ်များခဲ့ခြင်းကြောင့် ယခုအပတ် အရောင်းအဝယ်အေးသော်လည်း ထောပတ်ပဲ၊(ကြီး/သေး) နှစ်မျိုးလုံး ၄၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်
ဟင်းသီး/ရွက်နှင့်သစ်သီးဝလံ
မန္တလေးကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့တွင် ခရမ်းချဉ် (ရှမ်းတောင်) တစ်မျိုးတည်း သာ ဝင်ရောက်ခြင်း၊ မုံရွာ၊ မိတ္ထီလာ၊ မတ္တရာတို့မှ ထိုင်ဝမ်သီးဗမာသီးများမဝင်သေးခြင်း ရှမ်းတောင် သီးများလည်း အဝင်နည်းခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာလျှင် ၇၅၀၀၀ကျပ် ထိ ဈေးမြင့်နေသည်။ ငရုတ်စို(ရှည်/လတ်)မှာ မုံရွာ၊ ချောင်းဦးမှ အဝင်နည်းသွားပြီး၊ ရွေဘို၊ ရေဦးမှ ဝင်ရောက်လာခြင်း၊ နယ်ဝေးတင်ပို့ရမှု မရှိခြင်း၊ ငပိထောင်း၊ လက်ဖက်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ငရုတ်စို(ရှည်)တစ်ပိဿာ ၃၂၀၀၀ကျပ်၊ လတ်တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပန်းသီးအိတ်စွပ် ၄၅လုံးပါ တစ်ခြင်း ၅၁၀၀၀ကျပ်၊ ပြင်ဦးလွင် နာနတ်သီးအချိုများ အဝင်များပြီး တလုံး၄၀၀ကျပ်၊ သီပေါနာနတ်(အချဉ်)တစ်လုံး ၅၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။
ဖရဲသီး၊ သခွားသီးများအဝင်နည်း၊ အရောင်းအဝယ်နည်းနေသည်။ ရမည်းသင်း၊ မိတ္ထိလာ၊ စပျစ်သီးများ တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စိန်တလုံး သရက်သီး ၅၀လုံးပါတခြင်း ၃၅၀၀၀ကျပ် ရွှေဟင်္သာ ၁၂၀လုံးပါတစ်ခြင်း ၂၅၀၀၀ကျပ်ဈေးရှိပြီး သစ်သီးမျိုးစုံကို အင်းတော်၊ ရွာငံ၊ မိုးကုတ်၊ လားရှိုးနှင့် မန္တလေးဝန်းကျင် အမှာရှိသောမြို့များသို့ တင်ပို့ရမှုရှိ သည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
ဂျုံစိုက်ဧကနည်း၊ အဝင်နည်းသွားခြင်း၊ ဂျုံစက်များ ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ငါန်းဇွန်း၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာ၊ စစ်ကိုင်း၊ ရွေဘို၊ မြို့သာဂျုံများမျာ ယခင်လက ၃တင်းတစ်အိတ် ၁၆၀၀၀၀ကျပ်မှ ယခုလ အရည်အသွေးအကောင်းဆုံး ၂၀၀၀၀၀ကျပ်ထိ ဈေးမြင့်သွားပြီး၊ ကလေးဂျုံတစ်အိတ် ၁၃၀၀၀၀ကျပ်မှ ၁၅၀၀၀၀ကျပ်၊ ရှမ်းဂျုံတစ်အိတ် အရည်သွေးအကောင်းဆုံး၁၄၀၀၀၀ကျပ်မှ ၁၇၀၀၀၀ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။ ဩစတြေးလျဂျုံမှုန့်မှာ လက်ကျန်များဖြစ်၍ တစ်ပိဿာ ၃၃၀၀ကျပ်၊ ဂျုံဖွဲ့တစ်ပိဿာ ၁၃၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် ဆောင်းပြောင်း အဝင်နည်းသွားခြင်း၊ ပြည်ပတင်ပို့ရန် အဝယ်ရှိ၍ ပင်ရင်းဈေးမြင့်ခြင်း၊ အစာစပ်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ်၆၈၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ခင်မေကြည်