စင်ကာပူ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းထုတ်လုပ်မှုအပေါ် စိန်ခေါ်မှုရှိနေ

ပြီးခဲ့သည့်နှစ်က ပြည်တွင်းထုတ်လုပ်မှု ကျဆင်းခဲ့သဖြင့် စင်ကာပူ၏ စားနပ် ရိက္ခာဖူလုံရေး စိန်ခေါ်မှုများ ရှိနေသည်။ ကမ္ဘာ့ကပ်ရောဂါဆက်နွယ်သည့် ကြန့်ကြာမှုများ၊ ငွေကြေးဖောင်းပွမှု၊ စွမ်းအင်ဈေးနှုန်းများ ကြီးမြင့်လာမှု၊ လုပ်ခများ မြင့်တက်လာမှုတို့ကြောင့် ပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းများ
စိန်ခေါ်မှုရှိနေကြောင်း စင်ကာပူ စားနပ်ရိက္ခာအေဂျင်စီက ဆိုသည်။
နိုင်ငံရှိပြည်သူအားလုံးအတွက် ပြည်ပမှတင်သွင်းမှုကို အဓိကအားထားနေရသော စင်ကာပူအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လိုအပ်မည့် စားနပ်ရိက္ခာပမာဏ၏ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ရည်မှန်း၍ ပြည်ပတင်သွင်းမှုကို လျှော့ချဖြတ်တောက်နိုင်ရန်ကြိုးစားလျက်ရှိသည်။
စင်ကာပူအနေဖြင့် ၂၀၂၃ ခုနှစ်တွင် စပိန်မှ ဆိတ်သား၊ အင်ဒိုနီးရှားမှ ကြက်သားအပါအဝင် ဒေသအသီးသီးရှိ နိုင်ငံပေါင်း ၁၈၇ ခုမှ စားနပ်ရိက္ခာများတင်သွင်းခဲ့သည်။ ယမန်နှစ် ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် ဟင်းသီး ဟင်းရွက်နှင့် ပင်လယ်စာတို့ကို ယမန်နှစ် ပြည်တွင်းစားသုံးမှု၏ ၇ ဒသမ ၃ နှင့် ၃ ဒသမ ၂ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ခဲ့သည်။ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီက စားသုံးသူ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းများ၏ စီးပွားရေးဆောင်ရွက်နိုင်မှုကို သေချာစေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
TTP