စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၄ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တွင် ရတနာတန်းဝင် ကျွန်းပင် (၅၁၀) စိုက်ပျိုး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို ဇွန်လ(၂၀) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည် ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးဗိုလ်ဗိုလ်ကျော် နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင် ကျွန်းပင် (၅၁၀)ကို စိုက်ပျိုးခဲ့ကြသည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြသည်။
အလားတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကို စိုက်ပျိုးရေးဦးစီးဌာန က စိုက်ပျိုးရေး သိပ္ပံကျောင်း(ပျဉ်းမနား) တွင် လည်းကောင်း ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ငလိုက်ရေလှောင်တမံတွင်လည်းကောင်း ဦးစီးဌာနအလိုက် ဆောင်ရွက် ခဲ့ကြ ကြောင်း၊ ယမန်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သော နှစ်ရှည် သီးပင် စားပင်များ၊ အရိပ်ရပင်များအား ဌာနအလိုက်ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ၈၀ ရာခိုင်နှုန်းခန့် မှာ ကောင်းစွာရှင်သန်လျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့သော အပင်များနေရာတွင် အစားထိုးစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။