ရုရှား GDP ၃ ဒသမ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သမ္မတပူတင် ပြောကြား

ရုရှား GDP ၃ ဒသမ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သမ္မတပူတင် ပြောကြား

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာအထိ ၁၀ လတာကာလအတွင်း ၃ ဒသမ၂ ရာခိုင်နှုန်း တိုးလာ ခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု မတိုင်မီကထက် ပိုမိုများပြားနေပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ယခုနှစ်ကုန်တွင် GDP သည် အနည်းဆုံး ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က VTB ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။

ရုရှားသည် ဥရောပတွင် အကြီးဆုံးစီးပွားရေးဖြစ်ပြီး တိုးတက်မှုနှုန်းအရ ယခုအခါ ဥရောပ သမဂ္ဂ(EU)၏ ထိပ်တန်းနိုင်ငံအားလုံးထက် ကျော်လွန်နေပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်ကို မည်သူမျှ ရပ်တန့်ခြင်း၊ နှောင့်နှေးခြင်း မပြုလုပ်နိုင်ကြောင်း၊ စားသုံးသူဈေး ကွက်တွင် ၎င်းတို့သည် ကန့်သတ်ထားသော ဝန်ဆောင်မှုများနှင့် တံဆိပ်များကို တဖြည်းဖြည်း စွန့် လွှတ်နေကြောင်း သမ္မတက ဖြည့်စွက်ပြောကြားသည်။

ရုရှား၏ စက်မှုလုပ်ငန်းသည် ပြင်ပဖိအားကို ကောင်းမွန်စွာတုံ့ပြန်လျက်ရှိကြောင်း၊ စီးပွားရေး တည်ငြိမ်မှု၏ နောက်ထပ်အချက် တစ်ချက်မှာ အလုပ်လက်မဲ့နှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က အစောပိုင်းတွင် ပြောကြားခဲ့သည်။
 

ခွန်မျိုးသူ

Source :    https://tass.ru/ekonomika/19480741