တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများကြား သစ်သီးဝလံရောင်းဝယ်မှု တိုးတက်လာ

တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများကြား သစ်သီးဝလံရောင်းဝယ်မှု တိုးတက်လာ

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံ တင်သွင်းမှုပမာဏ သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၈ဘီလီယံရှိပြီး နိုင်ငံ၏ သစ်သီးတင်သွင်းမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း ကွမ်ကျိုးမြို့တွင် မေ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် သစ်သီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားစီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဗဟိုဌာန၏ အကြီးအကဲ Guo Libin က ပြောကြားခဲ့ကြောင်း သိရှိရသည်။

မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်း သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လောင်ဂန်သီး၊ မင်းဂွတ်သီး၊ အုန်းသီးနှင့် အခြားအသီးအနှံများသည် တရုတ် စားသုံး သူများကြားတွင် ရေပန်းစားလျက်ရှိကြောင်း၊ အလားတူ တရုတ်ဆီးသီး၊ တည်သီး၊ သစ်တော်သီး၊ သလဲသီးနှင့် သခွားမွှေးသီးများသည် အရှေ့တောင်အာရှ ဈေးကွက်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

 ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးနောက် တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုသည် ပိုမိုနက်ရှိုင်းလာကာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင် လယ် ယာထွက်ကုန်များ ကုန်သွယ်မှုမှာ အဆက်မပြတ်တိုးတက်လာသည်ဟု Guo မှ ပြောကြား ခဲ့သည်။ တရုတ်-လာအိုရထားလမ်းကြောင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ သစ် သီးဝလံများသည် တရုတ်နိုင်ငံသို့ လျင်မြန်စွာ ရောက်ရှိနိုင်ပြီး စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်လာစေ ကြောင်း Guo က ပြောကြားခဲ့ကြောင်း သိရှိရသည်။                                                       

ကေခိုင်ကျော်

https://english.news.cn/20240511/3cc4ef5cd7d046eeab339add204033b5/c.html