လာမည့်( ၅ )နှစ်အတွင်း ငှက်ပျောသီးတင်ပို့မှုမှ ဒေါ်လာ (၁)ဘီလီယံအထိရရှိရန် အိန္ဒိယမျှော်မှန်း

လာမည့်( ၅ )နှစ်အတွင်း ငှက်ပျောသီးတင်ပို့မှုမှ ဒေါ်လာ (၁)ဘီလီယံအထိရရှိရန် အိန္ဒိယမျှော်မှန်း

အိန္ဒိယသည် အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ ကမ္ဘာလုံးဆိုင်ရာ ငှက်ပျောဈေးကွက် အဓိက အလားအလာကောင်းသည့် နိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဂျာမနီ၊ တရုတ်၊ နယ်သာလန်၊ အင်္ဂလန် နှင့် ပြင်သစ်တို့ကဲ့သို့သော နိုင်ငံများသို့ ချဲ့ထွင်ပို့ဆောင်လျက်ရှိသည်။

အိန္ဒိယတွင် ငှက်ပျောသီး ထုပ်ပိုးပြင်ဆင်သည့်လုပ်ငန်းကို Tamil Nadu ပြည်နယ်၊ Theni ခရိုင်ရှိ Chinnamanur မြို့အနီးတွင် လုပ်ကိုင်ကြသည်။ ငှက်ပျောသီး လတ်လတ်ဆတ်ဆတ်များကို နယ်သာလန်သို့ ပင်လယ်ရေကြောင်းလမ်းဖြင့် အောင်မြင်စွာ စမ်းသပ်တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခုအခါ လာမည့်(၅)နှစ်အတွင်း အဆိုပါသစ်သီးတင်ပို့မှုအား ကန်ဒေါ်လာ (၁)ဘီလီယံ အထိ တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံမှသစ်သီးဝလံအများစုကို လေကြောင်းလမ်းဖြင့်သာ တင်ပို့လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရင့်မှည့်ချိန်ကွာခြားခြင်းနှင့် ထွက်ရှိမှုပမာဏ နည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ပမာဏတိုးမြှင့်ရန်အတွက် အိန္ဒိယသည် ငှက်ပျောသီး၊ သရက်သီး၊ သလဲသီးနှင့် ပိန္နဲသီးကဲ့သို့သော လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အတွက် ပင်လယ်ရေကြောင်းသဘောတူညှိနှိုင်းချက်များကို ဖော်ဆောင်လျက်ရှိပါသည်။

အဆိုပါညှိနှိုင်းချက်များတွင် ပင်လယ်ရေကြောင်းခရီးရှည်ကာလ သဘောတူညီမှု၊ အဆိုပါ သစ်သီးများ၏ ရင့်မှည့်ခြင်းကို သိပ္ပံနည်းကျသဘောတူညီမှု၊ သီးခြားအချိန်တစ်ခုတွင် ရိတ်သိမ်းခြင်း နှင့် လယ်သမားများကို လေ့ကျင့်ပေးခြင်းသဘောတူညီမှုတို့ ပါဝင်သည်။ အဆိုပါညှိနှိုင်းချက်များသည် မတူညီသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအတွက် ကွဲပြားမှုရှိမည်ဖြစ်သည်။
စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များအတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့ (APEDA)သည် အခြားသော သက်ဆိုင်သူများနှင့်အတူ ငှက်ပျောသီးအတွက် အဆိုပါညှိနှိုင်းချက် များကို အကောင်အထည်ဖော်ခဲ့သည်။ APEDA အဖွဲ့သည် စီးပွားရေးဝန်ကြီးဌာန၏ ရုံးခွဲဖြစ်သည်။

စမ်းသပ်တင်ပို့မှုသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါ သင်္ဘောကို Maharashtra ပြည်နယ် Baramati မြို့မှ တင်ပို့ခဲ့ခြင်း ဖြစ် သည်။ အိန္ဒိယသည် အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ ကမ္ဘာလုံးဆိုင်ရာ ငှက်ပျောဈေးကွက် အဓိကအလားအလာကောင်းသည့် နိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဂျာမနီ၊ တရုတ်၊ နယ်သာလန်၊ အင်္ဂလန် နှင့် ပြင်သစ်တို့ကဲ့သို့သော နိုင်ငံများသို့ ချဲ့ထွင်ပို့ဆောင်လျက် ရှိပါသည်။အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ငှက်ပျောထုတ်လုပ်သူဖြစ်သော်လည်း ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယ၏ ပို့ကုန်ဝေစုသည် လက်ရှိတွင် (၁%)သာ ရှိသေးသည်။ အိန္ဒိယသည် ကမ္ဘာ့ငှက်ပျော ထုတ်လုပ်မှု၏ (၂၆.၄၅%)ထုတ်လုပ်လျက်ရှိပြီး ကမ္ဘာ့ငှက်ပျောသီး တန်ချိန်(၃၅.၃၆)သန်း ထုတ်လုပ် လျက်ရှိပါသည်။ 

၂၀၂၂-၂၀၂၃ ခုနှစ်တွင် အိန္ဒိယသည် ငှက်ပျောသီးစုစုပေါင်း ၀ ဒသမ ၃၆ မက်ထရစ်တန်၊ တန်ဘိုး အနေဖြင့် အမေရိကန်ဒေါ်လာ (၁၇၆) သန်းတန်ဖိုး တင်ပို့ခဲ့ပါသည်။ ငှက်ပျောသီး အဓိက ထုတ် လုပ်သော ပြည်နယ်များမှာ Andhra Pradesh၊ Maharashtra၊ Karnataka၊ Tamil Nadu နှင့် Uttar Pradesh တို့ဖြစ်သည်။ ငှက်ပျောသီးတင်ပို့မှုအတွက် ကြီးမားသော ပို့ကုန်အလားအလာသည် Andhra Pradesh ပြည်နယ်တွင်ရှိနေကြောင်း စိုက်ပျိုးရေးစီးပွားရေးဆိုင်ရာ လက်ထောက်ပါမောက္ခ Chirala Shankar Rao က ပြောကြားသည်။

အခြား သစ်သီးဝလံများအတွက် B2B ပြပွဲများ နှင့် ပင်လယ်ရေကြောင်း သဘောတူ ညှိနှိုင်းချက်မြှင့်တင်ရေးအပါအဝင် APEDA ၏ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်မှုများသည် အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုကို မြှင့်တင်ရန် အပြုသဘောဆောင်သော ချဉ်းကပ်မှုကို မီးမောင်းထိုးပြခဲ့ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့ပါကြောင်း (၂၇.၁၂.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Hindu ကွန်ရက်ဆောင်းပါးအရသိရှိရသည်။
 

မြတ်ဖူးငုံဦး