၂၀၂၅ မတ်လအထိ ပဲစင်းငုံ နှင့် မတ်ပဲ တင်သွင်းမှုအပေါ် ကန့်သတ်ချက်ရှိမည်မဟုတ်ကြောင်း အိန္ဒိယ ထုတ်ပြန်

ပြည်တွင်းရောင်းလိုအား မြှင့်တင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် အိန္ဒိယအစိုးရ၊ နိုင်ငံခြားကုန်သွယ်မှု အထွေထွေညွှန်ကြားမှု ဦးစီးဌာန (DGFT) က မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ် လပ်စွာ တင်သွင်းခွင့်မူဝါဒကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်သည်” ဟု ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင် အဆိုပါ ပဲမျိုးစုံအတွက် လွတ်လပ်စွာ တင်သွင်းခွင့်မူဝါဒမှာ ၂၀၂၄ ခုနှစ် မတ်လ တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း ယခုထုတ်ပြန်ချက်ကြောင့် ပဲစင်းငုံနှင့် မတ်ပဲတင်သွင်း မှုကို လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် ကုန်စည်အုပ်စု အနေဖြင့် ဆက်လက်ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော ပဲစင်းငုံနှင့် မတ်ပဲများအတွက် ဈေးကွက် အခွင့်အလမ်းများ ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
မျိုးမြင့်မောင်